عَنْ عَبْدِ اللهِ بْنِ مُغَفَّلٍ رضي الله عنه قَالَ: قَالَ النَّبِيُّ صلى الله عليه وسلم:
«بَيْنَ كُلِّ أَذَانَيْنِ صَلَاةٌ، بَيْنَ كُلِّ أَذَانَيْنِ صَلَاةٌ» ثُمَّ قَالَ فِي الثَّالِثَةِ: «لِمَنْ شَاءَ».

[صحيح] - [متفق عليه] - [صحيح البخاري: 627]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို နောက်ထပ်သုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗ်ဒုလ္လာဟ်ဗင်န် မုဂဖ္ဖလ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အဇာန်နှစ်ခုရဲကြားတွင် ဆွလာသ်ရှိသည်။ အဇာန်နှစ်ခုရဲ့ကြားတွင် ဆွလာသ်ရှိသည်"။ ထို့နောက် တတိယအကြိမ်တွင် "ဆွလာသ်ဝတ်ပြုလိုသူတိုင်းအတွက်ဖြစ်သည်"ဟု မိန့်ကြားတော်မူခဲ့သည်။

[صحيح] - [متفق عليه] - [صحيح البخاري - 627]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်မှာ - အဇာန်နှင့် အိကာမသ်နှစ်ခု၏ ကြားတိုင်းတွင် နဖိလ်ဆွလာသ်ဆောက် တည်နိုင်သည်။ ထိုစကားကို သုံးကြိမ်တိုင်တိုင် မိန့်ကြားခဲ့ပြီး တတိယအကြိမ်တွင် ထိုအရာသည် (အဇာန်နှင့် အိကာမသ်နှစ်ခု၏ ကြားတိုင်းတွင် နဖိလ်ဆွလာသ်ဝတ်ပြုခြင်းသည်) ဆွလာသ်ဆောက်တည်လိုသူတိုင်းအတွက် မွစ်သဟဗ်ဖြစ်သည်ဟု မိန့်ကြားခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အဇာန်နှင့် အိကာမသ်၏ကြားတွင် နဖိလ်ဆွလာသ်ဝတ်ပြုခြင်းသည် မွတ်စ်သဟဗ် ဖြစ်ခြင်း။
  2. စကားတစ်ခုကို ထပ်ခါထပ်ခါအကြိမ်ကြိမ် ပြောဆိုရာတွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ကျင့်သုံးပုံနှင့် ထိုသို့လုပ်ဆောင်ရခြင်းမှာနားထောင်သူများ ကောင်းစွာနားလည်ရန်နှင့် ပြောဆိုမှု၏ အရေးပါမှုကို လေးနက်စေရန်အတွက် ဖြစ်သည်။
  3. "အဇာန်နှစ်ခု" ဆိုသည်မှာ "အဇာန်" နှင့် "အိကာမသ်" ကို ဆိုလိုသည်။ အရဗီဘာာသာစကား၏ ထုံးစံအတိုင်း နေနှင့်လကို "လနှစ်စင်း" (ကွန်မရိုင်း) ဟူ၍လည်းကောင်း၊ အဗူဗကရ်နှင့် အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ) တို့ကို "အုမရ်နှစ်ဦး" (အုမရိုင်း) ဟူ၍လည်းကောင်း ခေါ်ဆိုသောကဲ့သို့ ပင်ဖြစ်သည်။
  4. အဇာန်သည် ဆွလာသ်အချိန်ရောက်ရှိကြောင်း အသိပေးကြေညာခြင်းဖြစ်ပြီး အိကာမသ်သည် ဆွလာသ်စတင်ဆောက်တည်ရန် အသိပေးကြေညာခြင်းဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: الإنجليزية الأوردية الإندونيسية ထပ်၍ (50)
ထပ်၍