عن عمر بن الخطاب رضي الله عنه مرفوعاً: «إنما الأعمال بِالنيَّات، وإنما لكل امرئ ما نوى، فمن كانت هجرتُه إلى الله ورسوله فهجرتُه إلى الله ورسوله، ومن كانت هجرتُه لدنيا يصيبها أو امرأةٍ ينكِحها فهجرته إلى ما هاجر إليه».
[صحيح] - [متفق عليه]
المزيــد ...

အုမရ် ဗင်န် ခသ်သွားဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူခဲ့သည်။ ဧကန်အမှန်ပင် အမလ်လုပ်ဆောင်ချက်များသည် ရည်စူးချက်များအပေါ်တွင် မူတည်သည်။ လူတိုင်းသည် မိမိရည်စူးခဲ့သည့် အရာကိုသာရရှိမည်ဖြစ်သည်။ ထို့ကြောင့် အကြင်သူ၏ ဟိဂျ်ရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်အတွက် ဖြစ်ခဲ့လျှင် ထိုသူ၏ဟိဂျ်ရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်အတွက် ဖြစ်မည်။ ထို့ပြင် အကြင်သူ၏ ဟိဂျ်ရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းသည် လောကီ (အကျိုး)ရရှိရန်အတွက် သို့မဟုတ် အမျိုးသမီးတစ်ဦးအား ထိမ်းမြားရန်အတွက် ဖြစ်ခဲ့မည်ဆိုလျှင် ထိုသူ၏ ဟိဂ်ျရသ် နေရပ် စွန့်ခွာရွှေ့ပြောင်းခြင်းသည် ၎င်းသူစွန့်ခွာရွှေ့ပြောင်းခဲ့သည့် အရာအတွက်ပင် ဖြစ်လိမ့်မည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

ဤဟဒီးဆ်တော်သည် ကြီးကျယ်ပြီး အရေးပါသော ဟဒီးဆ်တော်တစ်ပုဒ်ဖြစ်သည်။ အချို့ပညာရှင်များက ထိုဟဒီးဆ်တော်ကို အစ္စလာမ်သာသနာ၏သုံးပုံတစ်ပုံဖြစ်သည်ဟု ယူဆကြသည်။ သို့ဖြစ်ပေရာ မုအ်မင်န် သက်ဝင်ယုံကြည်သူသည် သူ၏ ရည်စူးချက်နှင့် ထိုရည်စူးချက် မှန်ကန်မှုအတိုင်းအတာပေါ်မူတည်၍ အကျိုးရရှိမည်ဖြစ်သည်။ ထို့ပြင် အကြင်သူ၏ အအ်မာလ် ကျင့်ဆောင်မှုများသည် အလ္လာဟ်အရှင်မြတ်အတွက်သာ သီးသန့်ဖြစ်ပြီး စွန္နသ်တော်နှင့် ကိုက်ညီပါက ထိုကောင်းမှုသည် နည်းပါးလျှင်လည်း လက်ခံသဘောတူခြင်းခံရမည်ဖြစ်သည်။ အကြင်သူ၏ အအ်မာလ် ကျင့်ဆောင်မှုများသည် အလ္လာဟ်အရှင်မြတ်အတွက် သီးသန့်မဟုတ်ဘဲ လူတို့အားပြစားရန်အတွက်ဖြစ်ပါက ထိုကျင့်ဆောင်မှုများသည် မည်မျှပင် ကြီးကျယ်၍ များပြားနေသည်ဖြစ်စေ လက်ခံသဘောတူခြင်းခံရမည် မဟုတ်ပေ၊ အမလ်ကျင့်ဆောင်မှုတိုင်းအား အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုရရန်အတွက် ရည်ရွယ်ခြင်း မဟုတ်ဘဲ အခြားအတွက်ဖြစ်ခဲ့လျှင် ထိုရည်ရွယ်လိုက်သည့်အရာသည် အမျိုးသမီးတစ်ဦးဖြစ်စေ သို့မဟုတ် ဥစ္စာပစ္စည်းဖြစ်စေ သို့မဟုတ် ဂုဏ်သိက္ခာဖြစ်စေ သို့မဟုတ် အခြားလောကီ ရေးရာကိစ္စ ဖြစ်စေ အတူတူပင်ဖြစ်ပြီး ပယ်ချခြင်းခံရမည်သာဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ယင်းလုပ်ရပ်အား လက်ခံသဘောတူမည် မဟုတ်ပေ။ သို့ဖြစ်၍ အမလ်ကျင့်ဆောင်မှုများ လက်ခံသဘောတူခြင်းခံရရန်အတွက် စည်းကမ်းချက် (၂) ချက်ရှိသည်။၎င်းတို့မှာ- (၁)ထိုအမလ်ကျင့်ဆောင်မှုသည် အလ္လာဟ်အရှင်မြတ်အတွက် သီးသန့်ဖြစ်ရမည်။ (၂) အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ လမ်းညွှန်မှု (စွန္နဟ်)နှင့်အညီဖြစ်ရမည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) တဂ္ဂလော့ ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အိခ်လာဆ်ွ ရှိရန်တိုက်တွန်းထားသည်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ် ကျေနပ်နှစ်သက်ရန်အတွက် ဆောင်ရွက်သည့် အမလ်ကျင့်ဆောင်မှုကိုသာ အရှင်မြတ်ကလက်ခံတော်မူမည်ဖြစ်သည်။
  2. အနန္တတန်ခိုးတော်ရှင် အလ္လာဟ်အရှင်မြတ်နှင့်နီးကပ်စေသည့် လုပ်ရပ်များအားလူတစ်ဦးက သာမန် အလေ့အထတစ်ခုအဖြစ် လုပ်ဆောင်လိုက်ပါက ထိုလုပ်ရပ်သည် မှန်ကန်နေလျှင်လည်း အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်မှုရရှိရန် ရည်ရွယ်ချက်မရှိသေးသမျှ အကျိုးကုသိုလ်ရရှိမည်မဟုတ်ပေ။
  3. အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်အတွက် ဟိဂျ်ရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်း၏ မွန်မြတ်မှုကိုတင်ပြထားသည်။ ယင်းဟိဂျ်ရသ်အား အလ္လာဟ်အရှင်မြတ်အတွက်သာ ရည်ရွယ်ပြီး ဆောင်ရွက်သောကြောင့် ၎င်းသည်ကောင်းမြတ်သည့် အအ်မာလ် ကျင့်ဆောင်မှုများတွင်ပါဝင်သွားသည်။
  4. ဤဟဒီးဆ်တော်သည် အစ္စလာမ်သာသနာ၏ အခြေခံကျသော ဟဒီးဆ်တော်များအနက်မှ တစ်ပုဒ်ဖြစ်သည်။ ထို့ကြောင့် သာသနာ့ ပညာရှင်များက အစ္စလာမ်သာသနာသည် ဟဒီးဆ်နှစ်ပုဒ်ပေါ်တွင် အခြေခံထားသည်ဟု ဆိုကြသည်။
