عن ابنِ عَبَّاسٍ رضي الله عنهما عن النبيِّ صلى الله عليه وسلم قال:
«أُمِرْتُ أَنْ أَسْجُدَ عَلَى سَبْعَةِ أَعْظُمٍ: عَلَى الْجَبْهَةِ وَأَشَارَ بِيَدِهِ عَلَى أَنْفِهِ، وَالْيَدَيْنِ، وَالرُّكْبَتَيْنِ، وَأَطْرَافِ الْقَدَمَيْنِ، وَلَا نَكْفِتَ الثِّيَابَ وَالشَّعَرَ».
[صحيح] - [متفق عليه] - [صحيح البخاري: 812]
المزيــد ...
အစ်ဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ငါကိုယ်တော်သည် အရိုးအဆစ်ခုနှစ်ခုပေါ်တွင် စဂ်ျဒဟ်ဦးချရန် အမိန့်ပေးခြင်းခံခဲ့ရသည်။ နဖူး၊ (ကိုယ်တော်သည် မိမိ၏လက်ဖြင့် မိမိနှာခေါင်းအား ညွှန်ပြခဲ့သည်။) လက်နှစ်ဖက်၊ ဒူးနှစ်ဖက်နှင့် ခြေထောက်နှစ်ဖက်၏ ခြေချောင်းများဖြစ်သည်။ ထို့နောက် ကျွန်တော်တို့သည် အဝတ်များ၊ ဆံပင်များကို စုပြီးကိုင်မထားရန် အမိန့်ပေးခြင်းခံရသည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 812]
ဆွလာသ်ဝတ်ပြုသည့်အခါ ခန္ဓာကိုယ်၏အရိုးအဆစ်ခုနှစ်ခုပေါ်တွင် စဂ်ျဒဟ်ဦးချရန် အလ္လာဟ်အရှင်မြတ်က မိမိအား အမိန့်ပေးထားကြောင်းကို တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်။ ၎င်းတို့မှာ-
ပထမ - နဖူးဖြစ်သည်။ ၎င်းသည် နှာခေါင်းနှင့် မျက်လုံးအထက် မျက်နှာအပေါ်ပိုင်းနေရာဖြစ်သည်။ ထို့နောက် ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က နဖူးနှင့် နှာခါင်းသည် အရိုးအဆစ်ခုနှစ်အနက် တစ်ခုသာဖြစ်ကြောင်းကို ရှင်းပြရန်နှင့် စဂ်ျဒဟ်ဦးချသူသည် မိမိနှာခါင်းကို မြေကြီးဖြင့်ထိထားရန် လိုအပ်ကြောင်းကို အလေးထားမိစေရန်အတွက် မိမိ၏လက်ဖြင့် မိမိနှာခေါင်းအား ညွှန်ပြတော်မူခဲ့သည်။
ဒုတိယနှင့် တတိယအဆစ်အပိုင်းမှာ လက်နှစ်ဖက်ဖြစ်သည်။
စတုတ္ထနှင့် ပဉ္စမမှာ ဒူးနှစ်ဖက်ဖြစ်သည်။
ဆဌမနှင့် သတ္တမမှာ ခြေထောက်နှစ်ဖက်၏ ခြေချောင်းများဖြစ်သည်။
ထို့နောက် ဦးချသည့်အခါ မြေပေါ်မကျစေရန်အတွက် ဆံပင်ကိုစု၍ ချည်ထားခြင်း၊ အဝတ်များကိုစု၍ကိုင်ထားခြင်း မပြုရန်နှင့် ထိုအစား ဦးချသည့်အခါ ခန္ဓာကိုယ်အစိတ်ပိုင်းများနှင့်အတူ ၎င်းတို့ပါမြေပေါ်ကျနေစေရန်အတွက် လွှတ်ထားရန် ကိုယ်တော်က ကျွန်တော်တို့အား အမိန့်ပေးတော်မူခဲ့သည်။