عَنْ ابْنَ عُمَرَ رَضِيَ اللَّهُ عَنْهُمَا قَالَ: سَمِعْتُ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«إِذَا رَأَيْتُمُوهُ فَصُومُوا، وَإِذَا رَأَيْتُمُوهُ فَأَفْطِرُوا، فَإِنْ غُمَّ عَلَيْكُمْ فَاقْدُرُوا لَهُ».

[صحيح] - [متفق عليه] - [صحيح البخاري: 1900]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို နောက်ထပ်သုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အိဗ်နုအုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) (ဤသို့) မိန့်ကြားတော်မူသည်ကို ကျွန်ုပ်ကြားသိခဲ့ရသည်။
အသင်တို့ (ရမဿွာန်လရဲ့) ဆန်းဦးစလကို မြင်တွေ့ကြလျှင် စွိယာမ်ဥပုသ်စောင့်ထိန်းကြ လေကုန်။ ( ရှောင်ဝါလ်လရဲ့ ) ဆန်းဦးစလကို မြင်တွေ့ကြလျှင် ဝါလွတ်ကြလေကုန်။ အကယ်၍ အသင်တို့အ‌ပေါ်၌ တိမ်ဖုံးကွယ်နေပါက (ဆန်းဦးစလကို မမြင်တွေ့ရလျှင် ) ရမဿွာန်ရဲ့လကို ( ရက်ပေါင်း သုံးဆယ်ပြည့်အောင် ) ရေတွက်ကြလေကုန်။

[صحيح] - [متفق عليه] - [صحيح البخاري - 1900]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ရမဿွာန်လ စတင်ဝင်ရောက်ခြင်းနှင့် ကုန်ဆုံးခြင်း၏ အမှတ်အသားလက္ခဏာ ကို ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်မှာ- အသင်တို့သည် ရမဿွာန်လရဲ့ ဆန်းဦးစလကို မြင်တွေ့ကြလျှင် စွိယာမ်ဥပုသ်စောင့်ထိန်းကြ လေကုန်။ အကယ်၍ အသင်တို့အ‌ပေါ်၌ တိမ်ဖုံးကွယ်နေပါက (ဆန်းဦးစလကို မမြင်တွေ့ရလျှင် ) ရှအ်ဗာန်လကို ရက်ပေါင်း သုံးဆယ် ပြည့်အောင်ရေတွက်ကြလေကုန်။ ထို့နောက် အသင်တို့သည် ရှောင်ဝါလ်လရဲ့ ဆန်းဦးစလကို မြင်တွေ့ကြလျှင် ဝါလွတ်ကြလေကုန်။ အကယ်၍ အသင်တို့အ‌ပေါ်၌ တိမ်ဖုံးကွယ်နေပါက (ဆန်းဦးစလကို မမြင်တွေ့ရလျှင် ) ရမဿွာန်လကို ရက်ပေါင်း သုံးဆယ် ပြည့်အောင်ရေတွက်ကြလေကုန်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. လအစကို အတည်ပြုသတ်မှတ်ရန် တွက်ချက်မှုအပေါ် မဟုတ်ဘဲ မျက်စိဖြင့်မြင်တွေ့ရခြင်းအပေါ် အခြေပြုအားထားရမည်။
  2. ပညာရှင် အိဗ်နုမွန်ဇိရ်က ရမဿွန်လအစကို မျက်စိဖြင့် မြင်တွေ့ခြင်းကို အခြေမခံဘဲ တွက်ချက်မှုပေါ်တွင်သာ အခြေခံ၍ စွိယာမ်ဥပုသ်စောင့်ထိန်းရန် ဝါဂျိဗ်တာဝန်မဟုတ်ကြောင်း ပညာရှင်တို့၏ အိဂ်ျမာအ် ( တညီတညွတ်တည်းဆုံးဖြတ်ချက်) ကို ဆင့်ပြန်တင်ပြခဲ့၏။
  3. ရမဿွာန်လရဲ့ ဆန်းဦးစလကို တိမ်တိုက်စသည်တို့က ဖုံးကွယ်ထားပါက ရှအ်ဗာန်လကို ရက်ပေါင်းသုံးဆယ် ပြည့်အောင်ရေတွက်ရန် အရေးကြီးသည်။
  4. ‘လ’ကို အခြေခံ၍တွက်ချက်သော လသည် ရက်ပေါင်း ၂၉ ရက် သို့မဟုတ် ၃၀ ရက်သာ ရှိသည်။
  5. ရှောင်ဝါလ် လရဲ့ ဆန်းဦးစလကို တိမ်တိုက်စသည်တို့က ဖုံးကွယ်ထားပါက ရမဿွာန်လကို ရရက်ပေါင်း သုံးဆယ် ပြည့်အောင် ရေတွက်ရန် အရေးကြီးသည်။
  6. မွတ်စ်လင်မ်များ၏ စွိယာမ်ဥပုသ်စောင့်ထိန်းမှုဆိုင်ရာ အရေးကိစ္စကို စောင့်ကြည့်ဂရုစိုက်မည့်သူ သို့မဟုတ် ထိုကိစ္စကို အလေးမထား လျစ်လျူရှုတတ်သူများသာ ရှိသောနေရာတွင် ရှိနေသူသည် (ကိုယ်တိုင်ပင်) ဆန်းဦးစလကို ဂရုတစိုက် စောင့်ကြည့်ရမည် ဖြစ်ပြီး၊ မိမိကိုယ်တိုင် တွေ့မြင်ရခြင်း သို့မဟုတ် ယုံကြည်စိတ်ချရသူတစ်ဦး၏ တွေ့မြင်ခြင်းကို အခြေခံ၍ စွိယာမ်ဥပုသ်စောင့်ထိန်းခြင်းနှင့် ဝါထွက်ခြင်းကို ပြုလုပ်ရမည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: الإنجليزية الأوردية الإسبانية ထပ်၍ (50)