အမျိုးအစားခွဲများ

ဟဒီးဆ်တော်များစာရင်း

အကြင်သူသည်အကြွေးဆပ်ရန် ခက်ခဲနေသူအား နောက်ဆိုင်းပေးထားမည် သို့မဟုတ် ကြွေးမြီတစ်စုံတစ်ရာကို လျှော့ပေးလိုက်မည်ဆိုလျှင် ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား မိမိပလ္လင်တော်၏ အရိပ်အောက်၌ အရိပ်ပေးတော်မူမည်။ ထိုနေ့တွင် ၎င်း၏အရိပ်မှလွဲ၍ အခြားမည်သည့် အရိပ်အာဝါသမျှ ရှိမည်မဟုတ်ပေ။
عربي အင်္ဂလိပ် အုရ်ဒူ
ဧကန်မုချ အသင်တို့သည် ဤလပြည့်ဝန်းကို တွေ့မြင်ကြရသကဲ့သို့ အသင်တို့၏အရှင်မြတ်အား ဖူးမြင်ကြရမည်ဖြစ်သည်။ ထိုအရှင်မြတ်ကို ဖူးမြင်ရာတွင် အသင်တို့သည် တိုးဝှေ့ကြရမည် မဟုတ်ပေ။
عربي အင်္ဂလိပ် အုရ်ဒူ
ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူ၏ မည်သည့်ကုသိုလ်ကောင်းမှုကိုမျှ မတရားပြုတော်မူမည်မဟုတ်ပေ။
عربي အင်္ဂလိပ် အုရ်ဒူ
ငါကိုယ်တော်သည် ကောင်ဆရ်ရေကန်၌ ရှိနေမည်ဖြစ်ပြီး အသင်တို့အနက် မည်သူသည် ငါ့ထံလာရောက်မည်ကို ငါကိုယ်တော်ကြည့်ရှုမည်ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ကျွန်တော်မျိုးတို့သည် မည်သည့်စည်းစိမ်နှင့်ပတ်သက်၍မေးမြန်းခြင်းခံရမည်နည်း။ ကျွန်ုပ်တို့ထံတွင် အမဲရောင်နှစ်ခုဖြစ်သော စွန်ပလွံသီးနှင့်ရေ စသည့်နှစ်မျိုးသာလျှင် ရှိပေသည်။ ကိုယ်တော်ကမိန့်တော်မူသည်မှာ မကြာမီ ၎င်းနှင့်စပ်လျဉ်း၍ မေးမြန်းခြင်းခံရလိမ့်မည်။
عربي အင်္ဂလိပ် အုရ်ဒူ