عَنِ ابْنِ عَبَّاسٍ رضي الله عنهما قَالَ:
مَرَّ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ بِقَبْرَيْنِ، فَقَالَ: «إِنَّهُمَا لَيُعَذَّبَانِ، وَمَا يُعَذَّبَانِ فِي كَبِيرٍ، أَمَّا أَحَدُهُمَا فَكَانَ لاَ يَسْتَتِرُ مِنَ البَوْلِ، وَأَمَّا الآخَرُ فَكَانَ يَمْشِي بِالنَّمِيمَةِ» ثُمَّ أَخَذَ جَرِيدَةً رَطْبَةً، فَشَقَّهَا نِصْفَيْنِ، فَغَرَزَ فِي كُلِّ قَبْرٍ وَاحِدَةً، قَالُوا: يَا رَسُولَ اللَّهِ، لِمَ فَعَلْتَ هَذَا؟ قَالَ: «لَعَلَّهُ يُخَفِّفُ عَنْهُمَا مَا لَمْ يَيْبَسَا».
المزيد
အစ်ဗ်နု အဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကဗရ် သင်္ချိုင်းနှစ်ခုအနားမှ ဖြတ်သန်းသွားသည့်အခါ မိန့်ကြားတော်မူသည်မှာ « ဧကန်မုချ ၎င်းတို့နှစ်ဦးသည် အပြစ်ပေးခြင်းခံရနေသည်။ ၎င်းတို့နှစ်ဦးသည် ကြီးကြီးမားမားကိစ္စအတွက် ပြစ်ဒဏ်ခံနေရခြင်းမဟုတ်ပေ၊ ၎င်းတို့နှစ်ဦးအနက် တစ်ဦးမှာ ကြင်ငယ်မှ ရှောင်ကြဉ်ခြင်းမပြုသည့်အတွက်ဖြစ်သည်။ နောက်တစ်ဦးမှာ ကုန်းချောလေ့ရှိသည့်အတွက်ဖြစ်သည်။ ထို့နောက် ကိုယ်တော်သည် စိမ်းစိုသည့် စွန်ပလွံကိုင်း တစ်ခုကိုယူ၍ ၎င်းအား နှစ်ပိုင်းချိုးကာ သင်္ချိုင်းနှစ်ခုစလုံးတွင် တစ်ပိုင်းစီ စိုက်ခဲ့သည်။ ထိုအခါ ဆွဟာဗဟ်များက အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကိုယ်တော် အဘယ့်ကြောင့် ဤသို့ပြုလုပ်တော်မူပါသနည်းဟု မေးလျှောက်ရာ ကိုယ်တော်က ထိုအကိုင်းနှစ်ကိုင်းမခြောက်သ၍ ၎င်းတို့နှစ်ဦး၏ပြစ်ဒဏ် လျော့ပေါ့ပေးခြင်းခံရနိုင်ဖွယ်ရှိသည်ဟု မိန့်ကြားတော်မူခဲ့သည်။