ဟဒီးဆ်တော်များစာရင်း

ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ( အသင်တို့အဖို့ ) တာဝန်တစ်ချို့ကို သတ်မှတ်ပြဋ္ဌာန်းထားတော်မူပါသည်။ သို့ဖြစ်ရာ ထိုတာဝန်များကို မမေ့မလျော့ဘဲ ဆောင်ရွက်ပါ‌လေ။ ထို့အပြင်အရှင်မြတ်သည် စည်း‌မျဥ်းတစ်ချို့ကို ချမှတ်ထားတော်မူပါသည်။ သို့ဖြစ်၍ ထိုစည်းမျဥ်းစည်း‌ဘောင်များကို မချိုးဖောက်ကြနှင့်။ အလားတူပင်အရှင်မြတ်သည် တစ်ချို့အရာများကို ဟရာမ်ဟု တားမြစ်ထားတော်မူပါသည်။ သို့ဖြစ်၍ ထိုတားမြစ်ချက်များကို မချိုးဖောက်ကြနှင့်။ ထို့ပြင် အရှင်မြတ်သည် တစ်ချို့အရာများနှင့်ပတ်သက်၍ မေ့လျော့၍ မဟုတ်ဘဲ အသင်တို့အား သနားကရုဏာထားသောအနေဖြင့် တိတ်တဆိတ်နေတော်မူခဲ့ပါသည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုအရာများနှင့် ပတ်သတ်၍ စူးစမ်းရှာ‌ ဖွေခြင်း မပြုကြနှင့်။
عربي الإنجليزية الأوردية
အစ္စလာမ်သာသနာသည် မဏ္ဍိုင်ကြီးငါးခုပေါ်တွင် တည်ဆောက်ထားသည်
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်သည် ကိစ္စရပ်တိုင်းတွင် ကောင်းမွန်စွာကျင့်မူရန်သတ်မှတ်ပြဌာန်းထားသည်။
عربي الإنجليزية الأوردية
ကိုယ်တော် ကျွန်တော့်အားပြောပြပါ။ အကယ်၍ ကျွန်တော်သည် ဖရ်ဿွ်ဆွလာသ်များကို ဆောက်တည်မည်။ ရမဿွာန်လတွင် ဥပုသ်စောင့်ထိန်းမည်။ ဟလာလ်ကို ဟလာလ်ဟုသတ်မှတ်ပြီး ဟရာမ်ကို ဟရာမ်ဟုသတ်မှတ်မည်။
عربي الإنجليزية الأوردية
သန့်ရှင်းစင်ကြယ်မှုသည် အီမာန်ယုံကြည်မှု၏ တစ်ဝက်ဖြစ်သည်။ ‘အလ်ဟမ်ဒု လိလ္လာဟ်’သည် မီဇာန်ချိန်ခွင်ကို အချိန်လေး၍ ပြည့်စေမည်။‘စွဗ်ဟာနလ္လာဟ်နှင့် အလ်ဟမ်ဒုလိလ္လာဟ်’ဇိက်ရ်တော်နှစ်ခုသည် (သို့မဟုတ် ဇိက်ရ်တော် တစ်ခုသည်) မိုးကောင်းကင်နှင့်ပထဝီမြေပြင်ကြားကိုပြည့်စေသည်။
عربي الإنجليزية الأوردية
မိမိကိုယ်မိမိ ထိခိုက်နစ်နာအောင်ပြုခြင်းနှင့် အခြားသူကို ထိခိုက်နစ်နာအောင်ပြုခြင်းတို့ မပြုလုပ်ရ"။
عربي الإنجليزية الأوردية
လူတို့အား ၎င်းတို့တရားစွဲသည့်အတိုင်းပေးကမ်းရမည်ဆိုပါက အချို့သောသူများသည် သူတစ်ပါး၏ ပစ္စည်းဥစ္စာနှင့် အသက်‌သွေးများကိုပါ ရရှိနိုင်ရန်တရားစွဲလာကြလိမ့်မည်။ သို့သော် တရားစွဲသူသည် ခိုင်လုံသည့် သက်သေအထောက်အထားပြရန်အရေးကြီးသည်။ စွဲချက်ကို ငြင်းပယ်သူသည် ကျိန်၍ငြင်းရမည်။
عربي الإنجليزية الأوردية
မူးယစ်စေသောအရာအားလုံးသည် ဟရာမ်ဖြစ်သည်။
عربي الإنجليزية الأوردية
“မည်သူမဆို ဟဂ်ျပြုရာတွင် ကာမဂုဏ်နှင့်သက်ဆိုင်သည့် ညစ်ညမ်းသောစကားကိုလည်း မပြောဆို၊ အပြစ်ကျူးလွန်ခြင်းလည်း မရှိခဲ့သော် ၎င်းသည် သူ၏မိခင်က သူ့အား မွေးဖွားခဲ့သည့်နေ့ကအတိုင်း(အပြစ်ကင်းစင်သူအဖြစ်) ပြန်ရောက်လာမည်။”
عربي الإنجليزية الأوردية
အစားအသောက် အသင့်ရောက်ရှိနေသောအခါ ဆွလာသ်မဆောက်တည်ရ၊ ကျင်ကြီး၊ ကျင်ငယ်ကို ချုပ်တည်း၍ ဆွလာသ်မဆောက်တည်ရ။
عربي الإنجليزية الأوردية
သောကြာနေ့ အိမာမ် ခွသ်ဗဟ် မိန့်ခွန်းပြောနေစဉ် သင့်နံဘေးတွင် ရှိသောသူကို ဆိတ်ဆိတ်နေပါဟု အသင်ပြောဆိုလျှင် အမှန်တကယ် အသင်သည် အချည်းနှီးကိစ္စတစ်ခုကို ပြုလုပ်လိုက်ခြင်းဖြစ်သည်။
عربي الإنجليزية الأوردية
အရာငါးခုသည် လူသား၏ သဘာဝအနက်မှဖြစ်သည်။ (၁)ခသ်နဟ် လိင်အရေပြား လှီးဖြတ်ခြင်း၊ (၂)ချက်အောက်မွေးရိတ်ခြင်း၊ (၃)နှုတ်ခမ်းမွေးညှပ်ခြင်း၊ (၄)လက်သည်း၊ခြေသည်းညှပ်ခြင်း၊ (၅)ချိုင်းမွေးနုတ်ခြင်း။
عربي الإنجليزية الأوردية
နှုတ်ခမ်းမွေးညှပ်ပါ၊ မုတ်ဆိတ်မွေးကို ရှည်လျားအောင် လွှတ်ထားပါ။
عربي الإنجليزية الأوردية
အကြင်သူသည် ငါကိုယ်တော်၏ ဤဝုဿူပြုနည်းအတိုင်း ဝုဿူပြုလုပ်ပြီး ဆွလာသ်နှစ်ရကအသ်ဆောက်တည်မည်။ ယင်းနှစ်ရကအသ်ထဲတွင် စိတ်ထဲမှစကားပြောခြင်း(ဟိုဒီတွေးခြင်း)မပြုလျှင် ထိုသူယခင်က ကျူးလွန်ခဲ့သော အပြစ်များ ခွင့်လွှတ်ခြင်းခံရမည် ဖြစ်သည်။
عربي الإنجليزية الأوردية
အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ကဗရ်အား ကိုးကွယ်ရာအဖြစ် မပြုလုပ်လိုက်ပါနှင့်။
عربي الإنجليزية الأوردية
မုနာဖိက် (အရေခြုံမွတ်စလင်မ်) တို့အပေါ်တွင် အိရှာဆွလာသ်နှင့် ဖဂျရ်ဆွလာသ်သည် အလေးလံဆုံး ဆွလာသ်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ထိုဆွလာသ်နှစ်ကြိမ်၏ အကျိုးကုသိုလ်အား သိရှိကြလျှင် (လမ်းမလျှောက်နိုင်သဖြင့်) လေးဖက်ထောက်လာရမည်ဆိုလျှင်လည်း မုချလာကြလိမ့်မည်။
