عن أبي حازم بن دينار أن رجالًا أتوا سهل بن سعد الساعدي وقد امتروا في المنبر مم عُودُه، فسألوه عن ذلك، فقال: والله إني لأعرف مما هو، ولقد رأيته أول يومٍ وُضع، وأول يوم جُلس عليه رسول الله صلى الله عليه وسلم، أرسل رسول الله صلى الله عليه وسلم إلى فلانة -امرأة من الأنصار قد سماها سهل-: «مُرِي غلامَك النجارَ أن يعمل لي أعوادًا أجلس عليهن إذا كلمتُ الناس» فأمرته فعملها من طرفاء الغابة، ثم جاء بها، فأرسلت إلى رسول الله صلى الله عليه وسلم، فأمر بها فوضعت ههنا، ثم رأيت رسول الله صلى الله عليه وسلم صلى عليها وكبر وهو عليها، ثم ركع وهو عليها، ثم نزل القهقرى، فسجد في أصل المنبر ثم عاد، فلما فرغ أقبل على الناس، فقال: «أيها الناس، إنما صنعت هذا لتأتموا ولِتَعَلَّموا صلاتي».
[صحيح] - [متفق عليه]
المزيــد ...

အဗူဟာဇင်မ်ဗင်န်ဒီနာရ်က ဆင့်ပြန်ခဲ့သည်။ လူအချို့သည် စဟလ်ဗင်န် စအဒ် အတ်စ်စာအိဒီ(ရဿွိယလ္လာဟုအန်ဟု)ထံ ရောက်ရှိလာခဲ့ကြသည်။ ၎င်းတို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ မင်န်ဗရ်ပလ္လင်အား အဘယ်အရာဖြင့် ပြုလုပ်ထားသည်နှင့်ပတ်သက်၍ အမြင်ကွဲပြားနေခဲ့ကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် ထိုကိစ္စနှင့်ပတ်သက်၍ စဟလ်(ရဿွိယလ္လာဟုအန်ဟု)အား မေးမြန်းခဲ့ကြသည်။ ထိုအခါ စဟလ် (ရဿွိယလ္လာဟုအန်ဟု)က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ပြောပါမည်။ ကျွန်ုပ်သည် ယင်းမင်န်ဗရ်ပလ္လင်အားမည်သည့်အရာဖြင့် ပြုလုပ်ထားသည်ကိုအမှန်ပင်သိရှိပါသည်။ ကျွန်ုပ်သည် ယင်းမင်န်ဗရ်ပလ္လင်အား ပထမဆုံးစတင်ထားရှိသည့်နေ့တွင်လည်းကောင်း၊ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ယင်းမင်န်ဗရ်ပလ္လင်ပေါ်၌ ပထမဆုံးထိုင်တော်မူခဲ့သည့်နေ့တွင်လည်းကောင်း မြင်တွေ့ခဲ့ပါသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အန်ဆွာရီအမျိုးသမီးတစ်ဦးထံ(ဆင့်ပြန်သူ စဟလ်က ထိုအမျိုးသမီး၏အမည်ကို ဖေါ်ပြခဲ့သည်။)စေလွှတ်တော်မူပြီး အသင်မသည်မိမိ၏အစေခံလက်သမားကို ကျွန်ုပ်အတွက်သစ်သားများဖြင့် (ပလ္လင်တစ်ခု)ပြုလုပ်ပေးရန် ခိုင်းစေပါ။ ငါကိုယ်တော်သည် လူတို့အားတရားဟောကြားသည့်အခါ၎င်းပေါ်တွင် ထိုင်တော်မူမည်ဟုပြောကြားစေခဲ့သည်။ ထိုအမျိုးသမီးသည် ကိုယ်တော်မှာကြားတော်မူသည့်အတိုင်း မိမိ၏အစေခံကျွန်အား ခိုင်းစေခဲ့ရာ ထိုကျွန်သည် တောအရပ်မှ ဆစ်နီသားဖြင့် ထိုပလ္လင်ကိုပြုလုပ်ခဲ့သည်။ ထို့နောက်ယင်းပလ္လင်ကို ၎င်းအမျိုးသမီးထံယူဆောင်လာခဲ့သည်။ ထိုအခါ ထိုအန်ဆွာရီ အမျိုးသမီးသည် ယင်းပလ္လင်ကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ ပို့ဆောင်ပေးခဲ့သည်။ ထို့နောက် ကိုယ်တော် ညွှန်ကြားသည့်နေရာတွင် ပလ္လင်ကိုထားလိုက်ကြသည်။ ထို့နောက် ကျွန်ုပ်သည် ကိုယ်တော့်အား ယင်းပလ္လင်ပေါ်၌ဆွလာသ်ဝတ်ပြုတော်မူခဲ့သည်ကိုမြင်တွေ့ခဲ့သည်။ ကိုယ်တော်သည်ပလ္လင်ပေါ်တွင် သက္ကဗီးရ် ဆိုတော်မူသည် ထို့နောက်ထိုပလ္လင်ပေါ်၌ပင် ရုကူအ် ဦးညွှတ်တော်မူသည်။ ထို့နောက် ကိုယ်တော်သည် ကိုယ်ကိုမလှည့်ဘဲနောက်ပြန်ဆုတ်၍(ပလ္လင်ပေါ်မှ)ဆင်းတော်မူပြီး ပလ္လင်ခြေရင်းတွင် စဂ်ျဒဟ် ဦးချတော်မူသည်။ ထို့နောက် ကိုယ်တော်သည် ပလ္လင်ပေါ်သို့ပြန်တက်၍ ဒုတိယအကြိမ် ထိုအတိုင်းဝတ်ပြုတော်မူသည်။ ဝတ်ပြုပြီးသောအခါ ကိုယ်တော်သည် လူများရှိရာဘက်သို့လှည့်တော်မူပြီး အို - လူအပေါင်းတို့ ကျွန်ုပ်ဤသို့ပြုလုပ်ရသည်မှာ အသင်တို့သည် ကျွန်ုပ်ဝတ်ပြုသည့်အတိုင်း လိုက်နာဝတ်ပြုကြရန်နှင့်ကျွန်ုပ်၏ဆွလာသ်ဝတ်ပြုပုံကို အသင်တို့သင်ယူနိုင်ကြစေရန်အတွက်ဖြစ်သည် ဟုမိန့်ကြားတော်မူခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

သာဗိအီ တစ်ဦးဖြစ်သူ အဗူဟာဇင်မ် စလမဟ်ဗင်န်ဒီနာရ်က ဆင့်ပြန်ခဲ့သည်။ ငယ်ရွယ်သည့်ဆွဟာဗဟ် တစ်ပါးဖြစ်သူ စဟလ်ဗင်န် စအဒ် အတ်စ်စာအိဒီထံ လူအချို့ ရောက်ရှိလာခဲ့ကြသည်။ ၎င်းတို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏မင်န်ဗရ် ပလ္လင်အား အဘယ်အရာဖြင့်ပြုလုပ်ထားသည်နှင့်စပ်လျဉ်း၍ အမြင်ကွဲပြားနေခဲ့ကြ၏။ (မင််နဗရ်ဟူသည် ခွသ်ဗဟ်မိန့်ခွန်းပြောသူတက်သည့် လှေခါးထစ်များပါရှိသည့် စင်ဖြစ်သည်။) သို့ဖြစ်ရာ ၎င်းတို့သည် ထိုမင်န်ဗရ်အား မည်သည့်သစ်အမျိုးအစားဖြင့် ပြုလုပ်ထားကြောင်း စဟလ်(ရဿွိယလ္လာဟုအန်ဟု)အား မေးမြန်းခဲ့ကြသည်။ ထိုအခါ စဟလ် (ရဿွိယလ္လာဟုအန်ဟု)က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ပြောပါမည်။ ကျွန်ုပ်သည် ယင်းမင်န်ဗရ်ပလ္လင်အားမည်သည့်အရာဖြင့်ပြုလုပ်ထားသည်ကို