عن أبي هريرة رضي الله عنه مرفوعا: "قال تعالى : أنا أغنى الشركاء عن الشرك؛ من عمل عملا أشرك معي فيه غيري تركتُه وشِرْكَه".
[صحيح] - [رواه مسلم]
المزيــد ...

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။ ကြီးကျယ် မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူသည်။ ငါအရှင်မြတ်သည် ဖက်စပ်ကိုးကွယ်သူတို့၏ ဖက်စပ်ကိုးကွယ်ခြင်းမှ ကင်းရှင်းတော်မူသည်။ အကြင်သူသည် အမလ်ကောင်းမှုပြုလုပ်ရာတွင် ငါအရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာကို ဖက်စပ်ကိုးကွယ်ခဲ့လျှင် ငါအရှင်မြတ်သည် ထိုသူနှင့် သူ၏ဖက်စပ်ကိုးကွယ်မှုကိုပါ စွန့်ပစ်တော်မူသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်ထံတော်မှတဆင့် ဆင့်ပြန်တော်မူသည်။ (ထိုသို့သောဟဒီးဆ်အား ဟဒီးဆ်ကုဒုစီဟုခေါ်သည် ) ရိယာအ် ပြစား၍ဖြစ်စေ သို့မဟုတ် အခြားအကြောင်းအရာကြောင့် ဖြစ်စေ တစ်စုံတစ်ယောက်နှင့် ဖက်စပ်ယှဉ်တွဲမှုပါဝင်နေသည့် အမလ်ကောင်းမှုမျိုးမှ အရှင်မြတ်သည် ကင်းစင်တော်မူသည်။ အဘယ်ကြောင့်ဆိုသော် ချွတ်ယွင်းမှုအပေါင်းမှ ကင်းစင်တော်မူသော အရှင်မြတ်သည် မိမိအတွက်သီးသန့်ဖြစ်သော အမလ်ကောင်းမှုကိုသာ လက်ခံမည်ဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) တဂ္ဂလော့ ဟင်ဒီ ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ဂျာမန် ဂျပန်
ဘာသာပြန်များကို ကြည့်ရှုရန်

အကျိုးကျေးဇူးများ

  1. ရှိရ်က်နှင့် ၎င်း၏ပုံစံအသီးသီးတို့မှ သတိပေးတားမြစ်ထားသည်။ ရှိရ်က်သည် အမလ်ကောင်းမှုများ လက်ခံသဘောတူခြင်းခံရမှုကို အတားဆီးဖြစ်စေသည်။
  2. အမလ်ကောင်းမှုများကို ရှိရ်က် ဖက်စပ်ကိုးကွယ်မှုအညစ်အကြေးများမှ ကင်းစင်ပြီး အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းအတွက်သာ သီးသန့်ပြုလုပ်ရန်တာဝန်ရှိသည်။
  3. အနန္တတန်ခိုးတော်ရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ စကားပြောခြင်း ဂုဏ်တော်အား တင်ပြထားသည်။
  4. လိုလားတောင့်တမှု လုံးဝကင်းတော်မူခြင်း ဟူသည့် ဂုဏ်တော်အား အလ္လာဟ်အရှင်မြတ်အတွက် အတည်ပြုထားသည်။
  5. ချွတ်ယွင်းမှုအပေါင်းမှ သန့်ရှင်းစင်ကြယ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် မိမိအတွက်သာ သီးသန့်ရည်ရွယ်၍ပြုလုပ်သည့် အမလ်ကောင်းမှုကိုသာ လက်ခံတော်မူသည်။
  6. အလ္လာဟ်အရှင်မြတ်၏ အကြွင်းမဲ့ရက်ရောတော်မူခြင်းအား အတည်ပြုတင်ပြထားသည်။
ထပ်၍