عَنْ أَبِي مُوسَى رَضيَ اللهُ عنه عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«مَثَلُ مَا بَعَثَنِي اللَّهُ بِهِ مِنَ الهُدَى وَالعِلْمِ كَمَثَلِ الغَيْثِ الكَثِيرِ أَصَابَ أَرْضًا، فَكَانَ مِنْهَا نَقِيَّةٌ، قَبِلَتِ المَاءَ، فَأَنْبَتَتِ الكَلَأَ وَالعُشْبَ الكَثِيرَ، وَكَانَتْ مِنْهَا أَجَادِبُ، أَمْسَكَتِ المَاءَ، فَنَفَعَ اللَّهُ بِهَا النَّاسَ، فَشَرِبُوا وَسَقَوْا وَزَرَعُوا، وَأَصَابَتْ مِنْهَا طَائِفَةً أُخْرَى، إِنَّمَا هِيَ قِيعَانٌ لاَ تُمْسِكُ مَاءً وَلاَ تُنْبِتُ كَلَأً، فَذَلِكَ مَثَلُ مَنْ فَقُهَ فِي دِينِ اللَّهِ وَنَفَعَهُ مَا بَعَثَنِي اللَّهُ بِهِ، فَعَلِمَ وَعَلَّمَ، وَمَثَلُ مَنْ لَمْ يَرْفَعْ بِذَلِكَ رَأْسًا، وَلَمْ يَقْبَلْ هُدَى اللَّهِ الَّذِي أُرْسِلْتُ بِهِ».
[صحيح] - [متفق عليه] - [صحيح البخاري: 79]
المزيــد ...
အဘူမူစာအရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အလ္လာဟ်အရှင်မြတ်က ငါကိုယ်တော်အား ပေးအပ်စေလွှတ်တော်မူခဲ့သော လမ်းညွှန်တရားနှင့် အသိပညာသည် များပြားလှစွာသော မိုးရေ၏ပမာနှင့် တူသည်။ ထိုမိုးရေသည် မြေကြီးပေါ်ကျရောက်၏။ ထိုမြေကြီး၏ မြေအမျိုးစားတစ်ခုသည် မြေသြဇာကောင်းမွန်၍ ထိုမိုးရေကို လက်ခံစုပ်ယူကာ ပေါင်းပင်နှင့် မြက်ပင်များစွာကို ပေါက်ရောက်စေသည်။ ထိုမြေကြီး၏ အခြားမြေအမျိုးစားတစ်ခုမှာ မာကျောသောမြေပြင်များဖြစ်၏။ ထိုမြေပြင်များသည်(မိမိ၏ ချိုင့်ခွက်များထဲတွင်) မိုးရေကို သိုလှောင်ထားနိုင်သည်။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် ထိုမာကျောသောမြေဖြင့် လူသားတို့အား အကျိုးခံစားစေတော်မူသည်။ လူတိူ့သည် ယင်းရေကို သောက်သုံးကြ၏၊ (တိရစ္ဆာန်များကို) တိုက်ကျွေးကြ၏၊ စိုက်ပျိုးရေးလုပ်ငန်းများကို ပြုလုပ်ကြ၏။
ထိုမိုးရေသည် (တတိယ) အခြားမြေအမျိုးအစားတစ်ခုပေါ်၌လည်း ကျရောက်ပြန်ရာ၊ ယင်းမြေသည် ညီညာပြန့်ပြူး၍ မာကျောသော လွင်တီးခေါင်ပြင်ဖြစ်ပြီး မိုးရေကို သိုလှောင်ထားနိုင်စွမ်းလည်းမရှိ၊ မြက်ပင်ကိုလည်း မပေါက်ရောက်စေနိုင်ပေ။ ဤသည်ကား အလ္လာဟ်အရှင်မြတ်၏ ဒီန်သာသနာနှင့် ပတ်သတ်၍ သိနားလည်သူ၊ အလ္လာဟ်အရှင်မြတ်က ငါကိုယ်တော်အား ပေးအပ်စေလွှတ်တော်မူခဲ့သော လမ်းညွှန်တရားသည် ၎င်းအား အကျိုးဖြစ်ထွန်းစေခဲ့သည်။ သို့ဖြစ်ရာ ၎င်းသည် ကိုယ်တိုင် သိရှိနားလည်ပြီး အခြားသူများကိုလည်း သင်ကြားပြသပေးသူ၏ ဥပမာပင်ဖြစ်၏။ အခြား (မိုးရေကို လက်မခံသည့် မြေမာ၏) ပမာမာ ဒီန်သာသနာနှင့်ပတ်သတ်၍ ခေါင်းတောင်မော်မကြည့်( အလေးမထား) သည့်အပြင် အလ္လာဟ်အရှင်မြတ်က ငါကိုယ်တော်အား ပေးအပ်စေလွှတ်တော်မူခဲ့သော လမ်းညွှန်တရားကိုလည်း လက်မခံသူ၏ ဥပမာဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 79]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိယူဆောင်လာသော လမ်းညွှန်ချက်နှင့် ရည်မှန်းချက်သို့ ရောက်ရှိစေသည့် လမ်းကြောင်းနှင့် သာသနာ့ပညာရပ်တို့မှ မည်သူက အကျိုးခံစားရသည်ကို မိုးသည်းထန်စွာ ရွာသွန်းသော မိုးရေကို ရရှိသည့် မြေကြီးနှင့် အံ့ဩဖွယ်ရာ နှိုင်းယှဉ်မိန့်ကြားခဲ့သည်။ ထိုမြေကြီးသည် အမျိုးအစား သုံးမျိုးရှိသည်။ ပထမအမျိုးအစား - ထိုမြေကြီးသည် ကောင်းမွန်သောမြေဖြစ်ပြီး မိုးရေကို လက်ခံစုပ်ယူကာ စိုစွတ်သော အပင်၊ ခြောက်သွေ့သော အပင် အမျိုးမျိုးကို ပေါက်ရောက်စေသည်။ လူတို့သည် ထိုအပင်များမှ အကျိုးခံစားရရှိကြသည်။ ဒုတိယအမျိုးအစား - ထိုမြေကြီးသည် မိုးရေကိုသာ သိ လှောင်ထားနိုင်ပြီး အပင်ပေါက်ရောက်စေနိုင်ခြင်း မရှိပေ။ သို့သော် ထိုမြေကြီးသည် လူတို့အကျိုးခံစားရရှိနိုင်ရန် ရေကို သိုလှောင်ထိန်းသိမ်းပေးထားသည်။သို့ဖြစ်ရာ လူတိူ့သည် ယင်းရေကို သောက်သုံးကြ၏၊ တိရစ္ဆာန်များကို တိုက်ကျွေးကြ၏၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် ရေသွင်းစိုက်ပျိုးကြ၏။ တတိယအမျိုးအစား - ပြန့်ပြူးပြီး ချောမွတ်သောလွင်တီးခေါင်မြေဖြစ်ပြီး ရေကို သိုလှောင်ထိန်းသိမ်းနိုင်ခြင်းမရှိသလို အပင်လည်း မပေါက်ရောက်စေနိုင်ပေ။ ထိုမြေကိုယ်တိုင်လည်း မိုးရေမှ အကျိုးမခံစားသလို၊ လူတို့လည်း ထိုမြေမှ အကျိုးမခံစားရပေ။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ပေးအပ် စေလွှတော်မူခြင်းခံရသော အသိပညာနှင့်တရားလမ်းညွှန်ချက်များကို ကြားနာသူများသည်လည်း ထိုနည်းတူပင်ဖြစ်သည်။ ပထမအမျိုးအစား - အလ္လာဟ်အရှင်မြတ်၏ ဒီန်သာသနာကို နားလည်သဘောပေါက်သော၊ ဗဟုသုတရှိသော သူတစ်ဦးဖြစ်သည်။ ထိုသူသည် မိမိသိရှိထားသော အသိပညာကို ကျင့်မူဆောင်ရွက်သူဖြစ်ပြီး အခြားသူများကိုလည်း သင်ကြားပြသပေးသူဖြစ်သည်။ ထိုသူသည် ကောင်းမွန်သော မြေကြီးနှင့် တူညီသည်။ ထိုမြေကြီးသည် မိုးရေကို စုပ်ယူပြီး မိမိကိုယ်တိုင်လည်း အကျိုးခံစားရပြီး၊ အပင်များ ပေါက်ရောက်စေကာ အခြားအရာများအတွက်လည်း အကျိုးဖြစ်ထွန်းစေသည်။ ဒုတိယအမျိုးအစားမှာ - အသိပညာကို ထိန်းသိမ်း မှတ်သားထားသူ ဖြစ်သော်လည်း ဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်၍ သိမြင်နားလည်မှု မရှိသူဖြစ်သည်။ ထိုသူသည် အသိပညာကို စုဆောင်းသူသာ ဖြစ်ပြီး ထိုအပေါ်၌သာ သူ၏အချိန်ကုန်လွန်သည်။ သို့သော် သူသည် အပိုဝတ်ပြုမှုများကို မပြုလုပ်ခဲ့၊ သို့မဟုတ် သူစုဆောင်းထားသော အသိပညာကို နားလည်သဘောပေါက်ခြင်း မရှိခဲ့ပေ။ ထိုသူသည် အခြားသူများအတွက် ကြားခံကိရိယာတစ်ခုသဖွယ် ဖြစ်ပြီး ရေကိုသိုလှောင်ထားသော မြေကြီးနှင့်တူ၏။ ထိုရေဖြင့် လူတို့သည် အကျိုးခံစားရရှိကြသည်။ တတိယအမျိုးအစား - အသိပညာကို ကြားနာသော်လည်း မှတ်သားခြင်း၊ ကျင့်မူဆောင်ရွက်ခြင်း သို့မဟုတ် အခြားသူများအား မျှဝေပေးခြင်း မရှိသူဖြစ်သည်။ ထိုသူသည် ဆားငံမြေ သို့မဟုတ် ပြောင်ချောသောမြေကြီးနှင့် တူညီသည်။ ထိုမြေတွင် အပင်ပေါက်ရောက်ခြင်းမရှိ၊ ရေကို စုပ်ယူထိန်းသိမ်းနိုင်ခြင်းလည်းမရှိ သို့မဟုတ် အခြားသူများအတွက် ရေကို ပျက်စီးယိုယွင်းစေနိုင်သည်။