ဟဒီးဆ်တော်များစာရင်း

ယဟူဒီနှင့် နဆွ်ရာနီတို့အပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ (လအ်နသ်)ကရုဏာကင်းဝေးမှု ကျရောက်ပါစေ။ ၎င်းတို့သည် မိမိတို့တမန်တော်များ၏ ကဗရ်သင်္ချိုင်းများကို စဂျ်ဒဟ်ဦးချရာနေရာများအဖြစ် သတ်မှတ်ခဲ့ကြသည်။
عربي الإنجليزية الأوردية
ငါအရှင်မြတ်သည် ဖက်စပ်ကိုးကွယ်သူတို့၏ ဖက်စပ်ကိုးကွယ်ခြင်းမှ ကင်းရှင်းတော်မူသည်။ အကြင်သူသည် အမလ်ကောင်းမှုပြုလုပ်ရာတွင် ငါအရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာကို ဖက်စပ်ကိုးကွယ်ခဲ့လျှင် ငါအရှင်မြတ်သည် ထိုသူနှင့် သူ၏ဖက်စပ်ကိုးကွယ်မှုကိုပါ စွန့်ပစ်တော်မူသည်။
عربي الإنجليزية الأوردية
ငါကိုယ်တော်သည် အသင်တို့အနက် တစ်ဦးတစ်ယောက်အား ငါကိုယ်တော်အတွက် အချစ်တော်၊အဆွေတော်အဖြစ် သတ်မှတ်ခြင်းမှ အလ္လာဟ်အရှင်မြတ်ထံတွင် ကင်းရှင်းတော်မူသည်။ အမှန်တကယ်ပင် အလ္လာဟ်အရှင်မြတ်သည် အိဗ်ရာဟီမ်(အလိုင်းဟိစ္စလာမ်)အား (ခလီလ်)အချစ်တော်၊ အဆွေတော်အဖြစ် သတ်မှတ်ခဲ့သလို ငါကိုယ်တော်အားလည်း အချစ်တော်၊ အဆွေတော်အဖြစ် သတ်မှတ်တော်မူခဲ့သည်။
عربي الإنجليزية الأوردية
နဆ်ွရာနီတို့သည် မရ်ယမ်၏ သားတော်(တမန်တော်အီစာ) (အလိုင်းဟိစ္စလာမ်)အား အတိုင်းထက်အလွန် ကြည်ညိုအမွှမ်းတင်ကြသကဲ့သို့ အသင်တို့သည် ငါကိုယ်တော်အား အတိုင်းထက်အလွန် ကြည်ညိုအမွှမ်းတင်ခြင်းမပြုကြနှင့်။ ငါကိုယ်တော်သည် အရှင်မြတ်၏ကျေးကျွန်သာဖြစ်သည်။ ထို့ကြောင့်ငါကိုယ်တော်အား အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်သည်ဟူ၍သာ သင်တို့ပြောကြလေကုန်။
عربي الإنجليزية الأوردية
ကိယာမသ် တရားစီရင်မည့်နေ့၌ ငါကိုယ်တော်၏ ရှဖာအသ် ကြားဝင်အသနားခံပေးမှုဖြင့် နဖူးစာအကောင်းဆုံးဖြစ်မည့်သူမှာ မိမိနှလုံးသားတွင်း၌ အရှင်မြတ်အတွက်သာရည်စူး၍ (လာအိလာဟအိလ္လလ္လာဟ်)ကို ရွတ်ဆိုခဲ့သူဖြစ်သည်။
عربي الإنجليزية الأوردية
အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာကို ဟစ်ခေါ်ဆုတောင်း၍ သေဆုံးခဲ့လျှင် ထိုသူသည် ဂျဟန္နမ်ငရဲသို့
عربي الإنجليزية الأوردية
အစွန်းရောက်သူများ ပျက်စီးပါစေ
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျွန်ုပ်အား စေလွှတ်ခဲ့သည့်အတိုင်း ကျွန်ုပ်လည်း သင့်အားမစေလွှတ်ရဘူးလား။ ၎င်းမှာ မည်သည့်ရုပ်ပုံကိုမျှ မချန်ထားဘဲ ဖျက်ဆီးပစ်ရန်နှင့် မြင့်နေသည့် ကဗရ်သင်္ချိုင်းတိုင်းအား (မြေပြင်နှင့်) တပြေးတည်းဖြစ်အောင် ပြုလုပ်ရန်ဖြစ်သည်။
