عن أبي عبد الرحمن السُّلمي قال: حدثنا مَن كان يُقرئنا من أصحاب النبي صلى الله عليه وسلم أنهم كانوا يقترئون من رسول الله صلى الله عليه وسلم عشر آيات، فلا يأخذون في العشر الأخرى حتى يعلموا ما في هذه من العلم والعمل، قالوا: فعلمنا العلم والعمل.
[حسن] - [رواه أحمد]
المزيــد ...

အဗူအဗ်ဒိရ်ရဟ်မာန် အတ်စ်စုလမီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အဆ်ွဟာဗ်တော်များအနက်ကျွန်ုပ်တို့အား ကုရ်အာန်ကျမ်းမြတ်ကို ဖတ်ကြား(သင်)ပြခဲ့သည့်သူများက ကျွန်ုပ်တို့အား ဆင့်ပြန်ပြောကြားခဲ့သည်။ ဧကန်အမှန် ၎င်းတို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ အာယာသ်တော်ဆယ်ပိုဒ်ကို နားထောင်ပြီးနောက် ထိုအာယသ်တော်များတွင်ပါရှိသည့် ‘အိလ်မ်’အသိပညာနှင့် အမလ်ကျင့်ဆောင်မှုများကို မသင်ယူမချင်း နောက်ထပ်အာယာသ်တော်ဆယ်ပိုဒ်ကို သင်ယူခြင်းမရှိခဲ့ပေ။ သာဝကကြီးများက ကျွန်တော်တို့သည် ‘အိလ်မ်’အသိပညာနှင့် အမလ်ကျင့်ဆောင်မှုများကို သင်ယူခဲ့ကြသည်ဟု ပြောကြားခဲ့ကြသည်။
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။ - အိမာမ် အဟ်မဒ် ဆင့်ပြန်ခဲ့သည်။

ရှင်းလင်းချက်

ဆွဟာဗဟ်(ရဿွိယလ္လာဟုအန်ဟုမ်)တို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ခေတ်သမယတွင် ကုရ်အာန်ကျမ်းမြတ်၏အာယသ်တော်ဆယ်ပိုဒ်စီအား ဖတ်ရွတ်လေ့ရှိခဲ့ကြသည်။ ၎င်းတို့သည်ကိုယ်တော်မြတ်ထံမှ ထိုအာယသ်တော်များကို ကြားနာပြီးနောက် ပထမအာယသ်တော်ဆယ်ပိုဒ်တွင်ပါရှိသည့် မစာအိလ်ဆိုင်ရာ သဘောတရားများ၊ ယုံကြည်ချက်ဆိုင်ရာ ‘အိလ်မ်’ အသိပညာနှင့်အမလ်ကျင့်ဆောင်မှုနှင့် သက်ဆိုင်သည့် ခဝပ်ကိုးကွယ်မှုကဏ္ဍ၊ အပေးအယူကဏ္ဍများနှင့် အခြားကဏ္ဍများကို လက်တွေ့အကောင်အထည်ဖော် ကျင့်သုံးခြင်းမပြုဘဲ နောက်ထပ်အာယသ်တော်ဆယ်ပိုဒ်ကို သင်ယူခြင်းမရှိပေ။ သာဝကကြီးများသည် မိမိတို့သင်ယူလိုက်သည့်အရာများကို နှောက်နှေးခြင်းမရှိဘဲ ချက်ချင်းလိုက်နာကျင့်သုံးလေ့ရှိကြသည်။

ဘာသာပြန်: အင်္ဂလိပ်
ဘာသာပြန်များကို ကြည့်ရှုရန်

من فوائد الحديث

  1. ဆွဟာဗဟ်(ရဿွိယလ္လာဟုအန်ဟုမ်)တို့၏ ထွတ်မြတ်မှုနှင့် ကုရ်အာန်ကျမ်းမြတ်ကိုသင်ယူလေ့လာရန် စိတ်အားထက်သန်မှုတို့ကိုဖော်ပြထားသည်။
  2. ကုရ်အာန်ကျမ်းတော်မြတ်ကို သင်ယူခြင်းဟူသည် အလွတ်ကျက်ရုံသက်သက်မဟုတ်ဘဲ အလွတ်ကျက်မှတ်ခြင်းကို အလေးထားခြင်းနှင့်အတူ ကုရ်အာန်၌ပါရှိသည့် အသိပညာများကို သင်ယူကာ လက်တွေ့လိုက်နာကျင့်သုံးခြင်းပင်ဖြစ်သည်။
  3. ဆွဟာဗဟ်(ရဿွိယလ္လာဟုအန်ဟုမ်) တို့သည် အခြားသူများထက် ပို၍မွန်မြတ်ကြောင်း ဤဟဒီးဆ်တော်က ညွှန်ပြနေသည်။ ၎င်းတို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ ကုရ်အာန်ကျမ်းတော်မြတ်နှင့်အခြားသောအသိပညာရပ်များကို သင်ယူခဲ့ကြပြီး ကိုယ်တော်နှင့်အတူနေထိုင်ကာ ကိုယ်တော်နှင့်အတူ‘ဂျိဟာဒ်’လုပ်ခဲ့ကြသည်။ အလ္လာဟ်အရှင်မြတ်သည် ဆွဟာဗဟ်(ရဿွိယလ္လာဟုအန်ဟုမ်)တို့အား ထိုအတွက်ပင် ရွေးချယ်တော်မူခဲ့ခြင်းဖြစ်သည်။
ထပ်၍