عَنْ جَابِرِ بْنِ عَبْدِ اللَّهِ رضي الله عنهما أَنَّ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«مَنْ قَالَ حِينَ يَسْمَعُ النِّدَاءَ: اللَّهُمَّ رَبَّ هَذِهِ الدَّعْوَةِ التَّامَّةِ، وَالصَّلاَةِ القَائِمَةِ، آتِ مُحَمَّدًا الوَسِيلَةَ وَالفَضِيلَةَ، وَابْعَثْهُ مَقَامًا مَحْمُودًا الَّذِي وَعَدْتَهُ، حَلَّتْ لَهُ شَفَاعَتِي يَوْمَ القِيَامَةِ».
المزيد
ဂျာဗိရ်ဗင်န် အဗ်ဒုလ္လာဟ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
မည်သူမဆို အဇာန်သံကိုကြားရသောအခါ ဤဒုအာ
(اللَّهُمَّ رَبَّ هَذِهِ الدَّعْوَةِ التَّامَّةِ، وَالصَّلاَةِ القَائِمَةِ، آتِ مُحَمَّدًا الوَسِيلَةَ وَالفَضِيلَةَ، وَابْعَثْهُ مَقَامًا مَحْمُودًا
الَّذِي وَعَدْتَهُ)
(အိုအလ္လာဟ်အရှင်မြတ်၊ ဤပြည့်စုံသော ဖိတ်ခေါ်မှုနှင့်တည်ဆောက်မည့်ဆွလာသ်၏ အရှင်၊ တမန်တော်မြတ်မိုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ဝစီလဟ်(ဂျန္နသ်ရှိအမြင့်မြတ်ဆုံးနေရာ)နှင့် အဖန်ဆင်းခံအားလုံးတို့ထက် ပို၍မြင့်မြတ်သည့်အဆင့်အတန်းကို ချီးမြှင့်ပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ် ကတိပေးတော်မူခဲ့သည့် မကာမေမဟ်မူဒ် (ကိယာမသ်နေ့တွင် အကြီးမားဆုံး ရှဖာအသ်ကြားဝင်အသနားခံပေးမည့်နေရာ)သို့ ၎င်းအား (တမန်တော်မြတ်အား) ပို့ဆောင်တော်မူပါ) ဟု ရွတ်ဆိုခဲ့လျှင် ၎င်းအဖို့ ကိယာမသ်နေ့တွင် ငါကိုယ်တော်၏ ရှဖာအသ်ကြားဝင်အသနားခံပေးမှုသည် ထိုက်တန်သွားလေသည်။