عربي الإنجليزية الأوردية
(ကဗီရဟ်)ကြီးလေးသော အပြစ်အကုသိုလ်များမှာ အလ္လာဟ်အရှင်မြတ်အား (ရှိရ်က်) ယှဉ်တွဲကိုးကွယ်မှုပြုခြင်း၊အလ္လာဟ်အရှင်မြတ်၏ အကြံအစည်တော်ကို စိုးရိမ်မှုမရှိဘဲ စိတ်ချနေခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ မျှော်လင့်ချက် ကင်းမဲ့ခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကို မက်ဆန္ဒမထားခြင်းတို့ဖြစ်သည်။
عربي الإنجليزية الأوردية
မျက်စိထိခြင်းမှ ကာကွယ်ရန်အတွက် ကုလားအုတ်လည်ပင်း၌ ချည်ထားသော မည်သည့်ခေါင်းလောင်းကြိုးနှင့် ခမည်းကြိုးကိုမဆို မချန်ထားဘဲ ဖြတ်တောက်ပစ်ရန် မှာကြားတော်မူခဲ့သည်။
عربي الإنجليزية الأوردية
အကြင်သူသည် (အင်းအိုင်၊အဆောင်၊လက်ဖွဲ့၊ခမည်း)တစ်စုံတစ်ရာကို ချိတ်ဆွဲပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ထိုအရာဘက်သို့အပ်နှင်းတော်မူမည်ဖြစ်သည်။
عربي الإنجليزية الأوردية
အကြင်သူသည် ကလိမဟ်တော် “လာအိလာဟ အိလ္လလ္လာဟ်”အား ရွတ်ဆိုပြီး အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခံရသော အရာများကို ငြင်းပယ်ခဲ့ပါက ၎င်း၏ ပစ္စည်းဥစ္စာနှင့် အသက်သွေးတို့သည် (အခြားသူတစ်ဦးအတွက်) ဟရာမ်ဖြစ်သွားချေပြီ။ ၎င်းအား စာရင်းစစ်ဆေးခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်ပေသည်။
عربي الإنجليزية الأوردية
ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် ငရဲသားများအနက်မှ ပြစ်ဒဏ်အပေါ့ဆုံးသူကို ဤသိုမိန့်တော်မူမည်။ ကမ္ဘာပေါ်တွင်ရှိရှိသမျှအရာများအားလုံးကို အသင်ပိုင်ဆိုင်ပြီး ယင်းပိုင်ဆိုင်မှုအားလုံးနှင့်(ဤပြစ်ဒဏ်ကို လဲလှယ်၍)လျော်ကြေးပေးမည်‌လော။ ထိုအခါ ယင်းငရဲသားက လဲလှယ်ပါမည်ဟု ဖြေကြားလိမ့်မည်။
عربي الإنجليزية الأوردية
ထိုမှန်ကန်သည့်စကားသည် ဂျင်န်က (ကောင်းကင်တမန်များထံမှ) အလျင်အမြန်သုတ်ယူလာပြီး မိမိ၏မိတ်ဆွေ (နက္ခတ်ဗေဒင်အကြားအမြင်ဆရာ)၏နားထဲသို့ ကြက်မတစ်ကောင်၏အသံကဲ့သို့ ပြောကြားလိုက်သည့် စကားသာဖြစ်သည်။ ၎င်းနက္ခတ်ဗေဒင်အကြားအမြင်ဆရာများသည် ထိုစကားအား မုသားစကား တစ်ရာဖြင့် ရောထွေးလိုက်ကြသည်။
عربي الإنجليزية الأوردية
အသင်တို့သည် ကဗရ်သင်္ချိုင်းများပေါ်တွင် မထိုင်ကြနှင့် ၎င်းတို့ဘက်သို့လှည့်၍ ဆွလာသ် မဆောက်တည်ကြနှင့်။
عربي الإنجليزية الأوردية