عربي الإنجليزية الأوردية
ဟဒတ်စ် (ဝူဿွူပျက်ခြင်း) ဖြစ်သွားလျှင် ဝူဿွူပြန်မလုပ်မချင်း အသင်တို့အနက် မည်သူ၏ဆွလာသ်ကိုမျှ အလ္လာဟ်အရှင်မြတ်က လက်ခံတော်မူမည် မဟုတ်ပေ။
عربي الإنجليزية الأوردية
(မစ္စဝါက်) တံပူစားခြင်းသည် ခံတွင်းကို သန့်ရှင်းစင်ကြယ်စေပြီး အလ္လာဟ်အရှင်မြတ် ‌ကျေနပ်နှစ်သက်မှုကိုရရှိစေသည်။
عربي الإنجليزية الأوردية
အကယ်၍ ကြီးလေးသော အပြစ်အကုသိုလ်များကို ရှောင်ကြဉ်ပါက ဆွလာသ်ငါးကြိမ်သည်လည်းကောင်း၊ ဂျုမုအဟ်တစ်ကြိမ်မှ နောက်ဂျုမုအဟ်သည်လည်းကောင်း၊ ရမဿွာန်တစ်လမှ နောက်ရမဿွာန်သည်လည်းကောင်း ယင်းတို့၏ စပ်ကြား၌ရှိသော အကုသိုလ်များအား ပလပ်စေမည်ဖြစ်သည်။
عربي الإنجليزية الأوردية
ဆွေမျိုးအချင်းချင်း အပြန်အလှန် တုံ့ပြန်ဆက်ဆံသူသည် စစ်မှန်ပြည့်ဝသော ဆွေမျိုးဆက်သူမဟုတ်ပေ။ စစ်မှန်ပြည့်ဝသော ဆွေမျိုးဆက်သူဟူသည် ဆွေမျိုးများက အဆက်အသွယ် ဖြတ်လိုက်သည့်အခါ ပြန်ဆက်သွယ်သူဖြစ်သည်။
عربي الإنجليزية الأوردية
မည်သူမဆို အီမာန်နှင့်တကွ အကျိုးဆဝါဗ်ကို မျှော်ကိုးပြီး ရမဿွာန်လ၏ (ဆွိယာမ်)ဥပုသ်ကို စောင့်ထိန်းခဲ့လျှင် ၎င်းသူ ယခင်ကကျူးလွန်မိခဲ့သော အပြစ်အကုသိုလ်များ ခွင့်လွှတ်ပေးခြင်းခံရမည် ဖြစ်သည်။
عربي الإنجليزية الأوردية
မည်သူမဆို ကဒ်ရ်ညမြတ်တွင် အီမာန်ယုံကြည်မှုနှင့်တကွ အကျိုးဆဝါဗ်ကို မျှော်ကိုးပြီး အိဗာဒသ်ခဝပ်ကိုးကွယ်မှုပြုခဲ့လျှင် ၎င်းသူ ယခင်ကကျူးလွန်မိခဲ့သော အပြစ်အကုသိုလ်များ ခွင့်လွှတ်ပေးခြင်းခံရမည်ဖြစ်သည်။
عربي الإنجليزية الأوردية
ဧကန်အမှန်ပင် ဟလာလ်(တရားတော်က ခွင့်ပြုထားသည့်အရာ)သည် ထင်ရှားပြီး၊ ဟရာမ်(တရားတော်က တားမြစ်ထားသည့်) အရာသည်လည်း ထင်ရှားသည်။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်သည် ကိစ္စရပ်တိုင်းတွင် ကောင်းမွန်စွာကျင့်မူရန် သတ်မှတ်ပြဌာန်းထားတော်မူသည်။
عربي الإنجليزية الأوردية
မိမိကိုယ်မိမိ ထိခိုက်နစ်နာအောင်ပြုခြင်းနှင့် အခြားသူကို ထိခိုက်နစ်နာအောင်ပြုခြင်းတို့ မပြုလုပ်ရ။ မည်သူမဆို တစ်ဦးတစ်ယောက်ကို ထိခိုက်နစ်နာအောင်ပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ထိခိုက်နစ်နာစေလိမ့်မည်။ မည်သူမဆို တစ်ဦးတစ်ယောက်အား ခက်ခဲဒုက္ခရောက်အောင်ပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအားခက်ခဲဒုက္ခရောက်စေလိမ့်မည်။
عربي الإنجليزية الأوردية
ငါကိုယ်တော် အသင်တို့အား တားမြစ်ထားသောအရာများကို ရှောင်ကြဉ်ကြပါ၊ ထို့နောက် ငါကိုယ်တော် အသင်တို့အား အမိန့်ပေးထားသောအရာများကို အသင်တို့ စွမ်းနိုင်သမျှ လိုက်နာကျင့်သုံးကြပါ။ ဧကန်အမှန်ပင် အသင်တို့အလျင် ရှိခဲ့ကြသောသူများအား ပျက်ဆီးစေခဲ့သည့် အကြောင်းအရင်းမှာ မလိုအပ်ဘဲ အမေးမြန်းထူခြင်းနှင့် ၎င်းတို့၏ တမန်တော်များအား သွေဖည်ဆန့်ကျင်ကြခြင်းတို့ကြောင့်ဖြစ်သည်။
عربي الإنجليزية الأوردية
ကောင်းကင်တမန် ဂျိဗ်ရီလ်(အလိုင်းဟိစ္စလာမ်)သည် ငါကိုယ်တော်အား အိမ်နီးချင်းနှင့်ပတ်သက်၍ ကောင်းမွန်စွာဆက်ဆံရန် အမြဲမှာကြားတော်မူသည်။ အဘယ်မျှထိဆိုသော် အိမ်နီးချင်းအား အမွေစားအမွေခံအဖြစ် သတ်မှတ်လိုက်မည်ဟုပင် ငါကိုယ်တော် ထင်မိခဲ့သည်။
عربي الإنجليزية الأوردية
ဧကန်အမှန်ပင် ဂါထာမန္တန်မန်းမှုတ်ခြင်း၊ အင်းအိုင်အဆောင်လက်ဖွဲ့ချိတ်ဆွဲခြင်း၊ တစ်ဦးကတစ်ဦးကို ချစ်ခင်လာစေရန်အတွက် ဂျာဒူဖြင့်ပြုလုပ်ခြင်း စသည့်ကိစ္စရပ် အားလုံးသည် ရှိရ်က်ဖြစ်သည်။
عربي الإنجليزية الأوردية
အသင်တို့သည် ကွယ်လွန်သူများကို ဆဲဆိုမကောင်းပြောခြင်း မပြုကြလေနှင့်။ ဧကန်အမှန်ပင် ၎င်းတို့သည် သူတို့ကြိုတင်ပို့ထားသည့် အရာများဆီသို့ ရောက်သွားကြပြီဖြစ်သည်။
عربي الإنجليزية الأوردية
အကြင်သူသည် ဖဂျရ် ဆွလာသ်ကို ဆောက်တည်ပါက ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ ထိန်းသိမ်းစောင့်ရှောက်မှုအောက်တွင် ရှိနေမည်ဖြစ်သည်။
عربي الإنجليزية الأوردية
ဆွဒကဟ် အလှူဒါနသည် ဥစ္စာပစ္စည်းကို လျှော့နည်းစေမည်မဟုတ်၊ ခွင့်လွှတ်တတ်သူအား အလ္လာဟ်အရှင်မြတ်သည် ဂုဏ်သိက္ခာ ပို၍တိုးပွားစေတော်မူမည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်အတွက် ရိုကျိုးနှိမ့်ချခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူအားမြှင့်တင်ပေးတော်မူသည်။
