အမျိုးအစားခွဲများ

ဟဒီးဆ်တော်များစာရင်း

ယဟူဒီနှင့် နဆွ်ရာနီတို့အပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ (လအ်နသ်)ကရုဏာကင်းဝေးမှု ကျရောက်ပါစေ။ ၎င်းတို့သည် မိမိတို့တမန်တော်များ၏ ကဗရ်သင်္ချိုင်းများကို စဂျ်ဒဟ်ဦးချရာနေရာများအဖြစ် သတ်မှတ်ခဲ့ကြသည်။ကိုယ်တော်မြတ်သည် မိမိ၏နောက်လိုက်သားတို့အား ၎င်း(ယဟူဒ်၊နဆွာရာ)တို့လုပ်ကြသကဲ့သို့(မလုပ်ကြရန်) သတိပေးခြိမ်းခြောက်တော်မူသည်။ ထိုသို့ဖြစ် လာမည်ကို မစိုးရိမ်ရပါက ကိုယ်တော်၏ကဗရ်အား ပေါ်လွင်ထင်ရှားစွာ ထားမည်ဖြစ်သည်။ သို့သော် ကိုယ်တော်သည် ကဗရ်အား စဂ်ျဒဟ်ဦးချရာနေရာအဖြစ် သတ်မှတ်မည်ကို စိုးရိမ်ခဲ့သည်။
عربي အင်္ဂလိပ် ပြင်သစ်
ငါအရှင်မြတ်သည် ဖက်စပ်ကိုးကွယ်သူတို့၏ ဖက်စပ်ကိုးကွယ်ခြင်းမှ ကင်းရှင်းတော်မူသည်။ အကြင်သူသည် အမလ်ကောင်းမှုပြုလုပ်ရာတွင် ငါအရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာကို ဖက်စပ်ကိုးကွယ်ခဲ့လျှင် ငါအရှင်မြတ်သည် ထိုသူနှင့် သူ၏ဖက်စပ်ကိုးကွယ်မှုကိုပါ စွန့်ပစ်တော်မူသည်။
عربي အင်္ဂလိပ် ပြင်သစ်
ငါကိုယ်တော်သည် အသင်တို့အနက် တစ်ဦးတစ်ယောက်အား ငါကိုယ်တော်အတွက် အချစ်တော်၊အဆွေတော်အဖြစ် သတ်မှတ်ခြင်းမှ အလ္လာဟ်အရှင်မြတ်ထံတွင် ကင်းရှင်းတော်မူသည်။ အမှန်တကယ်ပင် အလ္လာဟ်အရှင်မြတ်သည် အိဗ်ရာဟီမ်(အလိုင်ဟိစ္စလာမ်)အား (ခလီလ်)အချစ်တော်၊ အဆွေတော်အဖြစ်သတ်မှတ်ခဲ့သလို ငါကိုယ်တော်အားလည်း အချစ်တော်၊ အဆွေတော်အဖြစ်သတ်မှတ်တော်မူခဲ့သည်။ အကယ်၍ ငါကိုယ်တော်သည် ငါ၏နောက်လိုက်သားတို့အနက်မှ အချစ်တော်၊ အဆွေတော်သတ်မှတ်ရမည်ဆိုလျှင် မုချအဗူဗကရ်(ရဿွိရလ္လာဟုအန်ဟု)အား သတ်မှတ်မည်ဖြစ်သည်။
عربي အင်္ဂလိပ် ပြင်သစ်
နဆ်ွရာနီတို့သည် မရ်ယမ်၏သားတော် (အီစာ) (အလိုင်ဟိစ္စလာမ်)အား အတိုင်းထက်အလွန် ကြည်ညိုအမွှမ်းတင်ကြသကဲ့သို့ သင်တို့သည်လည်း ငါကိုယ်တော်အား အတိုင်းထက်အလွန် ကြည်ညိုအမွှမ်းတင်ခြင်း မပြုကြလေနှင့်။ ငါကိုယ်တော်သည် ကျွန်တစ်ဦးသာဖြစ်သည်။ ထို့ကြောင့် ငါကိုယ်တော်အားအလ္လာဟ်အရှင်မြတ်၏ကျွန်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်ဟူ၍သာ အသင်တို့ပြောဆိုကြပါ။
عربي အင်္ဂလိပ် ပြင်သစ်
ကိုယ်တော်၏ ရှဖာအသ်ကြားဝင်အသနားခံပေးမှုဖြင့် နဖူးစာအကောင်းဆုံးဖြစ်မည့်သူမှာ မည်သူပါနည်း။ ကိုယ်တော်က မိန့်ကြားတော်မူသည် ထိုသူမှာ မိမိနှလုံးသားထဲမှ အရှင်မြတ်အတွက်သာ ရည်စူး၍ (လာအိလာဟအိလ္လလ္လာဟ်)အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိ ဟူ၍ ပြောဆိုခဲ့သူဖြစ်သည်။
عربي အင်္ဂလိပ် ပြင်သစ်
အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာကို ဟစ်ခေါ်ဆုတောင်း၍ သေဆုံးခဲ့လျှင် ထိုသူသည် ဂျဟန္နမ်ငရဲသို့ လားရမည်။
عربي အင်္ဂလိပ် ပြင်သစ်
အစွန်းရောက်သူများ ပျက်စီးပါစေဟု သုံးကြိမ်တိုင်တိုင် မိန့်တော်မူခဲ့သည်။
عربي အင်္ဂလိပ် ပြင်သစ်
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်ုပ်အား စေလွှတ်ခဲ့သည့်အတိုင်း ကျွန်ုပ်လည်း သင့်အားမစေလွှတ်ရဘူးလား။ ၎င်းမှာ မည်သည့်ရုပ်ပုံကိုမျှ မချန်ထားဘဲ ဖျက်ဆီးပစ်ရန်နှင့် မြင့်နေသည့် ကဗရ်သင်္ချိုင်းတိုင်းအား (မြေပြင်နှင့်) တပြေးတည်းဖြစ်အောင် ပြုလုပ်ရန်ဖြစ်သည်။
