ဟဒီးဆ်တော်များစာရင်း

ငါကိုယ်တော်သည် အရိုးအဆစ်ခုနှစ်ခုပေါ်တွင် စဂ်ျဒဟ်ဦးချရန် အမိန့်ပေးခြင်းခံခဲ့ရသည်။
عربي الإنجليزية الأوردية
ဧကန်အမှန် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စဂ်ျဒဟ် နှစ်ခုကြားတွင် " اللَّهمَّ اغْفِرْ لي، وارْحَمْنِي، وعافِني، واهْدِني، وارزقْنِي " (အဓိပ္ပါယ်- အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ၊ ကရုဏာပြုတော်မူပါ၊ ငြိမ်းချမ်းမှုအဖြာဖြာ ချီးမြှင့်တော်မူပါ၊ လမ်းမှန်တရားချီးမြှင့်တော်မူပါ၊ စားနပ်ရိက္ခာချီးမြှင့်တော်မူပါ။)ကို အမြဲတောင်းခံလေ့ရှိ၏။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်စတင်သည့်အခါ မိမိလက်နှစ်ဖက်ကို ပုခုံးနှစ်ဖက်နှင့် တစ်ပြေးတည်း မြှောက်တော်မူသည်။
عربي الإنجليزية الأوردية
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကျွန်ုပ်အား ‘သရှဟ္ဟုဒ်’ကို
عربي الإنجليزية الأوردية
အသင် (ဆွလာတ်ဝတ်ပြုရာ၌) စဂျ်ဒဟ် ဦးချသောအခါ သင်၏လက်ဖဝါးနှစ်ဖက်ကို မြေကြီးပေါ်တွင် ချထားပါ။ သင်၏တံတောင်ဆစ်နှစ်ဖက်ကိုအပေါ်သို့ မြှောက်ထားလော့။
عربي الإنجليزية الأوردية
ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)နှင့်အတူ ဆွလာတ်ဝတ်ပြုခဲ့ပါသည်။ ကိုယ်‌ တော်သည် မိမိညာဘက်သို့ "السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ " (သင်တို့အပေါ် အလ္လာဟ်အရှင်မြတ်၏ ငြိမ်းချမ်းမှု၊ ကရုဏာတော်နှင့် ကောင်းချီးမင်္ဂလာတို့ ကျရောက်ပါစေ) ဟုပြောကာ ဘယ်ဘက်သို့ " السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ " (သင်တို့အပေါ် အလ္လာဟ်အရှင်မြတ်၏ ငြိမ်းချမ်းမှုနှင့် ကရုဏာတော် ကျရောက်ပါစေ) ဟုပြောကာ စလာမ်ပြုလေ့ရှိသည်။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် ) သည် ဖဂျရ်စွန္နသ် နှစ်ရကအသ်တွင် ကွလ်ယာအိုင်ယုဟလ် ကာဖီရူးန်နှင့် ကွလ်ဟုဝလ္လာဟု အဟဒ် (စူရဟ် ကာဖီရူးန်နှင့် စူရဟ် အိခ်လားစ်ွ) ကို ဖတ်ရွတ်တော်မူခဲ့သည်။
عربي الإنجليزية الأوردية
အို - လူအပေါင်းတို့ ကျွန်ုပ်ဤသို့ပြုလုပ်ရသည်မှာ အသင်တို့သည် ကျွန်ုပ်ဝတ်ပြုသည့်အတိုင်း လိုက်နာဝတ်ပြုကြရန်နှင့် ကျွန်ုပ်၏ဆွလာသ်ဝတ်ပြုပုံကို အသင်တို့သင်ယူနိုင်ကြစေရန်အတွက်ဖြစ်သည် ဟုမိန့်ကြားတော်မူခဲ့သည်။
عربي الإنجليزية الأوردية
အသင်တို့ ဆွလာသ်ဆောက်တည်သည့်အခါ ဆွဖ်အတန်းများကို ညီညာစွာ စီတန်းကြပါ။ ထို့နောက် အသင်တို့အနက်မှတစ်ဦးအား သင်တို့အတွက် အိမာမ်ရှေ့ဆောင်အဖြစ် သတ်မှတ်ပါ။ ၎င်းက ‘သက္ကဗီရ်’ဆိုလျှင် အသင်တို့လည်း ‘သက္ကဗီရ်’ဆိုကြပါ။
عربي الإنجليزية الأوردية
အကြင်အရှင်မြတ်၏လက်တော်တွင် ကျွန်ုပ်၏အသက်ဝိညာဉ်ရှိ၏။ ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ ဧကန်အမှန်ပင် ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဆွလာသ်ဝတ်ပြုမှုနှင့် အတူဆုံးအနီးစပ်ဆုံး ဝတ်ပြုသူဖြစ်သည်။ ဤဆွလာသ်ဝတ်ပြုမှုသည် တမန်တော်မြတ် ‘ဒွန္နယာ’ လောကကို ခွဲခွါသွားသည့် အချိန်အထိ ဝတ်ပြုတော်မူခဲ့သော ဆွလာသ်ဝတ်ပြုမှုအတိုင်းပင်ဖြစ်သည်။
عربي الإنجليزية الأوردية
လူများအနက် အဆိုးရွားဆုံးခိုးဝှက်သူသည် မိမိဆွလာသ်အား ခိုးဝှက်သူပင်ဖြစ်သည်။ ထိုအခါ သာဝကကြီးက ဆွလာသ်အား မည်သို့ခိုးဝှက်ပါသနည်းဟု မေးလျှောက်ခဲ့ရာ ကိုယ်တော်က ‘ရုကူအ်’ ဦးညွှတ်ခြင်းနှင့် ‘စဂ်ျဒဟ်’ ဦးချခြင်းတို့အား ကောင်းမွန်ကျနစွာ မပြုခြင်းပင်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ရုကူအ် ဦးညွှတ်ရာမှ မိမိ၏ကျောကိုပြန်ကြွသည့်အခါ ဤဇိက်ရ်ကို ရွတ်ဆိုလေ့ရှိတော်မူသည်။ “စမိအလ္လာဟု လိမန်ဟမိဒဟ်၊
عربي الإنجليزية الأوردية
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စဂ်ျဒဟ်နှစ်ခုကြားတွင် “ ရဗ်ဗိဂ် ဖိရ်လီး၊ ရဗ်ဗိဂ် ဖိရ်လီး” (အို - အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ၊ အို - အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ။) ကို ရွတ်ဆိုလေ့ရှိသည်။
عربي الإنجليزية الأوردية
ဤသည် ခင်န်ဇဗ်ဟုခေါ်သည့် ရှိုင်သွာန်ပင်ဖြစ်သည်။ အသင်သည် ထိုကဲ့သို့ခံစားရပါက ၎င်းရန်မှကင်းဝေးစေရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံမှုရယူပါ။ သင်၏ဘယ်ဘက်သို့ တံတွေး သုံးကြိမ်ထွေးလိုက်ပါ။
عربي الإنجليزية الأوردية
“သင်သည် ပြန်သွားပြီး ဆွလာသ်ပြန်ဝတ်ပြုပါ။ အဘယ်ကြောင့်ဆို‌သော် အသင်သည် ဆွလာသ် ဝတ်ပြုခဲ့သည်မဟုတ်
عربي الإنجليزية الأوردية