عن أبي بَكْرَةَ- رضي الله عنه - عن النبي صلى الله عليه وسلم أنه قال: «أَلا أُنَبِّئُكم بِأَكْبَرِ الْكَبَائِر؟»- ثَلاثا- قُلْنَا: بَلى يا رسول الله، قَالَ: «الإِشْرَاكُ بِالله وَعُقُوقُ الوالدين، وكان مُتَّكِئاً فَجَلس، وَقَال: ألا وَقَوْلُ الزور، وَشهَادَةُ الزُّور»، فَما زال يُكَرِّرُها حتى قُلنَا: لَيْتَه سَكَت.
[صحيح] - [متفق عليه]
المزيــد ...

အဗူဗက်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။ ကိုယ်တော်ကမိန့်ကြားတော်မူသည်မှာ ငါကိုယ်တော်သည် အသင်တို့အား အလွန်ကြီးလေးသော ပြစ်မှုကြီးများနှင့် ပတ်သက်ပြီး သတင်းမပေးရဘူးလားဟု သုံးကြိမ်တိုင်တိုင် မေးမြန်းတော်မူခဲ့သည်။ ကျွန်တော်တို့က အို -အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ အမှန်ပဲပြောပြတော်မူပါဟု လျှောက်ထားခဲ့ကြသည်။ ကိုယ်တော်မြတ်က မိန့်တော်မူသည်။ (၁)အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာအား ယှဉ်တွဲကိုးကွယ်ခြင်း၊ (၂) မိဘနှစ်ပါး၏ အမိန့်ကို ဖီဆန်ခြင်းဖြစ်သည်။ ထိုသို့ဖြေကြားပြီးနောက် ကိုယ်တော်သည် မှီလျက်ရှိနေရာမှ ထိုင်တော်မူ၍ မိန့်ကြားတော်မူသည်မှာ ကောင်းစွာသတိပြုကြပါ။ (၃)မုသားသက်သေထွက်ဆိုခြင်းဖြစ်သည်။ ကိုယ်တော်မြတ်သည် ထိုစကားကို ထပ်ခါထပ်ခါ မိန့်ကြားတော်မူနေရာ တိတ်ဆိတ်သွားလျှင် ကောင်းမှာပဲဟု ကျွန်တော်တို့(စိတ်ထဲ၌) ကိုယ်တော့်အား(ကြင်နာ၍) ပြောဆိုမိကြသည်အထိ ဖြစ်ခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိမိ၏ ဆွဟာဗဟ်သာဝကကြီးများကို (ألاأنبئكم)ဟု မိန့်ကြားခဲ့သည်။ ၎င်း၏ အလိုသဘောမှာ ငါရစူလ်အသင်တို့အား ပြစ်မှုကြီးများအနက် အကြီးဆုံးပြစ်မှုအား တင်ပြမည်။ ၎င်းနောက် ဤသုံးခုအား တင်ပြတော်မူသည်။ (၁)အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာအား ယှဉ်တွဲကိုးကွယ်ခြင်း။ ၎င်းသည် ခဝပ်ကိုးကွယ်မှုခံထိုက်ခြင်းဟူသော အရှင်မြတ်၏ ဂုဏ်အဆင့်အတန်းအား ကျူးကျော်စော်ကားခြင်း ဖြစ်သည်။ ချွတ်ယွင်းမှုအပေါင်းမှ ကင်းစင်၍ ကြီးကျယ်မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်(ပိုင်ဆိုင်သည့်) အခွင့်အရေးကိုယူ၍ ချည့်နဲ့သော မထိုက်တန်သည့် အဖန်ဆင်းခံများကို ပေးလိုက်ခြင်းဖြစ်သည်။ မိဘနှစ်ပါးအမိန့်အား ဖီဆန်ခြင်းသည် ရွံရှာဖွယ်ကောင်းသော အပြစ်အကုသိုလ် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိမိနှင့်အနီးဆုံး တော်စပ်သူကို ကောင်းမွန်စွာ ပြုစုရမည့်အစား ထိခိုက်နစ်နာအောင်ပြုလုပ်လိုက်သောကြောင့် ဖြစ်သည်။ မုသားသက်သေထွက်ဆိုခြင်းဟူသည် လိမ်လည်သည့် စကားအားလုံးကို ဆိုလိုပြီး ထိုစကားဖြင့် လိမ်လည်ခြင်းခံရသူ၏ ဥစ္စာပစ္စည်းကို ရယူရန် သို့မဟုတ် ၎င်း၏ ဂုဏ်သိက္ခာကိုထိပါးစော်ကားရန် သို့မဟုတ် အလားတူကိစ္စတစ်ခုခုကိုပြုလုပ်ရန် ရည်ရွယ်သည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဆင်ဟာလီ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ဂျာမန် ဂျပန်
ဘာသာပြန်များကို ကြည့်ရှုရန်

အကျိုးကျေးဇူးများ

  1. ရှရီအသ်၏ အမိန့်ပညတ်ချက်များအား ပို့ချရာတွင် (ငါကိုယ်တော်အသင်တို့အား သတင်းမပေးရဘူးလား)ဟု အစချီကာ မေးမြန်းသည့်နည်းလမ်းမျိုးဖြင့်ပို့ချခြင်းအား ဤဟဒီးဆ်တော်မှ ကောက်နှုတ်နိုင်သည်။
  2. မုချဧကန် အကြီးမားဆုံးပြစ်မှုမှာ ရှိရ်က်အလ္လာဟ်အရှင်မြတ်အား ဖက်စပ်ယှဉ်တွဲ ကိုးကွယ်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အရှင်မြတ်သည် ရှိရ်က်အား ပြစ်မှုကြီးများ၏ အရင်းအမြစ်နှင့်၊ အကြီးဆုံးပြစ်မှုအဖြစ် သတ်မှတ်ထားသည်။ ဤသည်ကို အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်တွင် အတည်ပြု တင်ပြထားသည်မှာ။ (ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တစ်စုံတစ်ရာကို မိမိနှင့် တွဲဖက်ယှဉ်ပြိုင် ကိုးကွယ်ခြင်းကို လွတ်ငြိမ်းချမ်းသာခွင့် အလျှင်းပေးတော်မူမည် မဟုတ်ပေ။ သို့ရာတွင် ထိုတွဲဖက်ယှဉ်ပြိုင် ကိုးကွယ်မှုမှတစ်ပါး အခြားပြစ်မှု ဒုစရိုက်တို့ကိုမူကား မိမိအလိုရှိတော်မူသောသူအား လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူအံ့။) ကုရ်အာန် (၄း၄၈)
  3. မိဘနှစ်ပါးနှင့် ပတ်သက်သည့် ဝတ္တရားများသည် ကြီးကျယ်လှသည်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့နှစ်ဦး၏ တာဝန်ဝတ္တရားကို မိမိနှင့်သက်ဆိုင်သည့် တာဝန်ဝတ္တရားဖြင့် ပူးတွဲတင်ပြထားသည်။
  4. မုသားသက်သေထွက်ဆိုခြင်း၏ အန္တရာယ်နှင့် မုသားသက်သေထွက်ဆိုခြင်းကြောင့် မွတ်စ်လင်မ်လူမှုဘဝအသိုင်းဝိုင်း၊ ကိုယ်ကျင့်တရား အဆင့်အတန်းနှင့်အခြားသော လူမှုရေးဘဝအသွင်အပြင်များအပေါ် သက်ရောက်မည့် ဆိုးကျိုးများကို တင်ပြထားပေသည်။
ထပ်၍