عن أبي هريرة أنه كان يكبر في كل صلاة من المكتوبة وغيرها، في رمضان وغيره، فيكبر حين يقوم، ثم يكبر حين يركع، ثم يقول: سمع الله لمن حمده. ثم يقول: ربنا ولك الحمد. قبل أن يسجد، ثم يقول: الله أكبر حين يهوي ساجدًا، ثم يكبر حين يرفع رأسه من السجود، ثم يكبر حين يسجد، ثم يكبر حين يرفع رأسه من السجود، ثم يكبر حين يقوم من الجلوس في الاثنتين، ويفعل ذلك في كل ركعة حتى يفرغ من الصلاة، ثم يقول حين ينصرف: والذي نفسي بيده، إني لأقربكم شبها بصلاة رسول الله صلى الله عليه وسلم إن كانت هذه لصلاته حتى فارق الدنيا.
[صحيح] - [متفق عليه]
المزيــد ...
သာဝကကြီး အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)သည် ဖရ်ဿ်ွ ဆွလာသ်တွင်ဖြစ်စေ၊ နဖ်လ်ဆွလာသ်တွင်ဖြစ်စေ၊ ရမ်ဿွာန်လတွင်ဖြစ်စေ၊ အခြားလများတွင်ဖြစ်စေ ဆွလာသ်တိုင်း၌ သက္ကဗီရ် ရွတ်ဆိုလေ့ရှိသည်။ သို့ဖြစ်၍ သာဝကြီးသည် မတ်တတ်ရပ်သည့်အခါ သက္ကဗီရ် ရွတ်ဆိုသည်။ ထို့နောက် ‘ရုကူအ်’ ဦးညွှတ်သည့်အခါ သက္ကဗီရ် ရွတ်ဆိုသည်။ ထို့နောက် ‘စမိအလ္လာဟု လိမန်ဟမိဒဟ်’ ရွတ်ဆိုသည်။ ထို့နောက် ‘စဂ်ျဒဟ်’ဦးမချမီ ‘ရဗ္ဗနာဝလကလ်ဟမ်ဒ်’ ရွတ်ဆိုသည်။ ထို့နောက် ‘စဂ်ျဒဟ်’ဦးချရန် ကိုယ်ကိုကိုင်းညွှတ်သည့်အခါ ‘အလ္လာဟုအက္ကဗရ်’ ရွတ်ဆိုသည်။ ထို့နောက် မိမိဦးခေါင်းကို ‘စဂ်ျဒဟ်’ဦးချရာမှ ပြန်ကြွသည့်အခါ သက္ကဗီရ်ရွတ်ဆိုသည်။ ထို့နောက် ‘စဂ်ျဒဟ်’ဦးချသည့်အခါ သက္ကဗီရ်ရွတ်ဆိုသည်။
ထို့နောက် မိမိဦးခေါင်းကို ‘စဂ်ျဒဟ်’ဦးချရာမှ ပြန်ကြွသည့်အခါ သက္ကဗီရ်ရွတ်ဆိုသည်။ ထို့နောက် နှစ်ရကအသ်၌ ထိုင်ပြီးနောက် ပြန်လည်မတ်တတ်ရပ်သည့်အခါ သက္ကဗီရ်ရွတ်ဆိုသည်။ သူသည် ဆွလာသ်ပြီးဆုံးသည်အထိ ရကအသ်တိုင်းတွင် ထိုအတိုင်းပင်ပြုလုပ်လေသည်။ ထို့နောက် ဆွလာသ်ပြီးဆုံးသွားသည့်အခါ ၎င်းကပြောကြားသည်မှာ အကြင်အရှင်မြတ်၏လက်တော်တွင် ကျွန်ုပ်၏အသက်ဝိဉာဉ်ရှိ၏။ ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ ဧကန်အမှန်ပင် ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဆွလာသ်ဝတ်ပြုမှုနှင့် အတူဆုံးအနီးစပ်ဆုံး ဝတ်ပြုသူဖြစ်သည်။ ဤဆွလာသ်ဝတ်ပြုမှုသည် တမန်တော်မြတ် ‘ဒွန္နယာ’လောကကို ခွဲခွါသွားသည့် အချိန်အထိ ဝတ်ပြုတော်မူခဲ့သော ဆွလာသ်ဝတ်ပြုမှုကဲ့သို့ပင်ဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။]