عربي الإنجليزية الأوردية
မုအ်မင်န် သက်ဝင်ယုံကြည်သူများအနက် အီမာန် ယုံကြည်မှုအားဖြင့် အပြည့်ဝဆုံးသူမှာ ကိုယ်ကျင့်တရား အကောင်းဆုံးသူပင်ဖြစ်သည်။ သင်တို့အနက် အကောင်းဆုံးသူမှာ အသင်တို့၏ အမျိုးသမီးများအပေါ် အကောင်းဆုံးသူပင် ဖြစ်သည်။
عربي الإنجليزية الأوردية
ဒွန္နယာ လောကသည် အကျိုးခံစားသည့် အရာဖြစ်ပြီး လောက၏ အကျိုးခံစားမှုများအနက် အကောင်းဆုံးမှာ ကောင်းမြတ်သော ဇနီးပင်ဖြစ်သည်။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူသည်မှာ အို - အာဒမ်၏သား သင်သုံးစွဲလှူဒါန်းပါ၊ သင့်အပေါ်ပြန်လည် သုံးစွဲခြင်းခံရမည်။
عربي الإنجليزية الأوردية
အသင်တို့ လိုက်နာဖြည့်ဆည်းရန် အထိုက်တန်ဆုံး စည်းကမ်းချက်မှာ ကိုယ်လက်နှီးနှောခွင့် တရားဝင်စေရန်အတွက် သတ်မှတ်ထားသည့် စည်းကမ်းချက်ပင်ဖြစ်သည်။
عربي الإنجليزية الأوردية
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်တိုင်း၏နောက်တွင် ထိုကလိမဟ်တော်များကို ရွတ်ဆိုခဲ့သည်။
عربي الإنجليزية الأوردية
ဤနေ့ရက်များ(ဇွလ်ဟဂ်ျလ၏ ပထမဆယ်ရက်)၌ ကောင်းမှုပြုလုပ်ခြင်းအား အခြားသောနေ့ရက်များတွင် ကောင်းမှုပြုလုပ်ခြင်းထက် အလ္လာဟ်အရှင်မြတ်သည် ပို၍နှစ်သက်တော်မူသည်။
عربي الإنجليزية الأوردية
မည်သူမဆို အဆ်ွရ်ဆွလာသ်ကို စွန့်လွှတ်ပါက ၎င်း၏ကောင်းမှုများသည် အမှန်တကယ်ပင် အချည်းနှီးဖြစ်သွားပေမည်။
عربي الإنجليزية الأوردية
အကြင်သူသည် ဝုဿွူရေသန့်စင်ခြင်းအား ကောင်းမွန် ပြည့်စုံအောင်ပြုလုပ်မည်ဆိုလျှင် သူ၏ခန္ဓာကိုယ်မှ အကုသိုလ်များ ကင်းစင်သွားမည်ဖြစ်ပြီး လက်သည်းအောက်ရှိ အကုသိုလ်များပါ ကင်းစင်သွားမည်ဖြစ်သည်။
عربي الإنجليزية الأوردية
လူတစ်ဦးသည် အကျိုးကုသိုလ်ကို မျှော်ကိုး၍ မိမိ၏ အိမ်သူအိမ်သားများအပေါ် သုံးစွဲမှုတစ်ခုခုပြုခဲ့လျှင် ထိုသုံးစွဲမှုသည် ၎င်းသူအတွက် ဆွဒကဟ်အလှူဒါနပင်ဖြစ်သည်။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် (ကဇအ်) ဆံပင်တချို့ကိုရိတ်ပြီး တချို့ကိုမရိတ်ဘဲထားခြင်းကို တားမြစ်တော်မူခဲ့သည်။
عربي الإنجليزية الأوردية
အသင်တို့သည် ကျင်ငယ်ရေ(ပေကျံခြင်း) မှ ရှောင်ကြဉ်ကြပါ။ ကဗရ်၌ အဇာဗ်ပေးခြင်းခံရသည့် (အကြောင်းအရင်းများအနက်) အများစုသည် ဤကိစ္စကြောင့်ဖြစ်သည်။
عربي الإنجليزية الأوردية
အသင်တို့သည် ကဗရ်သင်္ချိုင်းများပေါ်တွင် မထိုင်ကြနှင့် ၎င်းတို့ဘက်သို့လှည့်၍ ဆွလာသ် မဆောက်တည်ကြနှင့်။
عربي الإنجليزية الأوردية
အကြင်သူတို့သည် ၎င်းတို့ထဲမှ သူတော်စင် ကျေးကျွန်တစ်ဦး သို့မဟုတ် သူတော်ကောင်းတစ်ဦး ကွယ်လွန်ခဲ့လျှင် ထိုသူ၏ ကဗရ်သင်္ချိုင်းပေါ်တွင် ဘုရားကျောင်းဆောက်လုပ်ခဲ့ကြပြီး
عربي الإنجليزية الأوردية
ငါကိုယ်တော်သည် အရိုးအဆစ်ခုနှစ်ခုပေါ်တွင် စဂ်ျဒဟ်ဦးချရန် အမိန့်ပေးခြင်းခံခဲ့ရသည်။
عربي الإنجليزية الأوردية
ဧကန်အမှန် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စဂ်ျဒဟ် နှစ်ခုကြားတွင် " اللَّهمَّ اغْفِرْ لي، وارْحَمْنِي، وعافِني، واهْدِني، وارزقْنِي " (အဓိပ္ပါယ်- အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ၊ ကရုဏာပြုတော်မူပါ၊ ငြိမ်းချမ်းမှုအဖြာဖြာ ချီးမြှင့်တော်မူပါ၊ လမ်းမှန်တရားချီးမြှင့်တော်မူပါ၊ စားနပ်ရိက္ခာချီးမြှင့်တော်မူပါ။)ကို အမြဲတောင်းခံလေ့ရှိ၏။
عربي الإنجليزية الأوردية
“အလ္လာဟွမ္မ အန်သတ်စ် စလာမု ဝမင်န်ကတ်စ် စလာမု သဗာရက်သ ယာဇလ်ဂျလားလိ ဝလ်အိက်ရာမ်”ကို ရွတ်ဆိုလေ့ရှိသည်။ (အဓိပ္ပာယ် - အို အလ္လာဟ်အရှင်မြတ်၊ အသင်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသော အရှင်ဖြစ်တော်မူ၏။ ငြိမ်းချမ်းသာယာမှုအပေါင်းသည် အသင်အရှင်မြတ်၏ထံတော်မှ ကျရောက်လာခြင်းသာဖြစ်၏။ အို- အနန္တတန်ခိုးတော်ရှင်၊ ကျေးဇူးပြုတော်မူသောအရှင်၊ အသင်အရှင်မြတ်သည် မင်္ဂလာအပေါင်းနှင့်ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူပါ၏။
عربي الإنجليزية الأوردية
အသင်ရပ်၍ ဆွလာသ် ဆောက်တည်ပါ အကယ်၍ အသင် (ရပ်၍ ဆွလာသ်ဆောက်တည်ရန်)မစွမ်းနိုင်လျှင် ထိုင်၍ ဆောက်တည်ပါ။ အကယ်၍ အသင် (ထိုင်၍ ဆွလာသ်ဆောက်တည်ရန်) မစွမ်းနိုင်လျှင် လဲလျောင်း၍ ဆောက်တည်ပါ။