အမှန်ပင်သိရှိပါသည်။ အမှန်ပင် ကျွန်ုပ်သည် ယင်းမင်န်ဗရ်ပလ္လင်အား ပထမဆုံးစတင်ထားရှိသည့်နေ့တွင်လည်းကောင်း၊ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ယင်းမင်န်ဗရ်ပလ္လင်ပေါ်၌ ပထမဆုံးထိုင်တော်မူခဲ့သည့်နေ့တွင်လည်းကောင်း၊ မြင်တွေ့ခဲ့ပါသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အန်ဆွာရီအမျိုးသမီးတစ်ဦးထံ(ဆင့်ပြန်သူ စဟလ် က ယင်းအမျိုးသမီး၏အမည်ကိုဖေါ်ပြခဲ့သည်။)စေလွှတ်တော်မူပြီး အသင်မသည်မိမိ၏အစေခံ လက်သမားကို ကျွန်ုပ်အတွက်သစ်သားများဖြင့် (ပလ္လင်တစ်ခု)ပြုလုပ်ပေးရန် ခိုင်းစေပါ။ ငါကိုယ်တော်သည် လူတို့အားတရားဟောကြားသည့်အခါ ၎င်းပေါ်တွင် ထိုင်တော်မူမည်ဟုပြောကြားစေခဲ့သည်။ ဆိုလိုသည်မှာ - သစ်သားများကို စုဆောင်းပြီး လူတို့နှင့်စကားပြောသည့်အခါနှင့် ခွသ်ဗဟ်မိန့်ခွန်းပြောကြားသည့်အခါတွင် ထိုင်ရန်အတွက် အသုံးပြုနိုင်သောအရာမျိုး စီစဉ်ပြုလုပ်ပေးရန်ဖြစ်သည်။ ထိုအမျိုးသမီးသည် ကိုယ်တော်မှာကြားတော်မူသည့်အတိုင်း မိမိ၏အစေခံကျွန်အား ခိုင်းစေညွှန်ကြားခဲ့ရာ ထိုကျွန်သည် တောအရပ်မှ ဆစ်နီသားဖြင့် ထိုပလ္လင်ကိုပြုလုပ်ခဲ့သည်။ ထို့နောက် ယင်းပလ္လင်ကို ၎င်းအမျိုးသမီးထံယူဆောင်လာခဲ့သည်။ ထိုအခါ ထိုအန်ဆွာရီ အမျိုးသမီးသည် ယင်းပလ္လင်ကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ ပို့ဆောင်ပေးခဲ့သည်။ ထို့နောက် ကိုယ်တော်ညွှန်ကြားသည့်နေရာတွင် ပလ္လင်ကိုထားလိုက်ကြသည်။ ဆိုလိုသည်မှာ စဟလ်(ရဿွိယလ္လာဟုအန်ဟု)က လာရောက်မေးမြန်းသူများကို ဟဒီးဆ်တော်ပြန်လည်ပြောကြားနေစဥ် ရှိနေသည့် နေရာ၌ပင် ထိုပလ္လင်ကို ထားရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက် ကျွန်ုပ်သည် ကိုယ်တော့်အား ယင်းပလ္လင်ပေါ်၌ ဆွလာသ်ဝတ်ပြုတော်မူသည်ကို မြင်တွေ့ခဲ့သည်။ ကိုယ်တော်သည် ပလ္လင်ပေါ်တွင် သက်ဗီးရ် သဟ်ရိမာ ဆိုတော်မူခဲ့သည်။ ပြီးနောက် ထိုပလ္လင်ပေါ်၌ပင် ရုကူအ် ဦးညွှတ်တော်မူခဲ့သည်။ ထို့နောက် ကိုယ်တော်သည် ကိုယ်ကိုမလှည့်ဘဲနောက်ပြန်ဆုတ်၍(ပလ္လင်)ပေါ်မှဆင်းတော်မူပြီး ပလ္လင်အောက်ဆုံးအဆင့်၏ ဘေးဘက်မြေပေါ်တွင် စဂ်ျဒဟ်ဦးချတော်မူသည်။ ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဒုတိယအကြိမ်စဂ်ျဒဟ် ဦးချရာမှ မတ်တပ်ရပ်ကာ မင်န်ဗရ်ပလ္လင်ပေါ်သို့ ပြန်လည်တက်တော်မူပြီး ဆွလာသ်ပြီးဆုံးသည်အထိ ထိုအတိုင်းပင် နောက်တစ်ကြိမ် ပြုလုပ်တော်မူခဲ့သည်။ ကိုယ်တော်သည် လူတို့အားမိမိ၏ဆွလာသ်ဝတ်ပြုနည်းကိုပြသရန်အတွက် ဤသို့ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ ကိုယ်တော်သည် မင်န်ဗရ်ပလ္လင်အပေါ်တွင်ပြုလုပ်နိုင်သည့် ကိယာမ်ရပ်ခြင်း၊ ရုကူအ် ဦးညွှတ်ခြင်းတို့အား မင်န်ဗရ်ပေါ်၌ပင်ပြုလုပ်ခဲ့ပြီး မင်န်ဗရ်ပေါ်တွင် မပြုလုပ်နိုင်သည့် စဂ်ျဒဟ် ဦးချခြင်းနှင့် ထိုင်ခြင်းတို့အား မြေပေါ်တွင် ပြုလုပ်တော်မူခဲ့သည်။ ထိုသို့ အတက်အဆင်းပြုလုပ်သော အနည်းငယ်မျှသော လှုပ်ရှားမှုပမာဏသည် ဆွလာသ်ဝတ်ပြုခြင်း၏ ရည်ရွယ်ချက်နှင့် ၎င်း၏အသွင်အပြင်ကို မထိခိုက်စေပါ။ အနည်းငယ်လှုပ်ရှားခြင်းသည် ဆွလာသ်ဝတ်ပြုခြင်းကို မပျက်ပြားစေပါ။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်ဝတ်ပြုသည့် ပုံစံကိုရှင်းပြရန်နှင့် ထိုသို့ပြုလုပ်ခွင့်ရှိကြောင်း ပြသရန်အတွက် ဤသို့လုပ်ဆောင်တော်မူခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မည်သို့မျှကိစ္စမရှိပေ။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဆွလာသ်ဝတ်ပြုပြီးသောအခါ လူများရှိရာဘက်သို့လှည့်တော်မူပြီး အို - လူအပေါင်းတို့ ကျွန်ုပ်ဤသို့ပြုလုပ်ရခြင်းမှာ အသင်တို့သည် ကျွန်ုပ်ဝတ်ပြုသည့်အတိုင်း လိုက်နာဝတ်ပြုကြရန်နှင့် ကျွန်ုပ်၏ဆွလာသ်ဝတ်ပြုပုံကို အသင်တို့သင်ယူနိုင်ကြစေရန်အတွက်ဖြစ်သည် ဟုမိန့်ကြားတော်မူခဲ့သည်။ ဆိုလိုသည်မှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မင်န်ဗရ်ပလ္လင်ပေါ်တွင် ဤသို့ဝတ်ပြုပြခြင်းသည် ဆွလာသ်ကို သင်ပေးရန်နှင့် ကိုယ်တော်၏လုပ်ဆောင်မှုများကို လူတို့မြင်တွေ့စေရန်အတွက်ဖြစ်သည်။ ဤသည် မြေပေါ်၌ဆွလာသ်ဝတ်ပြုပြခြင်းနှင့်မတူပေ။ အဘယ့်ကြောင့်ဆိုသော် မြေပေါ်တွင် ဆွလာသ်ဝတ်ပြုရာ၌ အနီးတွင်ရှိသူသာ အိမာမ်ရှေ့ဆောင်ကို မြင်တွေ့နိုင်သည်။ ဤအချက်မှသိရသည်မှာ မွတ်က်သဒီသည် လိုအပ်ပါက အိမာမ်ရှေ့ဆောင်ကို ကြည့်ရှုခွင့်ရှိသည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ မလေးရာလမ် ဆွာဟီလီ တမီးလ် ထိုင်း ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. မင်န်ဗရ် ပြုလုပ်ခြင်း မွတ်စ်သဟဗ်ဖြစ်သည်။ ထို့အတူ တရားဟောဆရာသည် မင်န်ဗရ် သို့မဟုတ် အလားတူ အမြင့်တနေရာပေါ်သို့ တက်၍တရားဟောခြင်း မွတ်စ်သဟဗ်ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် တရားပို့ချခြင်းနှင့် ကြားနာခြင်းတို့တွင် ပို၍အကျိုးရှိစေသည်။
