عن عمر رضي الله عنه قال: «بينما نحن جلوسٌ عند رسول الله صلى الله عليه وسلم ذات يوم إذ طَلَعَ علينا رجلٌ شديد بياض الثياب، شديد سَواد الشعر، لا يُرى عليه أثرُ السفر ولا يعرفه منَّا أحدٌ، حتى جلس إلى النَّبيِّ صلى الله عليه وسلم ، فأسنَد ركبتيْه إلى ركبتيْه، ووضع كفَّيه على فخذيْه، وقال: يا محمد أخبرْني عن الإسلام؟ فقال رسول الله صلى الله عليه وسلم : الإسلامُ أن تشهدَ أن لا إله إلا الله وأنَّ محمداً رسول الله، وتقيم الصلاة، وتُؤتيَ الزكاة، وتصومَ رمضان، وتحجَّ البيت إن استطعتَ إليه سبيلاً، قال: صدقتَ، فعَجِبْنا له يَسأله ويُصدِّقه، قال: فأخبرْني عن الإيمان؟ قال: أن تؤمنَ بالله وملائكته وكُتبه ورسُله واليوم الآخر، وتؤمن بالقدَر خيره وشرِّه، قال: صدقتَ، فأخبرْني عن الإحسان؟ قال: أن تعبدَ الله كأنَّك تراه، فإن لَم تكن تراه فإنَّه يراك، قال: فأخبرني عن الساعة؟ قال: ما المسؤول عنها بأعلمَ مِن السائل، قال: فأخبرني عن أمَاراتِها؟ قال: أنْ تلِدَ الأَمَةُ ربَّتَها، وأنْ تَرَى الحُفاةَ العُراة العَالَة رِعاءَ الشاءِ يَتَطاوَلون في البُنيان، ثمَّ انطلق فَلَبِثَ مليًّا ثم قال: يا عمر أتدري مَن السائل؟ قلتُ: الله ورسوله أعلم، قال: فإنَّه جبريلُ أتاكم يعلِّمُكم دينَكم».
[صحيح] - [رواه مسلم]
المزيــد ...

အုမရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တစ်ရက်တွင်ကျွန်တော်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ထံ၌ ထိုင်နေကြစဉ် လွန်စွာဖြူဖွေးသည့်အဝတ်အစားများ ဝတ်ဆင်ထားပြီး အလွန်မည်းနက်သော ဆံပင်ရှိသည့်ပုဂ္ဂိုလ်တစ်ဦး ကျွန်တော်တို့ရှေ့၌ ရုတ်တရက် ရောက်ရှိလာခဲ့သည်။ ထိုသူ၌ ခရီးထွက်လာသည့်လက္ခဏာ မတွေ့ရသလို ကျွန်တော်တို့ထဲတွင် သူ့ကိုသိသူ တစ်ဦးမျှလည်းမရှိပေ။ နောက်ဆုံးတွင် သူသည် တမန်တော်မြတ် ထံလာ၍ သူ၏ဒူးနှစ်ဖက်အား ကိုယ်တော်၏ဒူးနှစ်ဖက်နှင့်ထိကာ ကိုယ်တော်၏ပေါင်နှစ်ဖက်ပေါ်တွင် သူ၏လက်နှစ်ဖက်ကိုတင်၍ ထိုင်လိုက်ပါသည်။ ထို့နောက် သူက အို မုဟမ္မဒ်၊ ကျွန်ုပ်ကို အစ္စလာမ်နှင့်ပတ်သက်၍ ပြောပြပါဟု လျှောက်ထားလိုက်ပါသည်။ ထိုအခါ တမန်တော်မြတ်က အစ္စလာမ်ဟူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သည့်အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်ကြောင်း သက်သေခံခြင်း၊ ဆွလာသ်ဆောက်တည်ခြင်း၊ ဇကာသ်ပေးခြင်း၊ ရမဿွာန်လတွင် ဆွိယာမ်ဥပုသ်စောင့်ထိန်းခြင်းနှင့် (မက္ကဟ်မြို့သို့) သွားရောက်နိုင်စွမ်းရှိသူအတွက် ကအ်ဗဟ်ကျောင်းတော်သို့ သွားရောက် ဟဂျ် ပြုခြင်းတို့ဖြစ်သည်ဟု မိန့်ကြားတော်မူသည်။ ထိုအခါ ထိုသူက သင်ပြောတာ မှန်ပါသည် ဟုလျှောက်ထားခဲ့ရာ သူကိုယ်တိုင်က တမန်တော်မြတ်ကို မေးမြန်းလျှောက်ထားခဲ့ပြီးနောက် သူကိုယ်တိုင်ပင် မှန်ကန်ကြောင်းထောက်ခံသဖြင့် သူ့ကို ကျွန်တော်တို့ အံ့ဩခဲ့ကြရပါသည်။ ထို့နောက် ထိုသူက ကျွန်ုပ်ကို အီမာန်နှင့်ပတ်သက်၍ ပြောပြပါ ဟုလျှောက်ထားရာ တမန်တော်မြတ်က အီမာန်ဟူသည် သင့်အနေဖြင့် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ကောင်းကင်တမန်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ကျမ်းဂန်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်များကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ သက္ကဒီရ် အရှင်မြတ်၏ အကောင်းအဆိုးသတ်မှတ်ချက်ကိုလည်းကောင်း သက်ဝင်ယုံကြည်ခြင်းဖြစ်သည်ဟု မိန့်တော်မူသည်။ ထိုအခါ ထိုသူက သင်ပြောတာ မှန်ပါသည်ဟုလျှောက်ထားလိုက်ပါသည်။ ထို့နောက် ထိုသူက ကျွန်ုပ်ကို အိဟ်စာန်နှင့်ပတ်သက်၍ ပြောပြတော်မူပါဟုလျှောက်ထားရာ တမန်တော်မြတ်က အသင်သည် အလ္လာဟ်အရှင်မြတ်ကို မြင်နေရသကဲ့သို့ အရှင်မြတ်ကို ခဝပ်ကိုးကွယ်ပါ။ အကယ်၍ အသင်သည် အလ္လာဟ်အရှင်မြတ်ကို မမြင်မတွေ့နိုင်လျှင်လည်း အရှင်မြတ်က အသင့်ကိုမြင်တော်မူသည်(ဟုမှတ်ယူ၍ ခဝပ်ကိုးကွယ်ပါ)ဟု မိန့်တော်မူသည်။ ထိုသူက ကျွန်ုပ်ကို ကိယာမတ် ပြန်လည်ရှင်ပြန်ထမည့်နေ့နှင့်ပတ်သက်၍ ပြောပြတော်မူပါဟု လျှောက်ထားရာ တမန်တော်မြတ်က ထိုအကြောင်းအရာနှင့်ပတ်သက်၍ အမေးခံရသူသည် မေးမြန်းသူထက် ပိုမသိနိုင်ပါဟု မိန့်တော်မူသည်။ ထိုသူက သို့ဖြစ်လျှင် ထို(ကိယာမသ်)၏ ရှေ့ပြေးနိမိတ်လက္ခဏာများကို ပြောပြတော်မူပါဟု လျှောက်ထားရာ တမန်တော်မြတ်က ကျွန်မသည် မိမိ၏သခင်မကို မွေဖွားလိမ့်မည်။ ခြေဗလာအဝတ်အစားမဲ့ဆင်းရဲသားဆိတ်ကျောင်းသားတို့သည် မြင့်မားသည့်အဆောက်အဦးများ ဆောက်လုပ်ကြသည်ကို အသင် မြင်တွေ့ရလိမ့်မည်ဟု မိန့်တော်မူသည်။ ထို့နောက် ထိုပုဂ္ဂိုလ်သည် ထွက်ခွာသွားခဲ့ပါသည်။ အချိန်ခဏကြာပြီးနောက် တမန်တော်မြတ်က အို - အုမရ်၊ မေးမြန်းလျှောက်ထားသူကို အသင် သိပါသလားဟု မိန့်တော်မူရာကျွန်တော်က အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်သာ အသိဆုံးဖြစ်ပါသည် ဟုလျှောက်ထားလိုက်ပါသည်။ တမန်တော်မြတ်က စင်စစ်၊ ထိုသူသည် ဂျိဗ်ရီးလ် ဖြစ်သည်။ သူသည် အသင်တို့အား အသင်တို့၏သာသနာကိုသင်ကြားပေးရန် အသင်တို့ထံ ရောက်လာခဲ့ခြင်းဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့ပါသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