عربي الإنجليزية الأوردية
အသင်ဆွလာသ်အတွက် အဇာန်ဖိတ်ခေါ်သံကို ကြားပါသလားဟု မေးမြန်းတော်မူသည်။ ၎င်းက ဟုတ်ကဲ့ (ကြားပါသည်)ဟု ဖြေကြားခဲ့ရာ ကိုယ်တော်ကသင် အဖြေပေးပါဟု မိန့်ကြားတော်မူသည်။
عربي الإنجليزية الأوردية
အိမာမ် ရှေ့ဆောင်သည် (ဆွလာသ်၏) အခြေအနေတစ်ခု၌ ရှိနေစဥ် သင်တို့အနက် တစ်ဦးတစ်ယောက်သည် ဆွလာသ်ဆောက်တည်ရန် ရောက်ရှိလာပါက ထိုသူသည် အိမာမ်ပြုလုပ်သည့်အတိုင်းသာ ပြုလုပ်ရမည်။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟု အလိုင်းဟိဝစလ္လမ်)သည် ကျွန်တော်တို့အား ခွသ်ဗသွလ်ဟာဂျဟ် (တစ်စုံတစ်ရာ ပြောကြားရန် လိုအပ်သည့်အခါ ဟောကြားရသည့် ခွသ်ဗဟ်)ကို သင်ကြားပေးခဲ့သည်။ ၎င်းမှာ -
عربي الإنجليزية الأوردية
အုပ်ထိန်းသူမပါဘဲ နိကာဟ်ထိမ်းမြားမှု အထမြောက်မည်မဟုတ်ပေ။
عربي الإنجليزية الأوردية
မည်သူမဆို ‘မုအာဟဒ်’ကတိစာချုပ် ချုပ်ဆိုထားသော ဘာသာခြားတစ်ဦးအား သတ်ဖြတ်ခဲ့သော် ထိုသူသည်ဂျန္နသ်၏ ရနံ့ကိုပင်ရရှိမည်မဟုတ်ပေ။ မုချဧကန် ၎င်း၏ရနံ့သည် နှစ်ပေါင်းလေးဆယ် ခရီးနှင်ရသည့် အကွာအဝေးမှပင် ရရှိနေမည်ဖြစ်သည်။
عربي الإنجليزية الأوردية
အမိန့်ဆုံးဖြတ်ချက်များအတွက် တံစိုးလက်ဆောင်ပေးသူနှင့် တံစိုးလက် ဆောင်ယူသူအား အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ‘လအ်နသ်’အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှကင်းဝေးစေရန် မကောင်းဆုတောင်းတော်မူခဲ့သည်။
عربي الإنجليزية الأوردية
အစ္စလာမ်သာသနာသည် မဏ္ဍိုင်ကြီးငါးခုပေါ်တွင် တည်ဆောက်ထားသည်
عربي الإنجليزية الأوردية
ကိုယ်တော် ကျွန်တော့်အားပြောပြပါ။ အကယ်၍ ကျွန်တော်သည် ဖရ်ဿွ်ဆွလာသ်များကို ဆောက်တည်မည်။ ရမဿွာန်လတွင် ဥပုသ်စောင့်ထိန်းမည်။ ဟလာလ်ကို ဟလာလ်ဟုသတ်မှတ်ပြီး ဟရာမ်ကို ဟရာမ်ဟုသတ်မှတ်မည်။
عربي الإنجليزية الأوردية
သန့်ရှင်းစင်ကြယ်မှုသည် အီမာန်ယုံကြည်မှု၏ တစ်ဝက်ဖြစ်သည်။ ‘အလ်ဟမ်ဒု လိလ္လာဟ်’သည် မီဇာန်ချိန်ခွင်ကို အချိန်လေး၍ ပြည့်စေမည်။‘စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ်’ဇိက်ရ်တော်နှစ်ခုသည် (သို့မဟုတ် ဇိက်ရ်တော် တစ်ခုသည်) မိုးကောင်းကင်နှင့်ပထဝီမြေပြင်ကြားကိုပြည့်စေသည်။
عربي الإنجليزية الأوردية
- " ( ရေမစိုသည့်) ခြေဖနောင့်များ အတွက် ငရဲမီး၏ပြစ်ဒဏ်ရှိမည်။ သင်တို့သည် ဝူဿွူကို ကောင်းစွာ ပြုလုပ်ကြလော့။
عربي الإنجليزية الأوردية
အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် မုအဇ္ဇင်န်က "အလ္လာဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ်"ဆိုသည့်အခါ အလ္လာဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ်ဟုဆိုမည်။
عربي الإنجليزية الأوردية
အကြင်သူသည် ဆွလာသ်ဆောက်တည်ရန် မေ့လျော့သွားပါက ၎င်းအားသတိရသည့်အခါ ပြန်လည်ဆောက်တည်လိုက်ပါ။ ထိုသို့ဆောက်တည်ခြင်းမှလွဲ၍ အပြစ်ကိုချေဖျက်ပေးမည့် အခြားအရာဟူ၍မရှိပေ။
عربي الإنجليزية الأوردية
ဧကန်မုချ လူတစ်ဦးနှင့် ရှိရ်က်၊ကုဖ်ရ်၏ အကြား၌ ဆွလာသ်စွန့်လွှတ်ခြင်းသာ ခြားနားသည်။
عربي الإنجليزية الأوردية
ဧကန်အမှန်ပင် ကျွန်ုပ်တို့(မွတ်စ်လင်မ်များ)နှင့် ၎င်း(မွတ်စ်လင်မ်မဟုတ်သူ)တို့ကြား၌ရှိသည့် ပဋိညာဉ်သည် ဆွလာသ်ပင်ဖြစ်သည်။ သို့ဖြစ်၍ အကြင်သူသည် ဆွလာသ်ဆောက်တည်ခြင်းကို စွန့်လွှတ်ပါက ထိုသူသည်အမှန်ပင် ကာဖိရ်ဖြစ်သွားမည်။
عربي الإنجليزية الأوردية
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့သည့် စစ်ပွဲတစ်ခုတွင် အမျိုးသမီးတစ်ဦး အသတ်ခံရသည်ကို တွေ့ရှိခဲ့ရသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အမျိုးသမီးများနှင့် ကလေးငယ်များအား သတ်ဖြတ်ခြင်းကို ကန့်ကွက်တားမြစ်ခဲ့သည်။
عربي الإنجليزية الأوردية
နဇရ်( ကိုးခြင်း )မှ တားမြစ်တော်မူခဲ့၏။ ထို့နောက် မိန့်ကြားတော်မူသည် -နဇရ်(ကိုးခြင်း) သည် မည်သည့် ကောင်းခြင်းတစ်စုံတစ်ရာကိုမျှ မယူဆောင်လာနိုင်ပါ။ စင်စစ် ထိုသို့နဇရ်(ကိုးခြင်း) အားဖြင့် စေးနဲတွန့်တိုသူထံမှ (ငွေကြေး ဥစ္စာကို)ထွက်စေခြင်းသာ ဖြစ်သည်။
عربي الإنجليزية الأوردية
