عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ، قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«إِنَّ أَوَّلَ زُمْرَةٍ يَدْخُلُونَ الجَنَّةَ عَلَى صُورَةِ القَمَرِ لَيْلَةَ البَدْرِ، ثُمَّ الَّذِينَ يَلُونَهُمْ عَلَى أَشَدِّ كَوْكَبٍ دُرِّيٍّ فِي السَّمَاءِ إِضَاءَةً، لاَ يَبُولُونَ وَلاَ يَتَغَوَّطُونَ، وَلاَ يَتْفِلُونَ وَلاَ يَمْتَخِطُونَ، أَمْشَاطُهُمُ الذَّهَبُ، وَرَشْحُهُمُ المِسْكُ، وَمَجَامِرُهُمْ الأَلُوَّةُ الأَنْجُوجُ، عُودُ الطِّيبِ وَأَزْوَاجُهُمُ الحُورُ العِينُ، عَلَى خَلْقِ رَجُلٍ وَاحِدٍ، عَلَى صُورَةِ أَبِيهِمْ آدَمَ، سِتُّونَ ذِرَاعًا فِي السَّمَاءِ».
[صحيح] - [متفق عليه] - [صحيح البخاري: 3327]
المزيــد ...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
“ဧကန်အမှန်၊ ဂျန္နသ်ကို ပထမဦးဆုံးဝင်ရောက်မည့် အုပ်စု၏ ပုံပန်းသဏ္ဌာန်သည် လပြည့်ည၏ လမင်းသဖွယ်ကဲ့သို့ ဝင်းပနေလိမ့်မည်။ ထို့နောက် သူတို့နောက်မှလိုက်ဝင်ရောက်ရမည့်သူများသည် ကောင်းကင်ယံရှိ အတောက်ပဆုံးကြယ်ကဲ့သို့ ဖြစ်ကြလိမ့်မည်။ ထိုသူများသည် ကျင်ငယ်စွန့်ခြင်း၊ ကျင်ကြီးစွန့်ခြင်း၊ တံတွေးထွေးခြင်း၊ နှာညစ်ခြင်း တစ်စုံတစ်ရာ ပြုလုပ်ကြရမည် မဟုတ်ပေ။ သူတို့၏ ခေါင်းဖြီးသည့် ဘီးများသည် ရွှေဖြင့် ပြုလုပ်ထား သောဘီးများ ဖြစ်မည်။ သူတို့၏ ချွေးများသည် ကတိုးနံ့ကဲ့သို့ သင်းပျံ့နေပေမည်။ သူတို့၏ နံ့သာထွန်းခွက်များမှာ သစ်မွှေးပင်အသားနှင့် ပြုလုပ်ထား သော ခွက်များဖြစ်လိမ့်မည်။ သူတို့၏ ဇနီးများမှာ ဟူရ်အီးန်(အလွန်ဖြူချောပြီး မျက်ဝန်းကျယ်သော မိန်းမပျိုများ) ဖြစ်ကြလိမ့်မည်။ ထို့ပြင် ၎င်းတို့အားလုံးသည် လူတစ်ဦးတည်း၏ပုံပန်းသဏ္ဌာန်မျိုး ဖြစ်ကြလိမ့်မည်။ (ဆိုလိုသည်မှာ) သူတို့၏ဖခင် အာဒမ် ‘အလိုင်ဟိစ္စလာမ်’ ၏ ပုံသဏ္ဌာန်အတိုင်းဖြစ်ကြပြီး ၎င်း၏အရပ်မှာ (မြေကြီးမှ) ကောင်းကင်အထိ အတောင်ခြောက်ဆယ် မြင့်လိမ့်မည်။”
[صحيح] - [متفق عليه] - [صحيح البخاري - 3327]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - မုအ်မင်န်များအနက် ဂျန္နသ်ကို ပထမဦးဆုံးဝင်ရောက်မည့်အုပ်စု၏ မျက်နာများသည် လပြည့်ည၏ လမင်းသဖွယ်ကဲ့သို့ ဝင်းပနေလိမ့်မည်။ ထို့နောက် သူတို့နောက်မှလိုက်ဝင်ရောက်ရမည့်သူများသည် ကောင်းကင်ယံရှိ အတောက်ပဆုံးကြယ်တာယာကဲ့သို့ ဖြစ်ကြလိမ့်မည်။ ၎င်းတို့အတွက် ပြီးပြည့်စုံသော ဂုဏ်အရည်အချင်းများရှိသည်။ အကြောင်းမူ ၎င်းတို့သည် ကျင်ငယ်စွန့်ခြင်း၊ ကျင်ကြီးစွန့်ခြင်း၊ တံတွေးထွေးခြင်း၊ နှာညစ်ခြင်း တစ်စုံတစ်ရာ ပြုလုပ်ကြရမည် မဟုတ်ပေ။ သူတို့၏ခေါင်းဖြီးသည့် ဘီးများသည် ရွှေဖြင့်ပြုလုပ်ထားသောဘီးများ ဖြစ်မည်။ သူတို့၏ ချွေးများသည် ကတိုးနံ့ကဲ့သို့ သင်းပျံ့နေပေမည်။ သူတို့၏ နံ့သာထွန်းခွက်များမှ အမွှေးအကြိုင်ဆုံးနှင့် အလတ်ဆတ်ဆုံးသော နံ့သာရနံ့တို့ ထွက်လျက်ရှိနေမည်။ သူတို့၏ ဇနီးများမှာ ဟူရ်အီးန်(အလွန်ဖြူချောပြီး မျက်ဝန်းကျယ်သော မိန်းမပျိုများ) ဖြစ်ကြလိမ့်မည်။ ထို့ပြင် ၎င်းတို့အားလုံးသည် လူတစ်ဦးတည်း၏ပုံပန်းသဏ္ဌာန်မျိုး ဖြစ်ကြလိမ့်မည်။ (ဆိုလိုသည်မှာ) သူတို့၏ဖခင် အာဒမ် ‘အလိုင်ဟိစ္စလာမ်’ ၏ ပုံစံ၊ အရပ်၊ အဆင်းသဏ္ဍာန်အတိုင်း ဖြစ်ကြမည်။ ၎င်း၏အရပ်မှာ (မြေကြီးမှ) ကောင်းကင်အထိ အတောင်ခြောက်ဆယ် မြင့်လိမ့်မည်။