ဆွဟာဗာဟ်(ရဿွိယလ္လာဟုအန်ဟွမ်)များသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ ထိုင်နေကြစဥ် ဂျိဗ်ရီးလ် (အလိုင်ဟိစ္စလာမ်) သည် လူစိမ်းတစ်ဦး၏ ပုံသဏ္ဍန်ဖြင့် ထွက်ပေါ်လာခဲ့ပြီး၊ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ရှေ့မှောက်တွင် ပညာသင်ယူဆည်းပူးသူ လမ်းညွှန်မှုခံယူသူတစ်ဦးထိုင်သကဲ့သို့ ထိုင်ခဲ့သည်။ ထို့နောက် ကိုယ်တော့်အား အစ္စလာမ်နှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။ ကိုယ်တော်က (ရှဟာဒသ်) သက်သေခံရမည့်အချက်နှစ်ချက်အားဝန်ခံခြင်း၊ ဆွလာသ်ငါးကြိမ် စွဲမြဲစွာဆောက်တည်ခြင်း၊ ဇကာသ်ယူထိုက်သူများကို ဇကာသ်ပေးခြင်း၊ ရည်စူးချက်မှန်ကန်စွာဖြင့် ရမဿွာန်လ၏ ဆွိယာမ်ဥပုသ် စောင့်ထိန်းခြင်း၊ တတ်စွမ်းနိုင်သူအပေါ်တွင် ဟဂ်ျ ဖရ်ဿွ်တာဝန်ကို ကျေပွန်ခြင်း စသည်တို့ပါဝင်သော ဤမဏ္ဍိုင်များကို ဖြေကြားတော်မူခဲ့သည်။ ထို့နောက် ဂျိဗ်ရီးလ် (အလိုင်ဟိစ္စလာမ်) သည် ကိုယ်တော့်အား မှန်ကန်သည်ဟု ထောက်ခံခဲ့လေသည်။ အမြင်အားဖြင့်ကြည့်လျှင် ၎င်းသည်သူမသိသည့် အကြောင်းအရာအား မေးမြန်းပြီးနောက် သူကိုယ်တိုင်က ကိုယ်တော့်အား ပြန်လည်ထောက်ခံသဖြင့် သာဝကကြီးများက အံ့ဩခဲ့ကြသည်။ ပြီးနောက် ၎င်းက အီမာန်နှင့်ပတ်သက်၍ မေးမြန်ခဲ့သည်။ ကိုယ်တော်က ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ဖန်ဆင်းတော်မူသောအရှင်၊ ရိက္ခာချီးမြှင့်တော်မူသောအရှင်၊ ချွတ်ယွင်းမှုအပေါင်းမှကင်းစင်ပြီး ပြီးပြည့်စုံတော်မူသောအရှင်ဖြစ်သည်ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ် ဖန်ဆင်းထားသည့် (မလာအိကဟ်) ကောင်းကင်တမန်များသည် မြင့်မြတ်သောကျွန်များဖြစ်ကြပြီး၊ အလ္လာဟ်အရှင်မြတ်အား မဖီဆန်ကြဘဲ ထိုအလ္လာဟ်အရှင်မြတ်၏ အမိန့်ကိုလိုက်နာသူများဖြစ်ကြသည်ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်များအပေါ်ကျရောက်ခဲ့သော ကျမ်းဂန်များနှင့်အလ္လာဟ်အရှင်မြတ်ဘက်တော်မှ အရှင်မြတ်၏သာသနာကိုပို့ချခဲ့သည့် ရစူလ်တမန်တော်များကို လည်းကောင်း၊ အမှန်ပင်လူသားတို့သည် သေပြီးနောက်ပြန်လည်ရှင်ပြန်ထရပြီး စာရင်းအင်း စစ်ဆေးခြင်းခံရမည်ကိုလည်းကောင်း သက်ဝင်ယုံကြည်ခြင်း စသည့်အချက်များပါရှိသော အီမာန်၏မဏ္ဍိုင်များကို ဖြေကြားတော်မူခဲ့သည်။ ထို့နောက် ၎င်းက အိဟ်ဆာန် နှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။ ကိုယ်တော်က အိဟ်ဆာန်ဟူသည် ချွတ်ယွင်းမှုအပေါင်းမှ ကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်အား မြင်နေသကဲ့သို့ ခဝပ်ကိုးကွယ်ခြင်းဖြစ်သည်။ အကယ်၍ ထိုသူသည် ဤကဲ့သို့ ခဝပ်ကိုးကွယ်မှု မပြုလုပ်နိုင်လျှင်လည်း အလ္လာဟ်အရှင်မြတ်အတွက် မည်သည့်အရာမျှဖုံးကွယ်နေခြင်းမရှိဘဲ အရာအားလုံး ပေါ်လွင်နေကြောင်းကို သိထားလျက် အရှင်မြတ်အား ကြောက်ရွံ့စိတ်ထားကာ ခဝပ်ကိုးကွယ်ရမည်။ ထို့နောက် (ကိယာမသ်) ကမ္ဘာပျက်မည့်နေ၏ အသိပညာအား မည်သည့် အဖန်ဆင်းခံမျှ မသိကြောင်းနှင့်၊ ကိယာမသ်၏ နိမိတ်လက္ခဏာများအနက် ကျွန်မများနှင့် သူမတို့၏ သားသမီးများ များပြားလာခြင်း၊ သို့မဟုတ် သားသမီးများက မိခင်များ၏အမိန့်ကို ဖီဆန်လာကြပြီး ၎င်းတို့အား ကျွန်များကဲ့သို့ ဆက်ဆံလာကြခြင်း၊ ထို့ပြင် နောက်ဆုံးခေတ်သမယ၌ ဆိတ်ကျောင်းသားများနှင့် ဆင်းရဲသားများသည်လောကီ၏ချမ်းသာကြွယ်ဝမှုကို ရရှိလာကြပြီး အဆောက်အဦးများအား လှပတင့်တယ်အောင်ပြုလုပ်ကာ ယင်းအဆောက်အဦးများ၏ခိုင်မာထည်ဝါမှုအပေါ်အချင်းချင်း ဂုဏ်တုဂုဏ်ပြိုင်ပြုလာကြမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ ဤမေးခွန်းများနှင့် အဖြေများသည် ဖြောင့်မတ်မှန်ကန်သည့် ဤသာသနာတော်အား ဂျိဗ်ရီးလ်(အလိုင်ဟိစ္စလာမ်)မှတဆင့် သင်ကြားပေးခြင်းဖြစ်သည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က (ထိုသူသည် ဂျိဗ်ရီးလ် (အလိုင်ဟိစ္စလာမ်) ဖြစ်ပြီး အသင်တို့အား သင်တို့၏သာသနာကို သင်ကြားပေးရန်အတွက် သင်တို့ထံ လာရောက်ခဲ့ခြင်းဖြစ်သည်။)ဟု မိန့်ကြားတော်မူထားသည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. တမန်တော်မြတ်( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် ) ၏ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားအားတင်ပြထားသည်။ ဧကန်အမှန် ကိုယ်တော်သည်မိမိ၏ အဆ်ွဟာဗ်တော်များနှင့်အတူ ထိုင်လေ့ရှိပြီး အဆ်ွဟာဗ်တော်များကလည်း ကိုယ်တော်နဲ့အတူထိုင်ကြသည်။ ကိုယ်တော်သည် တစ်ကိုယ်တည်း သီးခြားနေထိုင်ခြင်းမရှိသလို မိမိကိုယ်မိမိ ၎င်းတို့ထက် မြင့်မြတ်သည်ဟူ၍လည်း မမှတ်ယူပေ။
  2. ဂုဏ်သရေရှိသူတို့ထံ ဝင်ရောက်သည့်အခါ အဝတ်အစားနှင့် အသွင်အပြင်အား ကောင်းမွန်လှပပြီး သန့်ရှင်းသပ်ရပ်မှုရှိရမည်။ ဂျိဗ်ရီးလ်(အလိုင်ဟိစ္စလာမ်) သည် သူ၏ ကောင်းမွန်သောအခြေအနေ၊ စကားတို့ဖြင့် လူသားများကို သင်ကြားပေးသူ အဖြစ်ရောက်လာသည်။
  3. ကောင်းကင်တမန်(အလိုင်ဟိမုစ္စလာမ်)များသည် မိမိတို့၏မူလပုံသဏ္ဍာန်အပြင် အခြားပုံသဏ္ဍာန်များ ကိုလည်းပြောင်းလဲနိုင်သည်။
  4. စိတ်ကျဉ်းကျပ်ခြင်း၊ ကြောက်ရွံ့ခြင်းတို့မရှိဘဲ မေးခွန်များ မေးမြန်းနိုင်ရန်အတွက် မေးမြန်းသူအား နီးနီးကပ်ကပ်ရှိစေပြီး နူးညံ့စွာဆက်ဆံရမည်။