။ ငါကိုယ်တော် အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ပြောမည်။ ငါကိုယ်တော်သည်အရာတစ်ခုခုကို ကျိန်ဆိုပြီးနောက် ထိုအရာထက် ပိုမိုကောင်းမွန်သော အရာတစ်ခုကို တွေ့ရှိပါက၊ ငါကိုယ်တော် ကျိန်ဆိုခဲ့သောအရာအတွက် ကဖ်ဖာရဟ်လျော်ကြေးပေးပြီး ပိုမိုကောင်းမွန်သော အရာကို ပြုလုပ်တော်မူမည် ဖြစ်သည်။
عربي الإنجليزية الأوردية
ကိယာမသ်နေ့၌ လူသားတို့ကြားတွင် ပထမဦးဆုံး တရားစီရင်ဆုံးဖြစ်မည့်ကိစ္စမှာ လူသတ်မှုဖြစ်သည်။
عربي الإنجليزية الأوردية
အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ ‘ကလိမဟ်’ စကားတော် မြင့်မားစေရန်အတွက် စစ်မက်တိုက်ခိုက်ခဲ့လျှင် ထိုသူသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် (တိုက်ခိုက်သူ) ဖြစ်သည်။
عربي الإنجليزية الأوردية
သင်တို့သည် မုအဇ္ဇင်န်၏အဇာန်သံကိုကြားသည့်အခါ မုအဇ္ဇင်န်ဆိုသည့်အတိုင်း လိုက်ဆိုကြပါ။
عربي الإنجليزية الأوردية
ထို(ခြေအိတ်)နှစ်ခုကို ထားလိုက်ပါ။ ဧကန်အမှန်ပင် ငါကိုယ်တော်သည် ၎င်းခြေအိတ်နှစ်ခုကို (ဝုဿွူပြု၍) သန့်စင်နေသည့် အခြေအနေမျိုးတွင် ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်ဟု မိန့်ကြားတော်မူသည်။
عربي الإنجليزية الأوردية
ဤသည် သွေးကြောမှလာသည့်သွေးသာဖြစ်သည်။ သို့သော် အသင်မ ဓမ္မတာသွေးဆင်းလေ့ရှိသည့် ရက်အ တိုင်းအတာကိုသာ ဆွလာသ်ဆောက်တည်ခြင်းမပြုဘဲ နေရမည်။ ၎င်းနောက် (ထိုရက်များကျော်လွန်သွားပါက) သင်မရေချိုးပြီး ဆွလာသ်ဆောက်တည်ပါ။
عربي الإنجليزية الأوردية
အသင်တို့၏ဆွဖ်အတန်းများကို ညီညာစွာ စီတန်းကြကုန်။ ဧကန်အမှန်ပင် ဆွဖ်အတန်း ညီညာစွာစီတန်းခြင်းသည် ဆွလာသ်၏ ပြည့်စုံမှုအနက်မှပင်ဖြစ်သည်။
عربي الإنجليزية الأوردية
အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ဝုဿွူပြုလုပ်သည့်အခါ မိမိနှာခေါင်းထဲသို့ ရေထည့်ပြီး ညှစ်ထုတ်ကာသန့်စင်မှုပြုပါ။ အပေါ့၊ အလေး သွားပြီး ကျောက်ခဲဖြင့် သန့်စင်မှုပြုသည့်အခါ မဂဏန်း အရေအတွက်ကို အသုံးပြုပါ။
عربي الإنجليزية الأوردية
အမှန်တကယ်ပင် ဒွန္နယာ လောကသည် ချိုမြိန်၍ စိမ်းလန်းပေသည်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့မည်သို့ ပြုမှုဆောင်ရွက်ကြမည်ကို ကြည့်ရှုရန် သင်တို့အား လောက၌ ‘ခလီဖဟ်’ ကိုယ်စားလှယ်များ အဖြစ်ပြုလုပ်‌ပေးတော်မူခဲ့သည်။ ထို့ကြောင့် သင်တို့သည် လောကီနှင့်ပတ် သက်၍ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။
عربي الإنجليزية الأوردية
ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ (၁၀)ရကအသ်
عربي الإنجليزية الأوردية
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ညအချိန် (သဟဒ်ဂျုဒ်ဆွလာသ်ဝတ်ပြုရန်အတွက်) နိုးထတော်မူသောအခါတိုင်း တံပူဖြင့် မိမိပါးစပ်(သွား)ကို တိုက်တော်မူလေ့ရှိသည်။
عربي الإنجليزية الأوردية
မုအ်မင်န် တစ်ဦးသည် (မိမိဇနီးသည်) မုအ်မင်န် အမျိုးသမီးအား မမုန်းတီးရပေ။ အကယ်၍ သူသည် သူမ၏ အကျင့်စရိုက်တစ်ခုကို မကြိုက်ခဲ့လျှင် အခြားတစ်ခုဖြင့် ကျေနပ်လိုက်ရမည်။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့ အခင်းကြီးသွားသည့်အခါ ကိဗ်လဟ် (ကအ်ဗဟ်ကျောင်းတော်ရှိရာ)ဘက်သို့ မျက်နှာမမူကြနှင့် ကျောလည်းမပေးကြနှင့် သို့သော် အရှေ့အရပ် သို့မဟုတ် အနောက်အရပ်ဘက်သို့သာ လှည့်ကြပါ။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ကျင်ငယ်စွန့်သည့်အခါ မိမိ၏အရှက်အင်္ဂါကို ညာဘက်လက်ဖြင့် ထိကိုင်ခြင်းမပြုနှင့်။ အိမ်သာတက်သည့်အခါ ညာဘက်လက်ဖြင့် ပွတ်တိုက်ဆေးကြောသန့်စင်ခြင်း မပြုနှင့်။ ရေသောက်သည့်အခါ ရေခွက်ထဲသို့ အသက်ရှုထုတ်ခြင်းမပြုနှင့်။
عربي الإنجليزية الأوردية
အိမာမ်‌ရှေ့ဆောင်ထက်အလျင် မိမိ၏ဦးခေါင်းကို ပြန်ကြွသူသည် အလ္လာဟ်အရှင်မြတ်က ထိုသူ၏ဦးခေါင်းကို မြည်း၏ဦးခေါင်းကဲ့သို့ သို့မဟုတ် သူ၏ရုပ်ဆင်းသဏ္ဌာန်ကို မြည်း၏ရုပ်ဆင်းသဏ္ဌာန်ကဲ့သို့ ပြုလုပ်လိုက်မည်ကို မကြောက်ရွံ့‌လေသလော။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်စတင်သည့်အခါ မိမိလက်နှစ်ဖက်ကို ပုခုံးနှစ်ဖက်နှင့် တစ်ပြေးတည်း မြှောက်တော်မူသည်။
عربي الإنجليزية الأوردية
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကျွန်ုပ်အား ‘သရှဟ္ဟုဒ်’ကို
عربي الإنجليزية الأوردية
