عن أبي هريرة رضي الله عنه قال: قال رسول الله صلى الله عليه وسلم:
«مَنْ أَنْظَرَ مُعْسِرًا، أَوْ وَضَعَ لَهُ، أَظَلَّهُ اللهُ يَوْمَ الْقِيَامَةِ تَحْتَ ظِلِّ عَرْشِهِ يَوْمَ لَا ظِلَّ إِلَّا ظِلُّهُ».

[صحيح] - [رواه الترمذي وأحمد] - [سنن الترمذي: 1306]
المزيــد ...

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
အကြင်သူသည် အကြွေးဆပ်ရန် ခက်ခဲနေသူအား နောက်ဆိုင်းပေးထားမည် သို့မဟုတ် ကြွေးမြီတစ်စုံတစ်ရာကို လျှော့ပေးလိုက်မည်ဆိုလျှင် ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား မိမိပလ္လင်တော်၏ အရိပ်အောက်၌ အရိပ်ပေးတော်မူမည်။ ထိုနေ့တွင် ၎င်း၏အရိပ်မှလွဲ၍ အခြားမည်သည့် အရိပ်အာဝါသမျှ ရှိမည်မဟုတ်ပေ။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [رواه الترمذي وأحمد] - [سنن الترمذي - 1306]

ရှင်းလင်းချက်

တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ မည်သူမဆို အကြွေးတင်‌နေသူအား နောက်ဆိုင်းပေးမည် သို့မဟုတ် ကြွေးမြီတစ်စုံတစ်ရာကို လျှော့ပေးမည်ဆိုပါက ထိုသူ့အားဆုလာဘ်အနေဖြင့် ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်က ၎င်းအား မိမိပလ္လင်တော်၏အောက်၌ အရိပ်ပေးတော်မူမည်။ ထိုနေ့၌ နေမင်းသည် ကျေးကျွန်များ၏ဦးခေါင်းများနှင့် နီးကပ်စွာရှိနေပြီး ၎င်းတို့အပေါ်အပူရှိန် အလွန်ပြင်းထန်မည်ဖြစ်သည်။ ထိုနေ့တွင် အလ္လာဟ်အရှင်မြတ် အရိပ်ပေးတော်မူသောသူမှအပ မည်သူမျှ မည်သည့်အရိပ်ကိုမျှ ရရှိမည်မဟုတ်ပေ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အလ္လာဟ်အရှင်မြတ်၏ ကျွန်များအပေါ် လွယ်ကူသက်သာအောင် လုပ်ပေးခြင်း၏ မွန်မြတ်မှုကို တင်ပြထားသည်။ ထိုလုပ်ရပ်သည် ကိယာမသ်‌နေ့၏ ကြောက်မက်ဖွယ်ရာများမှ လွတ်မြောက်စေမည့်အကြောင်းခံတစ်ရပ် ဖြစ်သည်။
  2. လုပ်ရပ်အမျိုးစားပေါ်တွင် မူတည်၍ အစားရလဒ်ရရှိမည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (67)
ထပ်၍