  5. ဆရာအပေါ်ထားရှိရမည့် ကျင့်ဝတ်သည် ဂျိဗ်ရီးလ်(အလိုင်ဟိစ္စလာမ်) လုပ်ပြခဲ့သည့်အတိုင်းပင်ဖြစ်သည်။ သူသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် ) ထံမှ သင်ယူဆည်းပူးရန်အတွက် ကိုယ်တော်၏ရှေ့မှောက်တွင် ရိုသေစွာထိုင်ခဲ့သည်။
  6. ဂျိဗ်ရီးလ်(အလိုင်ဟိစ္စလာမ်)က (တမန်တော်မြတ်ကို) “အို မုဟမ္မဒ်"ဟုခေါ်ဆိုထားသည့်အတွက် (အများအကျိုးအတွက်)ဥပါယ်တံမျဉ်ဖြင့်ပြောဆိုခြင်းပိုင်သည်။ ဤသို့(နာမည်တပ်)ခေါ်ဆိုခြင်းသည် အရဗ်ကျေးလက်တောသားများ၏ စကားအသုံးအနှုန်းဖြစ်သည်။ ထို့ကြောင့် ဂျိဗ်ရီလ်က တောသားတစ်ဦးပုံစံဟန်ဆောင်၍ ဥပါယ်တံမျဉ်ဖြင့် ပြောဆိုထားခြင်းဖြစ်သည်။ မွန်မြတ်ပြီး ယဉ်ကျေးသော စရိုက်လက္ခဏာရှိသည့် မြို့သားများသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ဤသို့ခေါ်ဆိုကြမည်မဟုတ်ပေ။
  7. အစ္စလာမ်၊ အီမာန်နှင့် အိဟ်ဆာန် တို့အကြားခြားနားချက်ကို ရှင်းလင်းတင်ပြထားသည်။
  8. အီမာန်၏ အခြေအမြစ်တရား ခြောက်ပါးကို ယုံကြည်ခြင်းသည် အကွယ်ကိုသက်ဝင်ယုံကြည်ခြင်းအနက်မှ ဖြစ်သည်။
  9. အစ္စလာမ်၏ မဏ္ဍိုင်သည် ငါးခုရှိပြီး၊ အီမာန်၏ အခြေအမြစ်တရားသည် ခြောက်ပါးရှိသည်။
  10. အစ္စလာမ် နှင့် အီမာန်အား တွဲသုံးထားလျှင် အစ္စလာမ်သည် အပြင်ပိုင်းဆိုင်ရာ ကျင့်ဆောင်မှုများကို ဖွင့်ဆိုခြင်းဖြစ်ပြီး၊ အီမာန်သည် အတွင်းပိုင်းဆိုင်ရာ ကျင့်ဆောင်မှုများကို ဖွင့်ဆိုခြင်းဖြစ်သည်။
  11. အိဟ်ဆာန်၏ အဆင့်အတန်း မြင့်မားမှုအားတင်ပြထားသည်။
  12. လူတစ်ဦး မေးမြန်းရခြင်း၏ အဓိကအကြောင်းရင်းမှာ မသိနားမလည်သည့်အတွက်ဖြစ်သည်။ မသိနားမလည်ခြင်းကပင် မေးခွန်းမေးရန် တွန်းအားပေးခြင်းဖြစ်သည်။
  13. အရေးကြီးဆုံးအရာဖြင့် စတင်ပြီး တဆင့်ပြီးတဆင့် အရေးကြီးသောအရာများကို တင်ပြရမည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် အစ္စလာမ်အား ရှင်းပြသည့်အခါ သက်သေခံခြင်းနှစ်ခုဖြင့် စတင်ခဲ့ပြီး အီမာန်ယုံကြည်မှုကို ရှင်းပြသည့်အခါ အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ခြင်းဖြင့် စတင်ထားသည်။
  14. နားထောင်သူ (ပရိသတ်)ကို သင်ကြားပေးရန်အတွက် မေးခွန်းမေးမြန်းသူသည် မိမိသိရှိပြီးသားအရာကို ပညာရှင်တစ်ယောက်အား မေးမြန်းခွင့်ရှိသည်။
  15. မိမိမသိသောအကြောင်းအရာအား မေးမြန်းခံရသူသည် အလ္လာဟ်အရှင်မြတ်သာ အသိဆုံးဖြစ်ပါသည်ဟု ပြန်ဖြေရမည်။
  16. (ကိယာမသ်) ရှင်ပြန်ထမည့်နေ့၏ အသိပညာကို အလ္လာဟ်အရှင်မြတ်က မိမိ၏ အသိပညာ၌သာ ထားရှိသည်။
  17. ကိယာမသ်၏ နိမိတ်လက္ခဏာအချို့ကို တင်ပြထားသည်။
ထပ်၍