“အလ္လာဟွမ်မ အင်န်နီး အအူးဇုဗိက မင်န်အဇာဗိ ဂျဟန္နမ်မ၊ ဝမင်န်အဇာဗိလ် ကဗရိ၊ ဝမင်န် ဖိသ်နသိလ် မဟ်ယာ ဝလ်မမာသိ ဝမင်န် ဖိသ်နသိလ် မစီးဟိဒ်ဒဂျာလ်“ (အဓိပ္ပါယ် အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် ဂျဟန္နမ်၏ ပြစ်ဒဏ်မှ လည်း ကောင်း၊ ကဗရ်သင်္ချိုင်း၏ ပြစ်ဒဏ်မှလည်းကောင်း၊ အသက်ရှင်နေစဉ် ကြုံ တွေ့ရမည့် ဘေးအန္တရာယ်များနှင့် သေခြင်း၌ ကြုံတွေ့ရမည့် ဘေးအန္တရာယ်များမှလည်းကောင်း၊
عربي الإنجليزية الأوردية
( اَللّٰهُمَّ بَاعِدْ بَيْنِيْ وَبَيْنَ خَطَايَايَ كَمَا بَاعَدْتَ بَيْنَ الْمَشْرِقِ وَالْمَغْرِبِ
عربي الإنجليزية الأوردية
သင်တို့အနက် တစ်ဦးတစ်ယောက်၏ အိုးခွက်ထဲရှိရေကို ခွေးသောက်ခဲ့လျှင် ထိုခွက်ကို ခုနစ်ကြိမ် ဆေးကြောရမည်
عربي الإنجليزية الأوردية
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အိမ်သာသို့ ဝင်သောအခါ ဤသို့ ရွတ်ဆိုတော်မူသည်။ «اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنَ الخُبُثِ وَالخَبَائِثِ» အဓိပ္ပါယ်။ ။အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် ရှိုင်သွာန်အထီး၊ ရှိုင်သွာန်အမတို့မှ အရှင်မြတ်ထံခိုလှုံပါ၏။
عربي الإنجليزية الأوردية
အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏လမ်းတွင် အသက်ပေးခွင့်ရရန် တောင်းဆိုခဲ့ပါက ထိုသူသည် မိမိအိပ်ရာပေါ်တွင် ကွယ်လွန်သွားပါကလည်း အရှင်မြတ်သည် ထိုသူ့အား ရှုဟဒါအ် သာသနာ့အာဇာနည်များ၏အဆင့်အတန်းသို ပိုပေးမည်ဖြစ်သည်။
عربي الإنجليزية الأوردية
ဂျနာဗသ် ( ကိုယ်မသန့် ဖြစ်ခြင်းမှ ) ရေချိုးနည်း။
عربي الإنجليزية الأوردية
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဂျနာဗသ် ကိုယ်မသန့်ဖြစ်ခြင်းမှ သန့်ရှင်းရန် ရေချိုးသောအခါ ကိုယ်တော်မြတ်သည် မိမိ၏လက်နှစ်ဖက်ကို ဆေးကြောကာ ဆွလာသ်ဝတ်ပြုရန် ဝုဿွူပြုသကဲ့သို့ ဝုဿွူပြုတော်မူသည်။ ပြီးနောက် ရေချိုးတော်မူသည်။
عربي الإنجليزية الأوردية
ကျွန်တော်သည် ‘မဇီ’အလွန်ထွက်သူဖြစ်သည်။ ကိုယ်တော်၏သမီးသည် ကျွန်တော်၏ဇနီးဖြစ်နေသည့်အတွက် ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား လျှောက်ထားမေးမြန်းရန် ရှက်မိသည်။ ထို့ကြောင့် ကျွန်တော်သည် မိက်ဒါဒ်ဗင်န် အတ်စ်ဝဒ်အား မေးမြန်းခိုင်းသည်။ ၎င်းကကိုယ်တော်အား လျှောက်ထားမေးမြန်းခဲ့ရာ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ မိမိ၏အရှက်အင်္ဂါအားဆေးကြောပါ။ ဝုဿွူပြုလုပ်ပါ။
عربي الإنجليزية الأوردية
မည်သည့်အမလ်ကောင်းမှုသည် အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံးဖြစ်တော်မူပါနည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က ဆွလာသ်အား သူ့အချိန်နှင့်သူ ဆောက်တည်ခြင်းဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် မည်သည့်အမလ်ကောင်းမှုသည် အမြတ်ဆုံးပါနည်းဟု မေးလျှောက်ရာ ကိုယ်တော်က မိဘနှစ်ပါးကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် မည်သည့်အမလ်ကောင်းမှုသည် အမြတ်ဆုံးပါနည်းဟု မေးလျှောက်ရာ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်း ဖြစ်သည်
عربي الإنجليزية الأوردية
ဗန္ဒဟ်ကျေးကျွန်များသည် မနက်ခင်းအခါရောက် လာတိုင်း ကောင်း ကင်တမန်နှစ်ပါး ဆင်းသက်လာပြီး၊ တစ်ပါးက ပြောဆိုသည်မှာ 'အို-အလ္လာဟ်အရှင်မြတ်၊ (အရှင်မြတ် နှစ်သက်သည့်လမ်းတွင်) သုံးစွဲသူအား ကောင်းမှုများ ချီးမြှင့်ပေးသနားတော်မူပါ'။ နောက်တစ်ပါးက ပြောဆိုသည်မှာ 'အို-အလ္လာဟ်၊ (အရှင်မြတ်နှစ်သက်သည့် လမ်းတွင်) သုံးစွဲခြင်းမပြုဘဲ နေသည့် စေးနည်းတွန့်တိုသူအား ပျက်စီးစေတော်မူပါ။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ သင့်အား အ‌ကြောင်းခံ၍ လူတစ်ဦးတစ်ယောက်ကို အလ္လာဟ်အရှင်မြတ်က လမ်းမှန်ချီးမြှင့်ခဲ့ခြင်းသည် သင့်အတွက် အနီရောင်ကုလားအုတ်များရသည်ထက်ပင် ပို၍မြင့်မြတ် ကောင်းမွန်လှပေသည်" ဟု မိန့်ကြားတော်မူခဲ့သည်။
عربي الإنجليزية الأوردية
အကြင်သူသည် ဂျိဟာဒ်အလ္လာဟ်လမ်းတွင် စစ်တိုက်ရန်ထွက်ခွါမည့်စစ်သည်တော်အား လိုအပ်သည့်ပစ္စည်းများစီစဉ်ပေးပါက သူသည် ဂျိဟာဒ်သွားသည့်ကုသိုလ်ရရှိမည်။ အကြင်သူသည် ဂျိဟာဒ်အလ္လာဟ်အရှင်မြတ်လမ်း‌တော်တွင် စစ်တိုက်ရန်ထွက်ခွါမည့်သူ၏ကျန်ရစ်ခဲ့သောမိသားစုကို ကောင်းမွန်စွာ စောင့်ရှောက်လျှင် သူသည် ဂျိဟာဒ်သွားသည့်ကုသိုလ်ရရှိမည်။
