+ -

عن سالم بن أبي الجعد قال: قال رجل: ليتني صليت فاسترحت، فكأنهم عابوا ذلك عليه، فقال: سمعت رسول الله -صلى الله عليه وسلم - يقول: "يا بلال، أقم الصلاة، أرحنا بها".
[صحيح] - [رواه أبو داود]
المزيــد ...

ဆာလိမ်ဗင်န် အဗီဂျအ်ဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးက ကျွန်တော်ဆွလာသ်ဆောက်တည်ခဲ့လျင် အေးချမ်းသာယာမှုကိုရရှိမည်ဟု ပြောကြားခဲ့သည်။ လူတို့က သူ၏ထိုစကားအပေါ် အပြစ်ပြောခဲ့ကြသည်။ ထိုအခါ ၎င်းကပြောကြားခဲ့သည်မှာ- ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ အို - ဗိလာလ် ဆွလာသ်အတွက် အိကာမသ်ဆိုပါ၊ ၎င်းဖြင့် ကျွန်ုပ်တို့အား အေးချမ်းသာယာစေပါ။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [အဗူဒါဝူဒ်ကျမ်း။]

ရှင်းလင်းချက်

ဆာလင်မ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ မုချဧကန် ပုဂ္ဂိုလ်တစ်ဦးက ကျွန်တော်ဆွလာသ်ဆောက်တည်ခဲ့လျင် အေးချမ်းသာယာမှုကိုရရှိမည်ဟု ပြောကြားခဲ့သည်။ ဆိုလိုသည်မှာ- ဆွလာသ်ဆောက်တည်ခြင်းအားဖြင့် အေးချမ်းသာယာမှုကိုရရှိနိုင်မည်။ သို့သော် ကြားလိုက်သည့်သူတို့က ၎င်း၏အဓိပ္ပာယ်ကိုဆွလာသ်မှ သက်သာမှုရချင်သည်ဟုထင်သွားကြသည်။ ထို့ကြောင့် လူတို့သည် စကား၏အပေါ်ယံအဓိပ္ပာယ်အရ သူသည် ဆွလာသ်ဆောက်တည်ရန်ဝန်လေးပြီး ဆွလာသ်မှ ကင်းလွတ်ချင်သည်ဟု ထင်မိကြသဖြင့် ၎င်းအားအပြစ်တင်ကာငြင်းဆန်ခဲ့ကြသည်။ ထိုအခါ ၎င်းကပြောကြားသည်မှာ- ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ အို - ဗိလာလ် ဆွလာသ်အတွက် အိကာမသ်ဆိုပါ၊ ၎င်းဖြင့် ကျွန်ုပ်တို့အား အေးချမ်းသာယာစေပါ။ ဆိုလိုသည်မှာ ထိုဆွလာသ်ကိုဆောက်တည်ခြင်းဖြင့် ကျွန်ုပ်တို့အေးချမ်းသာယာမှုရယူကြမည်။ အဘယ်ကြောင့်ဆိုသော် ဆွလာသ်၌နှစ်မွန်းနေခြင်းသည် ကိုယ်တော့်အဖို့ အေးချမ်းသာယာမှုပင်ဖြစ်သည်။ ကိုယ်တော်သည် ဆွလာသ်မှအပ အခြားလောကီ၏လုပ်ငန်းများကို ပင်ပန်းနွမ်းနယ်စရာအဖြစ် မှတ်ယူထားပြီး ဆွလာသ်ဝတ်ပြုမှုတွင် အလ္လာဟ်အရှင်မြတ်နှင့် တိုးတီးစွာစကားပြောမှုပါရှိသည့်အတွက် ဆွလာသ်အားဖြင့် အေးချမ်းသာယာမှုရယူလေ့ရှိသည်။ ထို့ကြောင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က “ဆွလာသ်ထဲတွင် ငါကိုယ်တော်၏ မျက်စိအေးမြမှုရှိသည်။” ဟု မိန့်ကြားတော်မူခဲ့သည်။ထိုနည်းတူ အကြင်သူသည် မိမိပေါ်တွင်ရှိသည့် ဖရ်ဿ်ွတာဝန်ကိုထမ်းဆောင်ကာ တာဝန်ကိုကျေပွန်အောင် ဆောင်ရွက်မည်။ ထို့ပြင် တာဝန်ကျသည်နှင့်တပြိုင်နက် စောလျင်စွာဆောင်ရွက်ခဲ့ပါက ၎င်းသည်လည်း အေးချမ်းသာယာမှုကို ရရှိမည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဆွလာသ်ထဲတွင် အလ္လာဟ်အရှင်မြတ်နှင့် တိုးတီးစွာစကားပြောဆိုမှု ပါဝင်သောကြောင့် ဆွလာသ်ဆောက်တည်ခြင်းဖြင့် လူသား၏စိတ်နှလုံးသားသည် အေးချမ်းသာယာမှုကို ရရှိသည်။
  2. အိဗာဒသ် ခဝပ်ကိုးကွယ်မှုကို ပစ်ပယ်ခြင်း၊ လေးလံသည်ဟု မှတ်ယူခြင်းတို့ မပြုရန် တင်ပြထားသည်။
ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ တူရကီ ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি အီတလီ অরমো কন্নড় الولوف আজারী الأوكرانية الجورجية
ဘာသာပြန်များကို ကြည့်ရှုရန်
ထပ်၍