عَنْ أَنَسٍ رَضيَ اللهُ عنه أَنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«لَا تَقُومُ السَّاعَةُ حَتَّى يَتَبَاهَى النَّاسُ فِي الْمَسَاجِدِ».
[صحيح] - [رواه أبو داود والنسائي وابن ماجه] - [سنن أبي داود: 449]
المزيــد ...
အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)ဆင့်ပြန်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ- လူတို့သည် ဗလီများ(ဆောက်လုပ်ခြင်း)နှင့်ပတ်သက်၍ အချင်းချင်းတစ်ဦးနှင့်တစ်ဦး အပြိုင်အ
ဆိုင် ဂုဏ်ယူဝင့်ကြွားမှုမပြုသမျှ ကာလပတ်လုံး ကိယာမသ် ဆိုက်ရောက်လာမည်မဟုတ်ပေ။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [رواه أبو داود والنسائي وابن ماجه] - [سنن أبي داود - 449]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ကိယာမသ်နေ့နှင့် ဒွန်ယာလောကကုန်ဆုံးချိန် နီးကပ်လာသည့် လက္ခဏာများအနက်တစ်ခုမှာ- လူတို့သည် ၎င်းတို့၏ ဗလီများကို အလှဆင်ခြင်း (သို့မဟုတ်) အလ္လာဟ်အရှင်မြတ်ကိုသာ သတိရတသ ရန်အတွက် တည်ဆောက်ထားသော ဗလီများအတွင်း လောကီကိစ္စရပ်များဖြင့် အချင်းချင်းဝင့်ကြွားဂုဏ်ယူကြမည်ဟု မိန့်ကြားတော်မူခဲ့သည်။