عربي အင်္ဂလိပ် ပြင်သစ်
(ကဗီရဟ်)ကြီးလေးသော အပြစ်အကုသိုလ်များမှာ အလ္လာဟ်အရှင်မြတ်အား (ရှိရ်က်) ယှဉ်တွဲကိုးကွယ်မှုပြုခြင်း၊အလ္လာဟ်အရှင်မြတ်၏ အကြံအစည်တော်ကို စိုးရိမ်မှုမရှိဘဲ စိတ်ချနေခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ မျှော်လင့်ချက် ကင်းမဲ့ခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကို မက်ဆန္ဒမထားခြင်းတို့ဖြစ်သည်။
عربي အင်္ဂလိပ် ပြင်သစ်
သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)နှင့်အတူ ခရီးစဉ်တစ်ခု၌ရှိခဲ့သည်။ ကိုယ်တော်က အစေတော်တစ်ဦးအား စေလွှတ်၍ မျက်စိထိခြင်းမှ ကာကွယ်ရန်အတွက် ကုလားအုတ်လည်ပင်း၌ ချည်ထားသော မည်သည့်ခေါင်းလောင်းကြိုးနှင့် ခမည်းကြိုးကိုမဆို မချန်ထားဘဲ ဖြတ်တောက်ပစ်ရန် မှာကြားတော်မူခဲ့သည်။
عربي အင်္ဂလိပ် ပြင်သစ်
အကြင်သူသည် (အင်းအိုင်၊အဆောင်၊လက်ဖွဲ့၊ခမည်း)တစ်စုံတစ်ရာကို ချိတ်ဆွဲပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ထိုအရာဘက်သို့အပ်နှင်းတော်မူမည်ဖြစ်သည်။
عربي အင်္ဂလိပ် ပြင်သစ်
အကြင်သူသည် “လာအိလာဟ အိလ္လလ္လာဟ်”အား ရွတ်ဆိုပြီး အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခံရသော အရာများကို ငြင်းပယ်ခဲ့ပါက ၎င်း၏ ပစ္စည်းဥစ္စာနှင့်အသက်သွေးတို့သည် (အခြားသူတစ်ဦးအတွက်)ဟရာမ်ဖြစ်သွားချေပြီ။ ၎င်းအား စာရင်းစစ်ဆေးခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်ပေသည်။
عربي အင်္ဂလိပ် ပြင်သစ်
ကောင်းကင်တမန်များသည် တိမ်တိုက်များဆီသို့ ဆင်းလာကြပြီး မိုးကောင်းကင်၌ ဆုံးဖြတ်ထားသည့် ကိစ္စများကိုပြောဆိုကြသည်။ ထိုအခါ ရှိုင်သွာန်တို့သည် ခိုးနားထောင်ကြပြီး မိမိကြားခဲ့သည်ကို နက္ခတ်ဗေဒင်အကြားအမြင်ဆရာများအား ပြောပြကြသည်။ ၎င်းနက္ခတ်ဗေဒင်အကြားအမြင်ဆရာများသည် ထိုသတင်းအား မိမိတို့ဘက်မှ မုသားစကား တစ်ရာဖြင့် ရောထွေးပြီးလိမ်လည်ကြသည်။
عربي အင်္ဂလိပ် ပြင်သစ်
အသင်တို့သည် ကဗရ်သင်္ချိုင်းများ ဘက်သို့ လှည့်၍ ဆွလာသ် မဆောက်တည်ကြနှင့် ၎င်းတို့အပေါ်တွင်လည်း မထိုင်ကြနှင့်။
عربي အင်္ဂလိပ် ပြင်သစ်
အကြင်သူတို့သည် ၎င်းတို့ထဲမှ သူတော်စင် ကျေးကျွန်တစ်ဦး သို့မဟုတ် သူတော်ကောင်းတစ်ဦး ကွယ်လွန်ခဲ့လျှင် ထိုသူ၏ ကဗရ်သင်္ချိုင်းပေါ်တွင် ဘုရားကျောင်းဆောက်လုပ်ခဲ့ကြပြီး ၎င်းသူ၏ ရုပ်ပုံများကိုကျောင်းထဲတွင် ရေးဆွဲခဲ့ကြသည်။ထို့ကြောင့် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်ထံတော်၌ အဖန်ဆင်းခံများအနက် အဆိုးယုတ်ဆုံးသူများပင်ဖြစ်ကြသည်။
عربي အင်္ဂလိပ် ပြင်သစ်
အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ကျေးကျွန်များအပေါ်တွင်ရှိသည့်ဝတ္တရားမှာ ထိုအရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုရန်ဖြစ်သည်။
عربي အင်္ဂလိပ် ပြင်သစ်
မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဉ်တွဲကိုးကွယ်ခြင်း မပြုပဲ သေဆုံးခဲ့ပါက ဂျန္နသ် သုခဘုံသို့ဝင်ရောက်ရမည်။
عربي အင်္ဂလိပ် ပြင်သစ်