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)သည် ဖရ်ဿ်ွ ဆွလာသ်တွင်ဖြစ်စေ၊ နဖ်လ်ဆွလာသ်တွင်ဖြစ်စေ၊ ရမ်ဿွာန်လတွင်ဖြစ်စေ၊ အခြားလများတွင်ဖြစ်စေ ဆွလာသ်တိုင်း၌ သက္ကဗီရ် ရွတ်ဆိုလေ့ရှိသည်။ သို့ဖြစ်၍ သာဝကြီးသည် မတ်တတ်ရပ်သည့်အခါ သက္ကဗီရ် ရွတ်ဆိုသည်။ ဤတွင် သက္ကဗီရ် သဟ်ရီမဟ်ကို မတ်တတ်ရပ်၍ ရွတ်ဆိုရမည်ဖြစ်ကြောင်း ညွှန်ပြထားသည်။ သက္ကဗီရ် သဟ်ရီမဟ်သည် ဖရ်ဿ်ွဖြစ်ပြီး၊ မတ်တတ်ရပ်ခြင်းသည် တတ်စွမ်းနိုင်သူအတွက် ဖရ်ဿ်ွဖြစ်သည်။ ထို့နောက် ‘ရုကူအ်’ ဦးညွှတ်သည့်အခါ သက္ကဗီရ် ရွတ်ဆိုသည်။ ထို့နောက် ဦးညွှတ်ရာမှ ပြန်ထသည့်အခါ ‘စမိအလ္လာဟု လိမန်ဟမိဒဟ်’ ရွတ်ဆိုသည်။ ဤတွင် ‘စမိအလ္လာဟု လိမန်ဟမိဒဟ်’သည် ‘ရုကူအ်’ ဦးညွှတ်ရာမှ ပြန်ထချိန်တွင် ရွတ်ဆိုရမည့် ဇိက်ရ်တော်ဖြစ်ကြောင်း ညွှန်ပြထားသည်။ ထို့နောက် ‘စဂ်ျဒဟ်’ဦးမချမီ မတ်တတ်ရပ်လျက်‘ရဗ္ဗနာဝလကလ်ဟမ်ဒ်’ ရွတ်ဆိုသည်။ ဤတွင် ‘ရဗ္ဗနာဝလကလ်ဟမ်ဒ်’သည် တည့်မတ်စွာရပ်၍ဆိုရမည့်ဇိက်ရ်တော်ဖြစ်ကြောင်း ညွှန်ပြထားသည်။ ထို့နောက် ‘စဂ်ျဒဟ်’ဦးချရန် ကိုယ်ကိုကိုင်းညွှတ်သည့်အခါ ‘အလ္လာဟုအက္ကဗရ်’ ရွတ်ဆိုသည်။ သက္ကဗီရ်သည် ကိုယ်ကိုကိုင်းညွှတ်သည့်အခါ ဆိုရမည့် ဇိက်ရ်ဖြစ်သည်။ ထို့ကြောင့် တည့်မတ်စွာရပ်နေရာမှ ကိုင်းညွှတ်လိုက်သည့်အခါတွင် စတင်ဆိုရမည်။ ထို့နောက် မိမိဦးခေါင်းကို ‘စဂ်ျဒဟ်’ဦးချရာမှ ပြန်ကြွသည့်အခါ သက္ကဗီရ်ရွတ်ဆိုသည်။ထို့နောက် ‘စဂ်ျဒဟ်’ဦးချသည့်အခါ သက္ကဗီရ်ရွတ်ဆိုသည်။ ဤသည် ဒုတိယစဂ်ျဒဟ်ဖြစ်သည်။ ထို့နောက် မိမိဦးခေါင်းကို ဒုတိယ‘စဂ်ျဒဟ်’ဦးချရာမှ ပြန်ကြွသည့်အခါ သက္ကဗီရ်ရွတ်ဆိုသည်။ ထို့နောက် နှစ်ရကအသ်ပြီး ထိုင်၍ ပထမသရှဟ်ဟုဒ်ဖတ်ပြီးနောက် ပြန်လည်မတ်တတ်ရပ်သည့်အခါ သက္ကဗီရ်ရွတ်ဆိုသည်။ သူသည် ဆွလာသ်ပြီးဆုံးသည်အထိ ရကအသ်တိုင်းတွင် ထိုအတိုင်းပင်ပြုလုပ်လေသည်။ ထို့နောက် အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)သည် ဆွလာသ်ပြီးဆုံးသွားသည့်အခါပြောကြားသည်မှာ အကြင်အရှင်မြတ်၏လက်တော်တွင် ကျွန်ုပ်၏အသက်ဝိဉာဉ်ရှိ၏။ ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ ဧကန်အမှန်ပင် ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဆွလာသ်ဝတ်ပြုမှုနှင့် အတူဆုံးအနီးစပ်ဆုံး ဝတ်ပြုသူဖြစ်သည်။ ဤဆွလာသ်ဝတ်ပြုမှုသည် တမန်တော်မြတ် ‘ဒွန္နယာ’လောကကို ခွဲခွါသွားသည့် အချိန်အထိ ဝတ်ပြုတော်မူခဲ့သော ဆွလာသ်ဝတ်ပြုမှုကဲ့သို့ပင်ဖြစ်သည်။