عن أبي بَكرة رضي الله عنه قال: سمعت رسول الله صلى الله عليه وسلم يقول:
«إِذَا الْتَقَى الْمُسْلِمَانِ بِسَيْفَيْهِمَا فَالْقَاتِلُ وَالْمَقْتُولُ فِي النَّارِ»، فَقُلْتُ: يَا رَسُولَ اللهِ هَذَا الْقَاتِلُ، فَمَا بَالُ الْمَقْتُولِ؟ قَالَ: «إِنَّهُ كَانَ حَرِيصًا عَلَى قَتْلِ صَاحِبِهِ».

[صحيح] - [متفق عليه] - [صحيح البخاري: 31]
المزيــد ...

အဗူဗက်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကျွန်ုပ်ကြားသိခဲ့သည်။
“မွတ်စ်လင်မ် နှစ်ဦးသည် ဓားကိုယ်စီဖြင့် အချင်းချင်း ရင်ဆိုင်တိုက်ခိုက်ကြသည့်အခါ သတ်သူနှင့် အသတ်ခံရသူ (နှစ်ဦးစလုံး) ငရဲမီးထဲသို့ ကျရောက်မည်ဖြစ်သည်။”ထိုအခါ ကျွန်တော်က အို- အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ သတ်သူ (ငရဲမီးထဲကျခြင်းကို သိပါသည်)။ အသတ်ခံရသူက အဘယ်ကြောင့်ကျရပါသနည်း ဟုလျှောက်ထားရာ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က “အမှန်တကယ်ပင် ထို(အသတ်ခံရ)သူသည်လည်း သူ၏ပြိုင်ဘက်ကို သတ်ရန် ဆန္ဒပြင်းပြခဲ့သူဖြစ်သည်” ဟုမိန့်တော်မူသည်။

[صحيح] - [متفق عليه] - [صحيح البخاري - 31]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မွတ်စ်လင်မ်နှစ်ဦးသည် တစ်ဦးကိုတစ်ဦး သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ဓားကိုယ်စီဖြင့် ရင်ဆိုင်တိုက်ခိုက်ကြလျှင် သတ်သူသည် မိမိ၏ ပြိုင်ဘက်ကို သတ်လိုက်သည့်အတွက် ငရဲမီးသို့ ကျရောက်မည်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ ဆွဟာဗဟ် သာဝကများက အသတ်ခံရသူသည်မည်သည့်အတွက်‌ကြောင့် ဂျဟန္နမ်ကျရောက်သည်ကို နားမလည်နိုင်ဘဲ ဖြစ်နေခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ ထို(အသတ်ခံရ)သူသည်လည်း သူ၏ပြိုင်ဘက်ကို သတ်ရန်ဆန္ဒရှိခဲ့သည့်အတွက် ဂျဟန္နမ်တွင်ကျရခြင်းဖြစ်သည်။ သတ်လိုက်သူက သူ့ထက် လက်ဦးသွားသည့်အတွက်ကြောင့်သာ မသတ်လိုက်ရခြင်းဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အကြင်သူသည် အပြစ်ကျူးလွန်ရန် စိတ်ထဲ၌ သန္နိဌာန်ချကာ ၎င်းနှင့်သက်ဆိုင်သော အကြောင်းခံများကိုလည်း ပြုလုပ်ခဲ့ပါက ထိုသူသည် အပြစ်ထိုက်မည်ဖြစ်သည်။
  2. မွတ်စ်လင်မ် အချင်းချင်းတိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်းကို ပြင်းပြင်းထန်ထန် သတိပေးတားမြစ်ထားပြီး ထိုလုပ်ရပ်အား ဂျဟန္နမ်ငရဲမီးဖြင့် သတိပေး ခြိမ်းခြောက်ထားသည်။
  3. မွတ်စ်လင်မ်အချင်းချင်း ဖြစ်သော်လည်း အမှန်တရားအတွက် တိုက်ခိုက်ခြင်းမျိုးဖြစ်သည့် သူပုန်များ၊ အဖျက်အမှောက်လုပ်သူများကို တိုက်ခိုက်ခြင်းသည် ထိုခြိမ်းခြောက်မှု၌ မပါဝင်ပေ။
  4. ကဗီရဟ် (ကြီးလေးသောအပြစ်ကို) ကျူးလွန်ရုံဖြင့် ကာဖိရ်မဖြစ်‌ပေ။ အဘယ့်ကြောင့်ဆိုသော် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အပြန်အလှန်တိုက်ခိုက်ကြသူနှစ်ဦးအား မွတ်စ်လင်မ်ဟုပင် ခေါ်ဆိုထားသည်။
  5. မွတ်စ်လင်မ်နှစ်ဦး ဆုံတွေ့ကာ မည်သည့်နည်းလမ်းမျိုးဖြင့် သတ်ဖြတ်သည်ဖြစ်စေ တစ်ဦးကတစ်ဦးကို သတ်ခဲ့ပါက သတ်သူနှင့် အသတ်ခံရသူနှစ်ဦးစလုံး ဂျဟန္နမ်ငရဲသို့ ကျရောက်မည်ဖြစ်သည်။ ဟဒီးဆ်တော်တွင် ဓါးကို ဖော်ပြခြင်းသည် ပမာပေးသည့်သဘောမျိုးသာဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: الإنجليزية الأوردية الإسبانية ထပ်၍ (68)
ထပ်၍