အကြင်သူတို့သည် ၎င်းတို့ထဲမှ သူတော်စင် ကျေးကျွန်တစ်ဦး သို့မဟုတ် သူတော်ကောင်းတစ်ဦး ကွယ်လွန်ခဲ့လျှင် ထိုသူ၏ ကဗရ်သင်္ချိုင်းပေါ်တွင် ဘုရားကျောင်းဆောက်လုပ်ခဲ့ကြပြီး
عربي الإنجليزية الأوردية
ဧကန်မုချ အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ ကျေးကျွန်များအပေါ်တွင်ရှိသည့်ဝတ္တရားမှာ ထိုအရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုရန်ဖြစ်သည်။ ကျေးကျွန်များနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အပေါ်တွင်ရှိသည့် ဝတ္တရားမှာ အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုသူအား အဇာဗ်ပြစ်ဒဏ်မပေးရန်ဖြစ်သည်။
عربي الإنجليزية الأوردية
မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဉ်တွဲကိုးကွယ်ခြင်းမပြုပဲ သေဆုံးခဲ့ပါက ဂျန္နသ် သုခဘုံသို့ဝင်ရောက်ရမည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဉ်တွဲကိုးကွယ်၍ သေဆုံးခဲ့ပါက ဂျဟန္နမ်ငရဲဘုံသို့ဝင် ရောက်ရမည်။
عربي الإنجليزية الأوردية
ဧကန်မုချ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မိမိတို့၏ ဘိုးဘွားများနှင့်ကျိန်ဆိုခြင်းမပြုရန် တားမြစ်ထားသည်။
عربي الإنجليزية الأوردية
အသင်တို့သည် ‘အလ္လာဟ်အရှင်မြတ်အလိုရှိသည့်အတိုင်းနှင့် မည်သူမည်ဝါ အလိုရှိသည့်အတိုင်း ဖြစ်ခဲ့သည်။’ဟု မပြောဆိုကြလေနှင့်။ သို့သော် ‘အလ္လာဟ်အရှင်မြတ်အလိုရှိသည့်အတိုင်း ဖြစ်ခဲ့သည်။ ထို့နောက် မည်သူမည်ဝါ အလိုရှိသည့်အတိုင်း ဖြစ်ခဲ့သည်’ဟုသာ ပြောဆိုကြပါ။
عربي الإنجليزية الأوردية
(အစ္စလာမ်သာသနာတွင်)ရောဂါဟူသည် (သူ့အလိုလို)ကူးစက်ခြင်းမရှိ၊ မကောင်းနိမိတ်ကောက်ခြင်းမရှိ၊ ငါကိုယ်တော်မြတ်သည် ‘ဖအ်လ်’ ကိုနှစ်သက်တော်မူသည်။ အချို့က ‘ဖအ်လ်’ ဟူသည် အဘယ်နည်းဟု မေးမြန်းကြရာ ကိုယ်တော်မြတ်က အမိန့်ရှိသည်မှာ ကောင်းသောစကားဆိုခြင်း(ကောင်း သောနိမိတ်ကောက်ခြင်း)ဖြစ်သည်။
عربي الإنجليزية الأوردية
မည်သည့်အချက်အပေါ် ကျွန်တော်မျိုးတို့ ကိုယ်တော့်အား ကတိသစ္စာပြုရပါမည်နည်းဟု လျှောက်ထားခဲ့ကြသည်။ ထိုအခါ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ပြီး အရှင်မြတ်နှင့်အတူ မည့်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်ခြင်းမပြုရန်၊ ဆွလာသ်ငါးကြိမ် ဆောက်တည်ရန်၊ အမိန့်နာခံကြရန်၊ (ကိုယ်တော်သည် အသံကို နှိမ့်လိုက်ပြီး) အသင်တို့သည် လူတို့ထံတွင် မည်သည့် တစ်စုံတစ်ရာကိုမျှ မတောင်းခံကြ‌ရန် တို့ဖြစ်သည်။
