+ -

عن عائشة - رضي الله عنها-، أن أمَّ سَلَمَة، ذَكَرَت لرسول الله صلى الله عليه وسلم كَنِيسة رأتْهَا بأرض الحَبَشَةِ يُقال لها مَارِيَة، فذَكَرت له ما رأَت فيها من الصُّور، فقال رسول الله صلى الله عليه وسلم : «أولئِكِ قوم إذا مات فيهم العَبد الصالح، أو الرُّجل الصَّالح، بَنُوا على قَبره مسجدا، وصَوَّرُوا فيه تلك الصِّور، أولئِكِ شِرَار الخَلْق عند الله».
[صحيح] - [متفق عليه]
المزيــد ...

အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အုမ္မုစလမဟ် (ရဿွိယလ္လာဟုအန်ဟာ)သည် အီသီယိုးပီးယားနိုင်ငံတွင် သူမ မြင်တွေ့ခဲ့သည့် ‘မာရီယာ’ဟုခေါ်သော နဆွ်ရာနီ ဘုရားကျောင်းအကြောင်းကို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား တင်ပြခဲ့သည်။ ထို့ပြင် ထိုကျောင်းထဲ၌ သူမ မြင်တွေ့ခဲ့ရသည့် ရုပ်ပုံများ အကြောင်းကိုလည်း ကိုယ်တော့်အား တင်ပြခဲ့သည်။ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- အကြင်သူတို့သည် ၎င်းတို့ထဲမှ သူတော်စင် ကျေးကျွန်တစ်ဦး သို့မဟုတ် သူတော်ကောင်းတစ်ဦး ကွယ်လွန်ခဲ့လျှင် ထိုသူ၏ ကဗရ်သင်္ချိုင်းပေါ်တွင် ဘုရားကျောင်းဆောက်လုပ်ခဲ့ကြပြီး ၎င်းသူ၏ ရုပ်ပုံများကို ကျောင်းထဲတွင် ရေးဆွဲခဲ့ကြသည်။ထို့ကြောင့် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်ထံတော်၌ အဖန်ဆင်းခံများအနက် အဆိုးယုတ်ဆုံးသူများပင်ဖြစ်ကြသည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။]

ရှင်းလင်းချက်

အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ပြောပြခဲ့သည်။ အုမ္မုစလမဟ် (ရဿွိယလ္လာဟုအန်ဟာ)သည် အီသီယိုးပီးယားနိုင်ငံတွင် ရှိခဲ့စဉ် ထိုနိုင်ငံ၌ ရုပ်ပုံများပါရှိသော နဆ်ွရာနီ ဘုရားကျောင်းကိုမြင်တွေ့ခဲ့သည်။ ထို့ကြောင့် သူမသည် ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား သူမ မြင်တွေ့ခဲ့သည့် ထိုဘုရားကျောင်း၌ လှပစွာပြင်ဆင်ထားမှုများနှင့် ရုပ်ပုံများအကြောင်း အံ့ဩကြီးစွာ တင်ပြခဲ့သည်။ ထိုလုပ်ရပ်များသည် အပြစ်ကြီးမားပြီး၊ သောင်ဟီးဒ်တရားတော်အတွက် အလွန်အန္တရာယ်ကြီးမားသောကြောင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် (လှဲနေရာမှ)မိမိ၏ ဦးခေါင်းကို မြှောက်လိုက်တော်မူပြီး မိမိ၏အွမ္မသ်နောက်လိုက်တို့အား ထိုသူတို့၏ လုပ်ရပ်များမှ သတိပေးတားမြစ်ရန်အတွက် ဤကဲ့သို့ ရုပ်ပုံများထားရှိခြင်း၏ အကြောင်းအရင်းကို သူမတို့အား ရှင်းပြတော်မူခဲ့သည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- အသင်မတို့ ပြောပြခဲ့ကြသည့် ထိုသူများသည် ၎င်းတို့အနက်မှ သူတော်ကောင်းတစ်ဦး ကွယ်လွန်ခဲ့လျှင် ထိုသူ၏ ကဗရ်သင်္ချိုင်းပေါ်တွင် “မတ်စ်ဂျစ်ဒ်” ဝတ်ကျောင်းတော် ဆောက်လုပ်လိုက်ကြပြီး ထိုကျောင်းထဲ၌ “ဆွလာသ်” ဝတ်ပြုကြသည်။ ၎င်းပြင် ထိုကဲ့သို့ ရုပ်ပုံများကိုလည်း ရေးဆွဲခဲ့ကြသည်။ ထိုလုပ်ရပ်သည် အလ္လာဟ်အရှင်မြတ်နှင့် ဖက်စပ်ယှဉ်တွဲကိုးကွယ်မှုထဲသို့ ကျရောက်စေသဖြင့် ဤသို့ပြုလုပ်သူသည် အလ္လာဟ်အရှင်မြတ်ထံတော်၌ အဖန်ဆင်းခံများအနက် အဆိုးယုတ်ဆုံးသူများပင်ဖြစ်ကြောင်းကိုယ်တော်က ရှင်းပြတော်မူခဲ့သည်။

ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি অরমো কন্নড় الولوف আজারী الأوكرانية الجورجية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ရှိရ်က် ဖက်စပ်ယှဉ်တွဲ ကိုးကွယ်မှုကို ဖြစ်စေမည့် အကြောင်းခံများကို တားမြစ်ပိတ်ပင်ရန်နှင့် ရုပ်တု ကိုးကွယ်သူများနှင့် တူဆင်ခြင်းမရှိစေရန်အတွက် ကဗရ်သင်္ချိုင်းများပေါ်တွင် ဗလီဝတ်ကျောင်းတော်များ ဆောက်လုပ်ခြင်းနှင့် ဗလီထဲတွင် သေသူတို့အား မြှုပ်နှံခြင်းတို့ကို တားမြစ်ထားသည်။
  2. ကဗရ်သင်္ချိုင်းများပေါ်တွင် ဗလီဝတ်ကျောင်းတော်များ ဆောက်လုပ်ခြင်း၊ ဗလီထဲ၌ ရုပ်ပုံများ၊ရုပ်ထုများ စိုက်ထူခြင်းသည် ယဟူဒီ၊ နဆ်ွရာနီတို့၏ လုပ်ရပ်ဖြစ်သည်။ ထို့ကြောင့် ဤလုပ်ရပ်မျိုး ပြုလုပ်သူသည် ယဟူဒီ၊ နဆ်ွရာနီတို့နှင့် အတူတူပင်ဖြစ်သွားပြီး ၎င်းတို့ခံရမည့်အပြစ်ဒဏ်ကို ထိုသူလည်းခံရမည်ဖြစ်သည်။
  3. ကဗရ်သင်္ချိုင်းများ၌ ဆွလာသ်ဆောက်တည်ခြင်းသည် ရှိရ်က် ဖက်စပ်ယှဉ်တွဲ ကိုးကွယ်မှုသို့ ကျရောက်စေမည့် အကြောင်းခံပင်ဖြစ်သည်။ဤအချက်၌ ကဗရ်များသည် ဗလီထဲ၌ရှိသည်ဖြစ်စေ၊ ဗလီအပြင်၌ ရှိသည်ဖြစ်စေ အတူတူပင်ဖြစ်သည်။
  4. သက်ရှိများ၏ ရုပ်ပုံ၊ဓာတ်ပုံများပြုလုပ်ခြင်းကို တားမြစ်ထားသည်။
  5. ကဗရ်သင်္ချိုင်းပေါ်တွင် ဗလီဝတ်ကျောင်းတော် ဆောက်လုပ်သူ၊ ကဗရ်၌ ရုပ်ပုံများ၊ဓာတ်ပုံများ ထားသူသည် အလ္လာဟ်အရှင်မြတ်၏ အဖန်ဆင်းခံများအနက် အဆိုးယုတ်ဆုံးသူပင်ဖြစ်သည်။
  6. ရှရီအဟ် တရားလမ်းစဉ်သည် သောင်ဟီးဒ်တရားတော်အား ပြည့်ပြည့်ဝဝ ကာကွယ်စောင့်ရှောက်ထားသည်။ ထို့ကြောင့် ရှိရ်က် ဖက်စပ်ယှဉ်တွဲ ကိုးကွယ်မှုကို ဖြစ်စေမည့် အကြောင်းခံများအားလုံးကို တားမြစ်ပိတ်ပင်ခဲ့သည်။
  7. ကဗရ်သင်္ချိုင်းများပေါ်တွင် ဆောက်လုပ်ထားသည့် ဗလီဝတ်ကျောင်းတော်များ၌ ဆွလာသ်ဆောက်တည်ခြင်းမပိုင်ပေ။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ထိုသို့ဆောက်တည်ခြင်းကို တားမြစ်ထားတော်မူပြီး၊ ထိုကဲ့သို့ပြုလုပ်သူအား “လအ်နသ်” ပို့ထားတော်မူသည်။ တားမြစ်ချက်သည် တားမြစ်ထားသည့်အရာကို တရားမဝင်ကြောင်း ညွှန်ပြနေသည်။
  8. တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏ အွမ္မသ်နောက်လိုက်သားများ တရားလမ်းမှန်ပေါ်တွင် ရှိနေစေရန် အလွန်စိတ်အားထက်သန်တော်မူသည်။ ထိုအချက်ကို ညွှန်ပြနေသည်မှာ - ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဝဖာသ်ဖြစ် ကွယ်လွန်ခါနီး နာမကျန်းဖြစ်နေချိန်၌ မိမိ၏အွမ္မသ်နောက်လိုက်တို့အား ယဟူဒီ၊နဆ်ွရာနီတို့က ၎င်းတို့၏ နဗီတမန်တော်များ၊ သူတော်စင်များနှင့် ပတ်သက်၍ လုပ်ခဲ့ကြသည့် လုပ်ရပ်များကို မလုပ်ဆောင်ကြရန် သတိပေး တားမြစ်တော်မူခဲ့သည်။
ထပ်၍