عَنْ أَبِي سَعِيدٍ الخُدْرِيِّ رضي الله عنه أَنَّ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«إِذَا سَمِعْتُمُ النِّدَاءَ، فَقُولُوا مِثْلَ مَا يَقُولُ المُؤَذِّنُ».

[صحيح] - [متفق عليه] - [صحيح البخاري: 611]
المزيــد ...

အဗူစအီးဒ် အလ်ခုဒ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
သင်တို့သည် မုအဇ္ဇင်န်၏အဇာန်သံကိုကြားသည့်အခါ မုအဇ္ဇင်န်ဆိုသည့်အတိုင်း လိုက်ဆိုကြပါ။

[صحيح] - [متفق عليه] - [صحيح البخاري - 611]

ရှင်းလင်းချက်

မုအဇ္ဇင်န်၏ အဇာန်ဖိတ်ခေါ်သံကိုကြားသည့်အခါ မုအဇ္ဇင်န်၏ဖိတ်ခေါ်မှုအား အဖြေပေးရန် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က တိုက်တွန်းတော်မူခဲ့သည်။ ထိုကြောင့် ကျွန်တော်တို့သည် မုအဇ္ဇင်န်ဆိုသည့် စာကြောင်းတိုင်းကို လိုက်ဆိုရမည်။ ၎င်းက သက္ကဗီရ်ဆိုသည့်အခါကျွန်တော်တိုသည် သူ့နောက်မှ သက္ကဗီရ်လိုက်ဆိုရမည်။ ၎င်းက ရှဟာဒသ် နှစ်ခုကို ဆိုသည့်အခါ ကျွန်တော်တို့သည် ရှဟာဒသ်နှစ်ခုကို သူ့နောက်မှ လိုက်ဆိုရမည်။ သို့သော် (ဟိုင်းယ္ယအလဆ်ွဆွလာဟ်နှင့် ဟိုင်းယ္ယအလလ်ဖလာဟ်)ကို လိုက်မဆိုရပေ။ ၎င်းက ထိုစာသားနှစ်ပိုဒ်ကို ဆိုပြီးသည့်အခါ “လာဟောင်းလ ဝလာကုဝ်ဝသ အိလ္လာဗိလ္လာဟ်”ကိုသာ ဆိုရမည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဟဒီးဆ်တော်တွင် ပါရှိသည့် ယေဘုယျအမိန့်အရ အဇာန်ပေးနေသည့် မုအဇ္ဇင်အများအပြားရှိနေလျှင် ပထမ မုအဇ္ဇင်န်၏ အဇာန်ပြီးဆုံးသွားပါက ဒုတိယ မုအဇ္ဇင်န်၏ အဇာန်ကို ဆက်လက်အဖြေပေးရမည်။
  2. အပေါ့၊ အလေးသွားနေချိန် သို့မဟုတ် အိမ်သာထဲတွင် ရှိနေသည့်အ‌‌ချိန်မှလွဲ၍ အခြေအနေတိုင်းတွင် မုအဇ္ဇင်န်၏ အဇာန်ဆိုသံကို အဖြေပေးရမည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (55)
ထပ်၍