عربي الإنجليزية الأوردية
ဝူဿွူလုပ်ပြခဲ့သည်။ သူသည် မိမိလက်ပေါ်သို့ အိုးထဲမှ ရေကိုလောင်းချလိုက်ပြီး လက်အား သုံးကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် သူ၏လက်အား အိုးထဲသို့ထည့်၍ ရေယူကာ ပလုတ်ကျင်းပြီး နှာခေါင်းထဲသို့ ရေထည့်ကာ ညှစ်ထုတ်သန့်စင်ခြင်းတို့ကို သုံးကြိမ်ပြုလုပ်ခဲ့သည်။ ထို့နောက် သူ၏လက်အား (အိုးထဲသို့)ထည့်၍ ရေယူကာ မျက်နှာအား သုံးကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် လက်နှစ်ဖက်ကို တံတောင်ဆစ်အထိ နှစ်ကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် သူ၏လက်အား (အိုးထဲသို့)ထည့်ကာ လက်နှစ်ဖက်ဖြင့် သူ၏ဦးခေါင်းအား တစ်ကြိမ်အရှေ့မှ အနောက်သို့ ပွတ်သပ်ခဲ့ပြီး အနောက်မှ အရှေ့သို့ ပြန်၍ပွတ်သပ်ခဲ့သည်။ ၎င်းနောက် သူ၏ခြေထောက်နှစ်ဖက်အား ခြေမျက်စိအထိ ဆေးကြောခဲ့သည်။
عربي الإنجليزية الأوردية
ကိုယ်တော်က သင့်လက်နှစ်ဖက်ဖြင့် ဤမျှလောက်ပြုလုပ်လိုက်လျှင် သင့်အတွက်လုံလောက်သည်ဟု မိန့်ကြားတော်မူပြီး မိမိလက်နှစ်ဖက်ကို မြေပေါ်တွင် တစ်ချက်ပုတ်လိုက်သည်။ ထို့နောက် လက်ဝဲလက်အား လက်ယာဘက်ဖြင့် ပွတ်သပ်တော်မူပြီး မိမိလက်ဖမိုးနှစ်ဖက်နှင့် မျက်နှာကို မစဟ်ပြု ပွတ်သပ်တော်မူခဲ့သည်။
عربي الإنجليزية الأوردية
ငါကိုယ်တော်၏ အလျင်ရှိခဲ့ကြသော အွမ္မသ်များထဲတွင် အလ္လာဟ်အရှင်မြတ်စေလွှတ်ခဲ့သည့် တမန်တော်တိုင်းအတွက် သူ၏ အွမ္မသ်များအနက်မှ သူ့အား ကူညီသူများနှင့် နောက်လိုက်တပည့်သားချင်းများရှိခဲ့ကြသည်။ ၎င်းတို့သည် ထိုတမန်တော်၏ စွန္နသ်လမ်းစဉ်ကို လိုက်နာကြ၍၊ ထိုတမန်တော်၏ အမိန့်အတိုင်း နာခံကျင့်သုံးကြသည်
عربي الإنجليزية الأوردية
ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်တော်မူကြောင်းကို သက်သေခံမည်၊ ဆွလာသ် ဆောက်တည်မည်၊ ဇကာသ်ပေးမည်၊ အမိန့်နာခံမည်၊ မွတ်စ်လင်တိုင်းအပေါ် (အကောင်းလိုလားစိတ်ဖြင့်) ဆုံးမစကားပြောကြားပါမည်ဟူ၍ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်တွင် ဗိုင်အသ် ကတိသစ္စာပြုခဲ့သည်။
عربي الإنجليزية الأوردية
‘ အသင် မည်သည့်ဆွလာသ်ဝတ်ပြုပြီးနောက်တွင်မဆို 'အိုအလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်အား သတိရတသခြင်း၊ အရှင်မြတ်အား ကျေးဇူးတင်ခြင်း၊ ကောင်းမွန်စွာ အိဗာဒသ် ခဝပ်ကိုးကွယ်ခြင်းတို့ကို ပြုလုပ်နိုင်ရန် ကျွန်တော်မျိုးအား ကူညီတော်မူပါ’ ဟူသော ဒုအာအား ရွတ်ဆိုခြင်းကို မစွန့်လွှတ်ပါနှင့်။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည် - လူသားတို့၏ အမလ်လုပ်ဆောင်ချက်အားလုံးသည် သူတို့အတွက်ဖြစ်၏။ သို့ရာတွင် စွိယာမ်ဥပုသ်စောင့်ထိန်းခြင်းမှာမူ ငါအရှင်မြတ်အတွက်သာလျှင်ဖြစ်၍ ငါအရှင်မြတ်ကိုယ်‌တော်တိုင် ၎င်း၏ အကျိုးဆုလာဘ်ကို ချီးမြှင့်ပေးသနားတော်မူမည်
عربي الإنجليزية الأوردية
- "အိုအလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် အရှင်မြတ်၏ ကျေနပ်နှစ်မြို့မှုဖြင့် အရှင်မြတ်၏ အမျက်ဒေါသမှ ခိုလှုံခွင့်တောင်းခံပါ၏။ အရှင်မြတ်၏ ခွင့်လွှတ်ခြင်းဖြင့် အရှင်မြတ်၏ ပြစ်ဒဏ်မှ ခိုလှုံခွင့်တောင်းခံပါ၏။ အရှင်မြတ်ထံ အရှင်မြတ်(၏ ပြင်းထန်မှု)မှ ခိုလှုံခွင့်တောင်းခံပါ၏။ (အိုအလ္လာဟ်အရှင်) ကျွန်တော်မျိုးသည် အရှင်မြတ်အား အရှင်မြတ်ကိုယ်တော်တိုင် မိမိကိုယ်ကို ချီးမွမ်းထားသကဲ့သို့ဂုဏ်တင်ပြီးမြောက်အောင် ချီးမွမ်းနိုင်စွမ်းမရှိပါ။
عربي الإنجليزية الأوردية
ကျွန်ုပ်သည် အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)ထံ မေးမြန်းခဲ့သည်။ ကျွန်ုပ်က "အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိမိအိမ်သို့ ဝင်သည့်အခါတိုင်း မည်သည့်အရာကို ပထမဆုံး ပြုလုပ်လေ့ရှိပါသနည်း။"လျှောက်ထားမေးမြန်းရာ သခင်မက " မိစ်ဝါးက်တံပူစားခြင်း ဖြစ်သည်ဟု ဖြေကြားခဲ့သည်။
عربي الإنجليزية الأوردية
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံတွင် တစ်ဦးသောသူ၏ အကြောင်း တင်ပြခဲ့ကြသည်။ သူသည် ညဉ့်အချိန်အိပ်၍ မိုးသောက်သည်အထိ ဆက်အိပ်နေခဲ့သည်။ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ - “ထိုသူသည် ရှိုင်တွာန်က သူ၏ နားနှစ်ဖက်တွင် ဆီးသွားခဲ့သူ ဖြစ်သည်။” (သို့မဟုတ်) “သူ၏ နားအတွင်းသို့ ဆီးသွားခဲ့သူ ဖြစ်သည်” ဟု မိန့်တော်မူခဲ့သည်။
