عَنْ أَبِي هُرَيْرَةَ رضي الله عنه قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ:
«أَسْوَأُ النَّاسِ سَرَقَةً الَّذِي يَسْرِقُ صَلَاتَهُ» قَالَ: وَكَيْفَ يَسْرِقُ صَلَاتَهُ؟ قال: «لَا يُتِمُّ رُكُوعَهَا، وَلَا سُجُودَهَا».
[صحيح] - [رواه ابن حبان] - [صحيح ابن حبان: 1888]
المزيــد ...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
လူများအနက် အဆိုးရွားဆုံးခိုးဝှက်သူသည် မိမိဆွလာသ်အား ခိုးဝှက်သူပင်ဖြစ်သည်။ ထိုအခါ သာဝကကြီးက ဆွလာသ်အား မည်သို့ခိုးဝှက်ပါသနည်းဟု မေးလျှောက်ခဲ့ရာ ကိုယ်တော်က ‘ရုကူအ်’ ဦးညွှတ်ခြင်းနှင့် ‘စဂ်ျဒဟ်’ ဦးချခြင်းတို့အား ကောင်းမွန်ကျနစွာ မပြုခြင်းပင်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။
[صحيح] - [رواه ابن حبان] - [صحيح ابن حبان - 1888]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ မိမိဆွလာသ်အား ခိုးဝှက်သူသည် လူတို့အနက် အဆိုးရွားဆုံး ခိုးဝှက်သူပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူတစ်ပါး၏ ဥစ္စာပစ္စည်းကို ခိုးယူခြင်းသည် တစ်ခါတစ်ရံ လောကီဘဝတွင် အကျိုးဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဆွလာသ်သူခိုးမှာမူ ဆန့်ကျင်ဘက်ဖြစ်သည်။ သူသည် မိမိရရှိမည့်အကျိုးကုသိုလ်ကို ခိုးဝှက်လိုက်ခြင်းဖြစ်သည်။ ထိုအခါ ဆွဟာဗဟ်သာဝကကြီးများက ဆွလာသ်အား မည်သို့ခိုးဝှက်ပါသနည်းဟု မေးလျှောက်ခဲ့ရာ ကိုယ်တော်က ‘ရုကူအ်’ ဦးညွှတ်ခြင်းနှင့် ‘စဂ်ျဒဟ်’ ဦးချခြင်းတို့အား ကောင်းမွန်ကျနစွာ မပြုခြင်းပင်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။ ဤသည်‘ရုကူအ်’ ဦးညွှတ်ခြင်းနှင့် ‘စဂ်ျဒဟ်’ ဦးချခြင်းတို့ကို ကောင်းမွန်ပြည့်စုံစွာမပြုဘဲ အလျင်အမြန် ပြုလုပ်ခြင်းဖြစ်သည်။