عن أبي هريرة رضي الله عنه مرفوعاً: «إنَّ الله لا ينْظُرُ إِلى أجْسَامِكُمْ، ولا إِلى صُوَرِكمْ، وَلَكن ينْظُرُ إلى قُلُوبِكمْ وأعمالكم».
[صحيح] - [رواه مسلم]
المزيــد ...

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ ခန္ဓာကိုယ်များနှင့် ရုပ်ရည်များကို ကြည့်တော်မူမည်မဟုတ်၊ သို့သော် သင်တို့၏ နှလုံးသားများနှင့် လုပ်ရပ်များကိုသာ ကြည့်တော်မူမည်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား သင်တို့၏ ခန္ဓာကိုယ်များနှင့် ရုပ်ရည်များအပေါ်မူတည်၍ အကျိုးကုသိုလ် ချီးမြှင့်မည်မဟုတ်သလို ထိုအရာများကြောင့် သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်မှု ရရှိနိုင်ကြမည် မဟုတ်ပေ၊ သို့သော် သင်တို့၏ စိတ်နှလုံးသားထဲရှိ စိတ်ထားဖြူစင်မှု၊ ဖြောင့်မတ်မှန်ကန်မှုနှင့် သင်တို့ကျင့်ဆောင်သော ကောင်းမြတ်သည့် လုပ်ရပ်များအပေါ် မူတည်၍သာ အကျိုးကုသိုလ် ချီးမြှင့်မည် ဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) တဂ္ဂလော့ ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. စိတ်နှလုံးသား၏ အခြေအနေနှင့် ၎င်း၏အရည်အသွေးများကို ဂရုစိုက်ရမည်။ ထို့ပြင် စိတ်နှလုံးသား၏ ရည်ရွယ်ချက်များကို မှန်ကန်အောင်ပြုပြင်ခြင်းနှင့် မကောင်းသောအကျင့်စရိုက်တို့မှ သန့်ရှင်းစင်ကြယ်အောင်ပြုလုပ်ခြင်းတို့ကိုလည်း အလေးထားရမည်။
  2. အအ်မာလ် ကျင့်ဆောင်မှုများ၏ အကျိုးကုသိုလ်သည် စိတ်နှလုံးသား၌ (အိခ်လာဆ်ွ) အလ္လာဟ်အရှင်မြတ်အတွက်သာ သီးသန့်ဖြစ်ခြင်းနှင့် ကောင်းမွန်သည့် ရည်စူးချက်ထားရှိခြင်းတို့ အပေါ်မူတည်သည်။
  3. စိတ်နှလုံးသားနှင့် ၎င်း၏ အရည်အသွေးများအား ကောင်းမွန်အောင် ပြုပြင်ခြင်းကို ခန္ဓာကိုယ် အစိတ်အပိုင်းများ၏ ကျင့်ဆောင်မှုတို့ထက် ပို၍ အလေးထား ဦးစားပေးရမည်။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးသား၏ အမလ်ဆောင်ရွက်ချက်ကသာ သာသနာရေးဆိုင်ရာ ကျင့်ဆောင်မှုများအား မှန်ကန်ကောင်းမွန်စေမည်ဖြစ်သည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်အား မယုံကြည်သူ ကာဖိရ်၏ အမလ်ကျင့်ဆောင်မှုသည် မှန်ကန်မှု မရှိပေ။
  4. လူသားတိုင်းသည် မိမိ၏ ရည်စူးချက်နှင့် လုပ်ဆောင်ချက်တို့အတွက် တာဝန်ရှိသည်။ ဤအချက်ကပင် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်အား ကျေနပ်နှစ်သက်စေမည့် ကိစ္စတိုင်းအတွက် နှလုံးသား၏ အမလ်ဆောင်ရွက်ချက်အား မှန်ကန်အောင် ပြုပြင်ရန် တွန်းအားပေးသော အရာဖြစ်သည်။
အမျိုးအစားများ
ထပ်၍