عن سالم بن أبي الجَعْدِ قال: قال رجل: ليتني صَلَّيتُ فاسترحْتُ، فكأنّهم عابُوا ذلك عليه، فقال: سمعتُ رسولَ الله صلى الله عليه وسلم يقول:
«يا بلالُ، أقِمِ الصَّلاةَ، أرِحْنا بها».

[صحيح] - [رواه أبو داود] - [سنن أبي داود: 4985]
المزيــد ...

ဆာလိမ်ဗင်န် အဗီဂျအ်ဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးက ကျွန်တော်ဆွလာသ်ဆောက်တည်ခဲ့လျှင် အေးချမ်းသာယာမှုကိုရရှိမည်ဟု ပြောကြားခဲ့သည်။ လူတို့က သူ၏ထိုစကားအပေါ် အပြစ်ပြောခဲ့ကြသည်။ ထိုအခါ ၎င်းကပြောကြားခဲ့သည်မှာ- ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။
အို - ဗိလာလ် ဆွလာသ်အတွက် အိကာမသ်ဆိုပါ၊ ၎င်းဖြင့် ကျွန်ုပ်တို့အား အေးချမ်းသာယာစေပါ။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [အဗူဒါဝူဒ်ကျမ်း။] - [سنن أبي داود - 4985]

ရှင်းလင်းချက်

ဆွဟာဗဟ်တစ်ဦးက ကျွန်တော်ဆွလာသ်ဆောက်တည်ခဲ့လျှင် အေးချမ်းသာယာမှုကိုရရှိမည်ဟု ပြောကြားခဲ့သည်။ သူ့အနားတွင်ရှိသောသူတို့က ထိုဆွဟာဗဟ်၏စကားအပေါ် အပြစ်ပြောခဲ့ကြသည်။ ထိုအခါ ၎င်းကပြောကြားသည်မှာ- ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ အို - ဗိလာလ် ဆွလာသ်အတွက် အာဇာန်ဆိုသံကိုမြှင့်တင်ပါ၊ အိကာမသ်ဆိုပါ၊ ၎င်း(ဆွလာသ်)ဖြင့် ကျွန်ုပ်တို့အားအေး ချမ်းသာယာစေပါ။ အဘယ့်ကြောင်ဆိုသော် ဆွလာသ်၌ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်နှင့် တိုးတီးစွာစကားပြောဆိုမှု၊ စိတ်နှလုံးသားနှင့်ဝိညာဉ်အတွက် အေးချမ်းသာယာမှုပါရှိသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဆွလာသ်ထဲတွင် အလ္လာဟ်အရှင်မြတ်နှင့် တိုးတီးစွာစကားပြောဆိုမှု ပါဝင်သောကြောင့် ဆွလာသ်ဆောက်တည်ခြင်းဖြင့် စိတ်နှလုံးသား၏အေးချမ်းမှုကို ရရှိသည်။
  2. အိဗာဒသ် ခဝပ်ကိုးကွယ်မှုကို လေးလံသည်ဟု မှတ်ယူတို့အား ရှုတ်ချထားသည်။
  3. အကြင်သူသည် မိမိတာဝန်ကို ကျေပွန်မည်၊ မိမိတာဝန်ကို ပြီးဆုံးအောင်ဆောင်ရွက်မည်ဆိုပါက စိတ်တည်ငြိမ်မှုနှင့် အေးချမ်းသာယာမှုရရှိမည်ဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (57)
ထပ်၍