عن أبي هريرة رضي الله عنه قال: قال رسول الله صلى الله عليه وسلم : «مَنْ أَنْظَرَ مُعْسِرا، أو وضع له، أظَلَّهُ الله يوم القيامة تحت ظِل عرشه يوم لا ظِلَّ إلا ظِلُّه».
[صحيح] - [رواه الترمذي والدارمي وأحمد]
المزيــد ...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်။ အကြင်သူသည်အကြွေးဆပ်ရန် ခက်ခဲနေသူအား နောက်ဆိုင်းပေးထားမည် သို့မဟုတ် ကြွေးမြီတစ်စုံတစ်ရာကို လျှော့ပေးလိုက်မည်ဆိုလျှင် ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား မိမိပလ္လင်တော်၏ အရိပ်အောက်၌ အရိပ်ပေးတော်မူမည်။ ထိုနေ့တွင် ၎င်း၏အရိပ်မှလွဲ၍ အခြားမည်သည့် အရိပ်အာဝါသမျှ ရှိမည်မဟုတ်ပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - သိရ်မိဇီကျမ်း။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်ခဲ့သည့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဩဝါဒတော်ဖြစ်သော “အကြင်သူသည် အကြွေးဆပ်ရန် ခက်ခဲနေသူအား နောက်ဆိုင်းပေးထားမည်ဆိုလျှင်”၏ အလိုသဘောမှာ အကြွေးတင်နေသည့် သူဆင်းရဲအား အချိန်စောင့်ဆိုင်းပေးမည်ဆိုလျှင် ဟူ၍ဖြစ်သည်။ “စောင့်ဆိုင်းပေးခြင်း”ဟူသည် အကြွေးဆပ်နိုင်သည်အထိနောက်ဆိုင်းပေးခြင်းကို ဆိုလိုသည်။ ကိုယ်တော်၏ဩဝါဒတော်ဖြစ်သော “သို့မဟုတ် ကြွေးမြီတစ်စုံတစ်ရာကို လျှော့ပေးလိုက်မည်ဆိုလျှင်”၏အလို သဘောမှာ ထိုသူ့ထံမှ အကြွေးအချို့အား ပယ်ဖျက်ပလပ်ပေးလိုက်မည်ဆိုလျှင်ဟူ၍ဖြစ်ပါသည်။ “အဗူနအီမ်”၏ဆင့်ပြန်ချက်တွင် “အကြွေးမယူတော့ဘဲ သူ့ကို လက်ဆောင်အဖြစ်ပေးလိုက်မည်ဆိုလျှင်”ဟူ၍ ဖေါ်ပြထားသည်။ထိုသူရရှိမည့်အစားမှာ “ကိယာမတ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် ထိုသူအား မိမိပလ္လင်တော်၏အရိပ်အောက်၌ အရိပ်ပေးတော်မူမည်” ဖြစ်သည်။ ဤသြဝါဒတော်၌လာရှိသည့် အရိပ်ပေးခြင်းဟူသည် “ဟကီကတ်”မုချအဓိပ္ပါယ်အရ “အလ္လာဟ်အရှင်မြတ်သည် ထိုသူ့ကိုမိမိ၏ အရ်ရှ်ပလ္လင်တော်၏အရိပ်အောက်တွင် အမှန်တကယ် ခိုလှုံခွင့်ပေးတော်မူမည်”ဟူ၍ အဓိပ္ပါယ်ရသည်။ သို့မဟုတ်“မဂျားဇ်” ဥပစာအဓိပ္ပါယ်အရ “အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ဂျန္နတ်သုခဘုံသို့ ဝင်ရောက်စေတော်မူမည်”ဟူ၍လည်း အဓိပ္ပါယ်ရသည်။ အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အား ဂျန္နတ်သုခဘုံကို ဝင်ရောက်စေတော်မူခြင်းဖြင့် ကိယာမတ်နေ့၏အပူဒဏ်မှ ကာကွယ်ပေးတော်မူမည်ဖြစ်သည်။ ဤဆုလာဘ်ကို “ထိုနေ့တွင် ၎င်း၏အရိပ်မှလွဲ၍ အခြားမည်သည့်အရိပ်အာဝါသမျှ ရှိမည်မဟုတ်သည့်နေ့” တွင် ရရှိလိမ့်မည်ဖြစ်သည်။ ၎င်း၏အရိပ် ဟူသည် အလ္လာဟ်အရှင်မြတ်၏အရိပ်ကိုဆိုလိုသည်။ အကြွေးဆိုင်းငံ့ပေးသူသည် ယင်းဆုလာဘ်နှင့်ထိုက်တန်သွားရခြင်းမှာ ထိုသူသည် အကြွေးတင်နေသူမြီစားများကို မိမိအရေးထက်ပို၍ ဦးစားပေးပြီး သက်သာရာရစေခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်ကလည်း ထိုသူအား မိမိ၏ကရုဏာတော်ဖြင့်အေးချမ်းသက်သာမှုကို ချီးမြှင့်တော်မူခြင်းဖြစ်သည်။ လုပ်ရပ်အမျိုးအစားနှင့်အညီ အစားရလာဘ်ရရှိခြင်းဖြစ်သည်။