عَنْ أَبِي هُرَيْرَةَ رضي الله عنه أَنَّ رَسُولَ اللهِ صلى الله عليه وسلم قَالَ:
«إِذَا مَاتَ الْإِنْسَانُ انْقَطَعَ عَنْهُ عَمَلُهُ إِلَّا مِنْ ثَلَاثَةٍ: إِلَّا مِنْ صَدَقَةٍ جَارِيَةٍ، أَوْ عِلْمٍ يُنْتَفَعُ بِهِ، أَوْ وَلَدٍ صَالِحٍ يَدْعُو لَهُ».
[صحيح] - [رواه مسلم] - [صحيح مسلم: 1631]
المزيــد ...
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည် - လူသားတစ်ဦး ကွယ်လွန်သောအခါ (၃) ခုသောအရာမှလွဲ၍ ၎င်း၏အမလ်ကျင့်ဆောင်မှုသည် ၎င်းထံမှ ရပ်တန့်သွားသည်။ (၁) အကျိုးစဝါးဗ်မပြတ်တမ်းရရှိနေသော အလှူဒါန (၂) လူတို့အကျိုးခံစားရသော ပညာ (၃) မိမိအတွက် ဒုအာပြုပေးသော ကောင်းမွန်သည့် သားသမီး ဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 1631]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က လူသားသည် ကွယ်လွန်သွားသည့်အခါ ၎င်း၏အမလ်ကျင့်ဆောင်မှုများ ရပ်တန့်သွားကြောင်း မိန့်ကြားတော်မူခဲ့သည်။ ၎င်းသေဆုံးကွယ်လွန်ပြီးနောက် သူ့အဖို့ ကောင်းမှုများသည် အောက်ပါအရာ (၃) ခုမှလွဲ၍ ရပ်တန့်သွားသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအရာများ၏ အကြောင်းခံသည် ၎င်းကိုယ်တိုင်ဖြစ်သောကြောင့်ပင်ဖြစ်သည်။ ထိုအရာ (၃) ခုမှာ အောက်ပါအတိုင်းဖြစ်သည်-
၁။ အကျိုးစဝါးဗ်မပြတ်တမ်းအမြဲတစေရရှိနေမည့်အလှူဒါန - ဥပမာ - ဝကဖ် (မြေ၊ နေရာ၊ ပစ္စည်းစသည်တို့ကို သတ်မှတ်လှူဒါန်းခြင်း) ပြုလုပ်ခြင်း၊ ဗလီဝတ်ကျောင်းတော် တည်ဆောက်ခြင်းနှင့် ရေတွင်းတူးခြင်းစသည်တို့ဖြစ်သည်။
၂။ လူတို့ အကျိုးခံစားရသော ပညာ - ဥပမာ - ပညာရပ်ဆိုင်ရာ စာအုပ်များ ပြုစုရေးသားခြင်းနှင့် တစ်ဦးတစ်ယောက်ကို ပညာတတ်မြောက်အောင် သင်ကြားပေးခြင်းတို့ဖြစ်ပြီး ထိုသူသည် ၎င်းကွယ်လွန်ပြီးနောက်ပိုင်းတွင်လည်း ထိုပညာဖြန့်ဝေရေးလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လေသည်။
၃။ကောင်းမွန်သော အီမာန်ရှင်သားသမီးများသည် မိမိတို့၏ မိဘများအတွက် ဒုအာပြုပေးကြသည်။