عربي الإنجليزية الأوردية
ငါကိုယ်တော်၏အသက်ကို စိုးပိုင်တော်မူသော အရှင်၏ ကစမ်၊ အသင်တို့သည် မုချဧကန် အသင်တို့ထက်အလျင် ရှိခဲ့ကြသူ (ယဟူဒ်၊ နတ်စ်ွရာနီ) တို့၏ လမ်းစဉ်ကို လိုက်နာကြမည် ဖြစ်သည်။
عربي الإنجليزية الأوردية
လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံသို့ ရောက်ရှိလာပြီး အကြောင်းအရာတစ်ခုခုနှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုခဲ့သည်။ ထို့နောက် ထိုသူက (مَا شَاءَ اللهُ وَشِئْتَ) “အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသည့်အတိုင်းနှင့် အသင် (တမန်တော်) အလိုရှိတော်မူသည့်အတိုင်းသာ (ဖြစ်ခဲ့သည်)” ဟု ပြောဆိုလိုက်သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က “သင်သည် ငါကိုယ်‌တော်အား အလ္လာဟ်အရှင်မြတ်နှင့် တန်းတူအဖြစ် ပြုလုပ်လိုက်လေသလော။ ‘အလ္လာဟ်အရှင်မြတ်တစ်ဆူတည်း အလိုရှိတော်မူသည့်အတိုင်းသာ (ဖြစ်ခဲ့သည်)’ ဟု ပြောဆိုလော့” ဟု မိန့်ကြားတော်မူခဲ့သည်။
عربي الإنجليزية الأوردية
သအ်ဝီးဇ်ချိတ်ဆွဲသူသည် အလ္လာဟ်အရှင်မြတ်နှင့် ရှိရ်က်တုဖက်နှိုင်းယှဉ်လိုက်ခြင်းဖြစ်သည်။
عربي الإنجليزية الأوردية
ခွေးနှင့်ရုပ်ပုံရှိသောအိမ်တွင် မလာအိကဟ်ကောင်းကင်တမန်များ မဝင်ရောက်ပေ။
عربي الإنجليزية الأوردية
သင်တို့သည် ရုပ်တုများဖြင့် ကျိန်ဆိုခြင်း မပြုကြနှင့်။ သင်တို့၏ဘိုးဘေးဘီဘင်များဖြင့်လည်း ကျိန်ဆိုခြင်း မပြုကြနှင့်။
عربي الإنجليزية الأوردية
။ ဤဥယျာဉ်၏နောက်ဘက်တွင် သင်တွေ့ရသောသူမှန်သမျှ မည်သူမဆို "လာအိလာအစ်လ္လာဟ်" (အလ္လာဟ်အရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ခံထိုက်ဟူ၍ အလျင်းမရှိကြောင်း) ကို စိတ်နှလုံးဖြင့် ယုံကြည်စွာ သက်သေခံခဲ့လျင် ထိုသူအား ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်ဟု ဝမ်းမြောက်စရာသတင်းပေးလိုက်ပါ”
عربي الإنجليزية الأوردية
ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် သုံးမျိုးသောအရာကို နှစ်သက်တော်မူပြီး၊ သုံးမျိုးသောအရာကို နှစ်သက်တော်မမူပေ
عربي الإنجليزية الإندونيسية
“ယဟူဒီများနှင့် နတ်စ်ွရာနီများအပေါ် အလ္လာဟ်အရှင်မြတ်၏ လအ်နသ်ကျရောက်ပါစေ၊ ၎င်းတို့သည် မိမိတို့၏ နဗီတမန်တော်များ၏ ကဗရ်သင်္ချိုင်းများကို စဂျ်ဒဟ်ဦးချရာနေရာများ အဖြစ် ပြုလုပ်ခဲ့ကြသည်”
عربي الإنجليزية الأوردية