  5. ၎င်းဟဒီးဆ်တော်နှစ်ပုဒ်မှာ ဤဟဒီးဆ်တော်နှင့် အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)ဆင့်ပြန်ခဲ့သော ဟဒီးဆ်တော်တို့ဖြစ်သည်။ ထိုဩဝါဒတော်မှာ (အကြင်သူသည် မည်သည့်အမလ်ကောင်းမှုကိုမဆို ပြုလုပ်ရာတွင် ငါတမန်တော်၏ အမိန့်မပါရှိခဲ့လျှင် ထိုအရာသည် ပယ်ဖျက်ခြင်းခံရမည်ဖြစ်သည်။) ဤဟဒီးဆ်တော်သည် စိတ်နှလုံးသား၏ အအ်မာလ် ကျင့်ဆောင်မှုတို့အတွက် အခြေခံအုတ်မြစ်ဖြစ်ပြီး အတွင်းပိုင်းဆိုင်ရာ ကျင့်ဆောင်မှုများအတွက် ချိန်ခွင်လည်းဖြစ်သည်။ အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)ဆင့်ပြန်ခဲ့သည့် ဟဒီးဆ်တော်သည် ခန္ဓာကိုယ်၏ အအ်မာလ်ကျင့်ဆောင်မှုတို့အတွက် အခြေခံအုတ်မြစ်ဖြစ်သည်။
  6. (အိဗာဒသ်) ခဝပ်ကိုးကွယ်မှုများကို တစ်ခုနှင့် တစ်ခု ခွဲခြားရန် လိုအပ်သည်။ ထို့အတူ သာမန်အလေ့အထများနှင့် အိဗာဒသ် ခဝပ်ကိုးကွယ်မှုကို ခွဲခြားရန်လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် အသွင်သဏ္ဍာန်အားဖြင့် ဆင်တူနေသော လုပ်ရပ်များကြား၌ (အိဗာဒသ်ဖြစ်ခြင်းအား) ရည်စူးချက်ဖြင့်သာ ခွဲခြားနိုင်မည်ဖြစ်သည်။
  7. ရည်ရွယ်ချက်မရှိသော လုပ်ရပ်သည် အချည်းနှီးပင်ဖြစ်သည်။ ထိုလုပ်ရပ်အပေါ် အမိန့်သတ်မှတ်ချက်လည်းမရှိသလို အကျိုးကုသိုလ်လည်းမရရှိပေ။
  8. မည်သူမဆို ၎င်း၏အမလ်ကျင့်ဆောင်မှု၌ အိခ်လာဆ်ွ ရှိမည်ဆိုလျှင် အမိန့်ပညတ်ချက်အရ လည်းကောင်း အကျိုးကုသိုလ်အရလည်းကောင်း သူရည်ရွယ်သည့်အတိုင်း ရရှိမည်ဖြစ်ပြီး သူ၏ကျင့်ဆောင်မှုသည်လည်း မှန်ကန်လိမ့်မည်ဖြစ်သည်။ အမလ်ကျင့်ဆောင်မှုအတွက် (သတ်မှတ်ထားသည့်) စည်းကမ်းချက်များလည်း ပြည့်စုံမှန်ကန်ပါက အကျိုးကုသိုလ် ရရှိမည်ဖြစ်သည်။
  9. အလ္လာဟ်အရှင်မြတ်အတွက် သီးသန့်ရည်ရွယ်၍ ဆောင်ရွက်ခြင်း မရှိသော ကောင်းမှုများသည် အချည်းနှီးဖြစ်သွားမည်ဖြစ်သည်။
  10. ကိုယ်တော်မြတ် မိန့်ကြားခဲ့သည့် (ထိုသူ၏ ဟိဂ်ျရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းသည် ၎င်းသူစွန့်ခွာရွှေ့ပြောင်းခဲ့သည့် အရာအတွက်ပင် ဖြစ်လိမ့်မည်။) ဟူသော ဩဝါဒသည် လောကီနှင့် လောကီ၏အလိုရမ္မက်များကို ရှုံ့ချထားခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်အတွက် ဟိဂ်ျရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းသူ ရရှိမည့်အရာကို ရှင်းရှင်းလင်းလင်း တင်ပြထားသော်လည်း လောကီအကျိုးအတွက် ဟိဂ်ျရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းသူ ရရှိမည့်အရာကို ရှင်းလင်းစွာ မတင်ပြထားပေ။ ဤသည် လှပသော တင်ပြမှုနှင့် စကားအရာ၌ ပြောင်မြောက်မှုပင်ဖြစ်သည်။
ထပ်၍