  2. မင်န်ဗရ်ပေါ်တွင် ဆွလာသ်ဝတ်ပြုခွင့်ရှိသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိမိသည် မင််နဗရ်ပေါ်တက်၍ နောက်လိုက်များထက် မြင့်သည့်နေရာတွင် ဆွလာသ်ဝတ်ပြုရခြင်းမှာ မိမိအတိုင်းလိုက်၍ဝတ်ပြုနိုင်ကြစေရန်နှင့် ဆွလာသ်ကိုသင်ပေးရန်အတွက်သာဖြစ်ကြောင်း ရှင်းပြခဲ့သည်။ အကယ်၍ ဤကဲ့သို့ လိုအပ်ချက်တစ်စုံတစ်ရာမရှိဘဲ အိမာမ်သည် နောက်လိုက်များထက် မြင့်သည့်နေရာတွင် ဆွလာသ်ဝတ်ပြုခြင်း မက္ကရူဟ် ဖြစ်သည်။
  3. အိမာမ်ရှေ့ဆောင် ရပ်သည့်နေရာနှင့် နောက်လိုက် မုတ်က်သဒီ၏ ရပ်သည့်နေရာသည် အနိမ့်၊ အမြင့် ကွာခြားနေလျင်လည်း ဆွလာသ်ဝတ်ပြုခြင်းပိုင်သည်။
  4. ဆွလာသ်အတွင်း အနည်းငယ် လှုပ်ရှားခွင့်ရှိသည်။ ခြေနှစ်လှမ်းမျှ လှမ်းခြင်းသည် ဆွလာသ်ကို မပျက်စေပါ။ သို့သော် လိုအပ်ချက်မရှိပါက ထိုသို့မပြုလုပ်ခြင်းမှာ ပို၍ကောင်းမြတ်သည်။ အကယ်၍ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ပြုလုပ်ခဲ့သလို လိုအပ်ချက်ရှိသည့်အတွက် ပြုလုပ်ပါက မက္ကရူဟ် မဖြစ်ပေ။
  5. သစ်သားပေါ်တွင် ဆွလာသ်ဆောက်တည်ခွင့်ရှိသည်။
  6. ဆွလာသ်ဆောက်တည်သည့် နည်းစနစ်ကို အနောက်မှလိုက်ဖတ်သူများအား သင်ကြားပေးရန် ရည်ရွယ်ချက်ဖြင့် လက်တွေ့ဆောင်ရွက်ပြခွင့်ရှိသည်။ ထိုသို့ပြုလုပ်ခြင်းသည် ဆွလာသ်ကို မထိခိုက်စေပါ။ ထို့ပြင် အိဗာဒသ်ခဝပ်ကိုးကွယ်မှုအား အခြားတစ်စုံတစ်ရာဖြင့် ရောနှောခြင်းလည်းမဖြစ်စေပါ။ ဤသည် နောက်မှလိုက်ဖတ်သူများကြားစေရန်အတွက် သက္ကဗီရ်ကို အသံကျယ်လောင်စွာဖတ်လိုက်ခြင်းနှင့်တူပေသည်။
  7. မည်သူမဆို ထုံးတမ်းစဉ်လာနှင့်ဆန့်ကျင်သောကိစ္စတစ်ခုခုအား ပြုလိုက်ပါက ၎င်းအနေဖြင့် ထိုသို့ပြုလုပ်ရသည့်အကြောင်းရင်းကို မိမိအပေါင်းအဖော်များအား ရှင်းပြရမည်။
  8. မုတ်က်သဒီ နောက်လိုက်များသည် မိမိ၏ရှေ့ဆောင်အိမာမ်ထံမှ သင်ယူရန်အတွက် ဆွလာသ်အတွင်း၌ ၎င်းအားကြည့်ရှုခွင့်ရှိသည်။ ထိုသို့ပြုလုပ်ခြင်းသည် ‘ခုရှုအ်’ ကျိုးနွံမှုနှင့် မဆန့်ကျင်ပါ။
ထပ်၍