عَنْ عُقْبَةَ بْنِ عَامِرٍ الْجُهَنِيِّ رضي الله عنه:
أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ أَقْبَلَ إِلَيْهِ رَهْطٌ، فَبَايَعَ تِسْعَةً وَأَمْسَكَ عَنْ وَاحِدٍ، فَقَالُوا: يَا رَسُولَ اللهِ، بَايَعْتَ تِسْعَةً وَتَرَكْتَ هَذَا؟ قَالَ: «إِنَّ عَلَيْهِ تَمِيمَةً»، فَأَدْخَلَ يَدَهُ فَقَطَعَهَا، فَبَايَعَهُ، وَقَالَ: «مَنْ عَلَّقَ تَمِيمَةً فَقَدْ أَشْرَكَ».

[حسن] - [رواه أحمد] - [مسند أحمد: 17422]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အုက်ဗဟ်ဗင်န်အာမိရ် အလ်ဂျုဟနီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံတော်ပါးသို့ အုပ်စုတစ်စုရောက်လာလေရာ ကိုယ်တော်မြတ်သည် ကိုးဦးသောသူ၏သစ္စာခံခြင်းလက်ခံလိုက်ပြီး တစ်ဦး၏သစ္စာခံခြင်းကို လက်မခံဘဲရပ်ဆိုင်းထား၏။ သာဝကကြီးများက လျှောက်ထားကြသည်မှာ ကိုးဦးသောသူ၏သစ္စာခံခြင်းကို လက်ခံလိုက်ပြီး ဤသူ့ကို အဘယ်ကြောင့်စွန့်ပယ်ထားပါသနည်း။ ကိုယ်တော်မြတ်က ဖြေကြားတော်မူသည်မှာ သူ့ထံတွင် သအ်ဝီးဇ်လက်ဖွဲ့ရှိသောကြောင့်ဖြစ်သည်။ ထို့နောက်ကိုယ်တော်မြတ်သည် မိမိလက်ဖြင့်နှိုက်၍သအ်ဝီးဇ်အား ဖြတ်လိုက်လေသည်။ ပြီးနောက် သူ၏သစ္စာခံခြင်းကို လက်ခံလိုက်သည်။ ၎င်းနောက်မိန့်ကြားတော်မူသည်မှာ သအ်ဝီးဇ်ချိတ်ဆွဲသူသည် အလ္လာဟ်အရှင်မြတ်နှင့် ရှိရ်က်တုဖက်နှိုင်းယှဉ်လိုက်ခြင်းဖြစ်သည်။

[ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။] - [အိမာမ် အဟ်မဒ် ဆင့်ပြန်ခဲ့သည်။] - [مسند أحمد - 17422]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံတော်ပါးသို့ အုပ်စုတစ်စုရောက်လာသည်။ သူတို့အားလုံး ဆယ်ယောက်ရှိကြသည်။ ကိုးဦးသောသူသည် အစ္စလာမ်သာသနာတော်ကို လက်ခံပြီး ကိုယ်တော်မြတ်၏နောက်သို့လိုက်ပါမည်ဟု သစ္စာခံခဲ့ကြသည်။ ဆယ်ရောက်မြောက် ပုဂ္ဂိုလ်၏သစ္စာခံခြင်းကို လက်မခံခဲ့ပေ။ ဤသို့ဖြစ်ရခြင်း၏အကြောင်းတ ရားအား ကိုယ်တော်မြတ်အား မေးမြန်းကြသည့်အခါ ကိုယ်တော်မြတ်ကဖြေကြားသည်မှာ - သူ့ထံတွင် သအ်ဝီးဇ်လက်ဖွဲ့ရှိသောကြောင့်ဖြစ်သည်။ လက်ဖွဲ့ဟူသည် မျက်စိထိခြင်း သို့မဟုတ် ဘေးအန္တရယ်အပေါင်းမှ ကင်းဝေးရန်အတွက် ပုတီးစေ့ကဲ့သို့အရာများနှင့် အခြားအရာများဖြင့် ချည်ထားသော သို့မဟုတ် ချိတ်ထားသောအရာကို ခေါ်ပေသည်။ ထို့နောက် ကိုယ်တော်မြတ်သည် သအ်ဝီးဇ် လက်ဖွဲ့ရှိနေသည့်နေရာကို မိမိလက်ဖြင့်နှိုက်၍သအ်ဝီးဇ်အား ဖြတ်ကာ ဖယ်ရှားလိုက်လေသည်။ ဤသို့ပြုပြီးနောက် သူ၏သစ္စာခံခြင်းကို လက်ခံလိုက်သည်။ ၎င်းနောက် သအ်ဝီးဇ် လက်ဖွဲ့များမှ တားမြစ်သောအားဖြင့် ယင်းသအ်ဝီးဇ်၏အမိန့်ကို ရှင်းပြလျက် မိန့်ကြားတော်မူသည်မှာ သအ်ဝီးဇ်ချိတ်ဆွဲသူသည် အလ္လာဟ်အရှင်မြတ်နှင့် ရှိရ်က်တုဖက်နှိုင်းယှဉ်လိုက်ခြင်းဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပအခြားသူများအား အားကိုးထားပြုပါက အလ္လာဟ်အရှင်မြတ်သည်သူ့အား သူ၏ရည်ရွယ်ချက်နှင့် ဆန့်ကျင်ဘက်ပြုမူဆက်ဆံလိမ့်မည်။
  2. သအ်ဝီးဇ်ချိတ်ဆွဲခြင်းသည် ဘေးဒုက္ခနှင့် မျက်စိထိခြင်းမှကာကွယ်ပေးသော အကြောင်းခံတစ်ခုဖြစ် သည်ဟု ယုံကြည်ခြင်းသည် ရှိရ်က်အသေးစားဖြစ်သည်။ အကယ်၍ ယင်းသအ်ဝီးဇ်ကိုယ်၌က ကောင်းကျိုးပေးနိုင်သည်ဟု ယုံကြည်ပါက ရှိရ်က်အကြီးစားဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (56)
ထပ်၍