+ -

عن أبي هريرة رضي الله عنه قال: قلت: يارسول الله، "من أسعد الناس بشفاعتك؟ قال: من قال لا إله إلا الله خالصا من قلبه".
[صحيح] - [رواه البخاري]
المزيــد ...

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည် ကျွန်တော်က အိုအလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကိုယ်တော်၏ ရှဖာအသ် ကြားဝင်အသနားခံပေးမှုဖြင့် နဖူးစာအကောင်းဆုံးဖြစ်မည့်သူမှာ မည်သူပါနည်း ဟုမေးလျှောက်ခဲ့ရာ ကိုယ်တော်က မိန့်ကြားတော်မူသည် ထိုသူမှာ မိမိနှလုံးသားထဲမှ အရှင်မြတ်အတွက်သာရည်စူး၍ (လာအိလာဟအိလ္လလ္လာဟ်)အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သောအရှင် မရှိဟူ၍ ပြောဆိုခဲ့သူဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်း။

ရှင်းလင်းချက်

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား လူတို့အနက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ရှဖာအသ် ကြားဝင်အသနားခံပေးမှုဖြင့် နဖူးစာအကောင်းဆုံးဖြစ်မည့်သူများနှင့် ထိုဝေစုအားအများဆုံးရရှိမည့်သူများနှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။ ကိုယ်တော်က သာဝကကြီးအား ထိုသူတို့မှာ (لا إله إلا الله محمد رسول الله) အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သောအရှင်မရှိ မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်သည်။ ဟူသော သက်သေခံချက်ကို နှလုံးသားထဲမှ အလ္လာဟ်အရှင်မြတ်အတွက်သာ ရည်စူး၍ ရှိရ်က် ဖက်စပ်ကိုးကွယ်မှု နှင့် ပြစားမှုတို့မပါရှိပဲ ရွတ်ဆိုခဲ့သူများဖြစ်သည်ဟု ဖြေကြာခဲ့သည်။

ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية القيرقيزية النيبالية اليوروبا الليتوانية الدرية الصومالية الطاجيكية الكينياروندا الرومانية المجرية التشيكية المالاجاشية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ရှဖာအသ် ကြားဝင်အသနားခံပေးခြင်းအား အတည်ပြုထားသည်။
  2. အိခ်လာဆ်ွအရေးကြီးကြောင်း တင်ပြထားပြီး ရိယာအ်ပြစားမှုအား ရှုံ့ချထားသည်။ ပြစားမှုသည် ကိယာမသ်နေ့၌ ရှဖာအသ်ကြားဝင်အသနားခံပေးခြင်း ရရှိမှုမှ လက်မဲ့ဖြစ်စေသည်။
  3. အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)၏ မွန်မြတ်မှုအကြောင်းသိရသည်။
ထပ်၍