عَن عُمَرَ بنِ الخَطَّابِ رَضِيَ اللَّهُ عَنْهُ قال: سَمِعْتُ النَّبِيَّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«لَا تُطْرُونِي كَمَا أَطْرَتِ النَّصَارَى ابْنَ مَرْيَمَ؛ فَإِنَّمَا أَنَا عَبْدُهُ، فَقُولُوا: عَبْدُ اللهِ وَرَسُولُهُ».
المزيد
အုမရ်ဗင်န်ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။
နဆ်ွရာနီတို့သည် မရ်ယမ်၏ သားတော်(တမန်တော်အီစာ) (အလိုင်းဟိစ္စလာမ်)အား အတိုင်းထက်အလွန် ကြည်ညိုအမွှမ်းတင်ကြသကဲ့သို့ အသင်တို့သည် ငါကိုယ်တော်အား အတိုင်းထက်အလွန် ကြည်ညိုအမွှမ်းတင်ခြင်းမပြုကြနှင့်။ ငါကိုယ်တော်သည် အရှင်မြတ်၏ကျေးကျွန်သာဖြစ်သည်။ ထို့ကြောင့်ငါကိုယ်တော်အား အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်သည်ဟူ၍သာ သင်တို့ပြောကြလေကုန်။