عَنِ ابْنِ عَبَّاسٍ رَضيَ اللهُ عنهُما قَالَ: قَالَ رَسُولُ اللهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ:
«البَسُوا مِنْ ثِيَابِكُمُ البَيَاضَ، فَإِنَّهَا مِنْ خَيْرِ ثِيَابِكُمْ، وَكَفِّنُوا فِيهَا مَوْتَاكُمْ».

[صحيح] - [رواه أبو داود والترمذي وابن ماجه] - [سنن الترمذي: 994]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အသင်တို့၏အဝတ်များအနက် အဖြူရောင်ကို ဝတ်ဆင်ကြလော့။ အဘယ်ကြောင့်ဆို‌သော် ၎င်းသည် အသင်တို့၏ အကောင်းဆုံးအ ဝတ်များထဲမှတစ်ခုဖြစ်၏။ ထို့ပြင် သင်တို့၏ ကွယ်လွန်သေဆုံးသူများကို ၎င်းအဖြူရောင်အဝတ်ဖြင့် ကဖန်ထုပ်ကြလော့။

[صحيح] - [رواه أبو داود والترمذي وابن ماجه] - [سنن الترمذي - 994]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အမျိုး သားများအား အဖြူရောင်အဝတ်များဝတ်ဆင်ရန်နှင့် သေဆုံးသူများကို အဖြူရောင်အဝတ်စဖြင့် ကဖန်ထုပ်ပေးရန် လမ်းညွှန်ထား သည်။ အကြောင်းမှာ အဖြူရောင်သည် အဝတ်များတွင် အ ကောင်းဆုံးဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အဖြူရောင်အဝတ်ကို ဝတ်ဆင်ခြင်းသည် မုစ်သဟဗ် ဖြစ်ပြီး အခြားအရောင်များကိုလည်း ဝတ်ဆင်ခွင့်ရှိသည်။
  2. သေဆုံးသူများကို အဖြူရောင်ဖြင့် ကဖန်ထုပ်ပေးခြင်းသည် မုစ်သဟဗ်ဖြစ်သည်။
  3. အိမာမ်‌ရှောင်ကာနီက မိန့်ဆိုသည်မှာ - ဤဟဒီးစ်တော်သည် အဖြူရောင်ဝတ်ဆင်ခြင်းနှင့် သေဆုံးသူများကို အဖြူရောင်ဖြင့် ကဖန်ထုပ်ပေးခွင့်ရှိကြောင်းကို ညွှန်ပြနေသည်။ အကြောင်းမှာ အဖြူရောင်သည် အခြားအရောင်များထက် အသန့်ရှင်းဆုံးဖြစ်ပြီး အကောင်းဆုံးဖြစ်သောကြောင့်တည်း။ အကောင်းဆုံးဖြစ်ခြင်းမှာ သိသာသည်။ အသန့်ရှင်းဆုံးဖြစ်ခြင်းမှာမူ အညစ်အကြေးအနည်းငယ်ကျရောက်ပါက ပေါ်လွင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့်ပင် အခြားအရောင်များထက် ပို၍ မွန်မြတ်မှုရှိသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အင်ဒိုနီးရှား ဘင်္ဂလီ ထပ်၍ (33)
ထပ်၍