عربي الإنجليزية الأوردية
အသင်တို့အနက် တစ်ဦးတစ်ယောက်သည် အိပ်သော်အခါ ရှိုင်သွာန်သည် ၎င်းရဲ့ ဦးခေါင်းနောက်စေ့တွင်အထုံးသုံးထုံး ထုံးလေသည်။ အထုံးတိုင်းတွင် အသင့်အတွက် ညသည် အရှည်ကြီး ကျန်သေးသည်။ ထို့ကြောင့် အသင်ဆက်အိပ်ပါ ဟု မန်းမှုတ်လေသည်
عربي الإنجليزية الأوردية
“အသင်သည် အလ္လာဟ်အရှင်မြတ်အား စဂ်ျဒဟ်ဦးချမှုများစွာပြုလုပ်ပါလေ။အကြောင်းမှာ အသင်သည် အလ္လာဟ်အရှင်မြတ်အား စဂ်ျဒဟ်တစ်ကြိမ်ဦးချလျှင် အလ္လာဟ်အရှင်မြတ်က ထိုစဂ်ျဒဟ်တစ်ကြိမ်ဦးချမှုကြောင့် အသင့်အား အဆင့်အ တန်းတစ်ခု မြှင့်တင်ပေးတော်မူပြီး အသင့်ထံမှ ပြစ်မှုတစ်ခုကို ဖယ်ရှား(ခွင့်လွှတ်) ပေးတော်မူမည် ဖြစ်သောကြောင့်တည်း
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် (ရမဿွာန်လ၏) နောက်ဆုံးဆယ်ရက်တွင် (ရမဿွာန်လ၏)အခြားရက်များထက်ပို၍ အထူးအားထုတ် ကြိုးပမ်းတော်မူလေ့ရှိသည်။
عربي الإنجليزية الأوردية
ဗန္ဒဟ်ကျေးကျွန်တစ်ဦး၏ ခြေနှစ်ဖက်သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် ဖုန်ပေကျံခဲ့လျှင် ဂျဟန္နမ်ငရဲမီးသည် ၎င်းအား ထိတွေ့နိုင်မည် မဟုတ် တော့ချေ။
عربي الإنجليزية الأوردية
''မည်သူမဆို အလ္လာဟ်အရှင်မြတ်သည် ကိယာမတ်နေ့တွင် ဒုက္ခအခက်အခဲများမှ သူ့အား ကယ်တင်ပေးစေလိုလျှင်၊ ခက်ခဲကြပ်တည်းသူအား သက်သာချောင်လည်ခွင့်ပေးပါ သို့မဟုတ် သူ၏အကြွေးကို (တစ်စိတ်တစ်ပိုင်း သို့မဟုတ် အားလုံးကို) ပယ်ဖျက်ပေးလိုက်ပါ။''
عربي الإنجليزية الأوردية
အကြင်မည်သူမဆို အေးမြသော ဆွလာသ်နှစ်ကြိမ် ( ဖဂျရ်နှင့်အစွရ်)ကို ဝတ်ပြုပါက ဂျန္နသ်သို့ ဝင်ရောက်ရမည်ဖြစ်သည်။
عربي الإنجليزية الأوردية
မွေးဖွားခြင်းကြောင့် ဟရာမ်ဖြစ်စေတယ့် တော်စပ်မှု‌များသည် နို့စို့ခြင်းကြောင့်လည်း ဟရာမ်ဖြစ် စေသည်။
عربي الإنجليزية الأوردية
ကျွန်ုပ်၏ အချစ်တော် (တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်အား အချက် သုံးချက်ကို မှာတမ်းတော်မူခဲ့သည်။ ၎င်းတို့မှာ လစဉ် သုံးရက် စွိယာမ်ဥပုသ်စောင့်ထိန်းခြင်း၊ ဆွလာသွသ်ဒုအာ ( ကျားရှ်နမားဇ် ) နှစ်ရကအသ် ဝတ်ပြုခြင်း၊ မအိပ်ခင်အရင် ဝိသ်ရ်ဆွလာသ်ဝတ်ပြုခြင်း တို့ဖြစ်သည်။
عربي الإنجليزية الأوردية
အသင်တို့ (ရမဿွာန်လရဲ့) ဆန်းဦးစလကို မြင်တွေ့ကြလျှင် စွိယာမ်ဥပုသ်စောင့်ထိန်းကြ လေကုန်။ ( ရှောင်ဝါလ်လရဲ့ ) ဆန်းဦးစလကို မြင်တွေ့ကြလျှင် ဝါလွတ်ကြလေကုန်။ အကယ်၍ အသင်တို့အ‌ပေါ်၌ တိမ်ဖုံးကွယ်နေပါက (ဆန်းဦးစလကို မမြင်တွေ့ရလျှင် ) ရမဿွာန်ရဲ့လကို ( ရက်ပေါင်း သုံးဆယ်ပြည့်အောင် ) ရေတွက်ကြလေကုန်။
عربي الإنجليزية الأوردية
ဂျမာအသ်ဖြင့် စုပေါင်းဆောက်တည်သည့်ဆွလာသ်သည် မိမိအိမ်တွင်လည်းကောင်း၊ ဈေးတွင်လည်းကောင်း (တစ်ကိုယ်တည်း) ဆောက်တည်သည့် ဆွလာသ်ထက်
عربي الإنجليزية الأوردية
မုစ်လင်မ်တစ်ဦးအား အချက်သုံးချက်အနက် တစ်ချက်ချ က်မရှိဘဲ သတ်ခွင့်မရှိပေ
عربي الإنجليزية الأوردية
လူတို့အား ၎င်းတို့တရားစွဲသည့်အတိုင်းပေးကမ်းရမည်ဆိုပါက အချို့သောသူများသည် သူတစ်ပါး၏ ပစ္စည်းဥစ္စာနှင့် အသက်‌သွေးများကိုပါ ရရှိနိုင်ရန်တရားစွဲလာကြလိမ့်မည်။ သို့သော် တရားစွဲသူသည် ခိုင်လုံသည့် သက်သေအထောက်အထားပြရန်အရေးကြီးသည်။ စွဲချက်ကို ငြင်းပယ်သူသည် ကျိန်၍ငြင်းရမည်။
عربي الإنجليزية الأوردية
မည်သူမ‌‌ဆို ကြက်သွန်ဖြူ သို့မဟုတ် ကြက်သွန်နီ စားထားပါက ငါကိုယ်တော်တို့နှင့် သီးခြားခွဲ၍နေလော့။ (သို့မဟုတ် ဤသို့ မိန့်ဆိုခဲ့သည်။) ငါကိုယ်တော်တို့ရဲ့ဗလီနှင့် သီးခြားခွဲ၍နေလော့။ မိမိရဲ့ အိမ်၌ပင် ထိုင်နေလော့
عربي الإنجليزية الأوردية
အကယ်၍ အသင်တို့အနက်တစ်ဦးတစ်ယောက်၏ တံခါးဝတွင် မြစ်တစ်ခုရှိပြီး ၎င်းသည် ထိုမြစ်ထဲ၌ နေ့စဉ်ငါးကြိမ် ရေဆင်းချိုးပါက သင်တို့မည်သို့ ထင်မြင်ပါသနည်း။ ထိုရေချိုးခြင်းက ၎င်းထံတွင် အညစ်အကြေး တစ်စုံတစ်ရာကျန်ရှိစေမည်လော။
عربي الإنجليزية الأوردية
အသင်တို့၏သားသမီးများ အသက်ခုနှစ်နှစ်အရွယ် ရောက်သောအခါ ၎င်းတို့အား ဆွလာသ်ဆောက်တည်ရန် အမိန့်ပေးကြပါ။ ၎င်းတို့ အသက်ဆယ်နှစ်ရောက်သောအခါ (ဆွလာသ်ဝတ်မပြုလျှင်) ရိုက်ကြပါ။ ၎င်းတို့ကြား၌ အိပ်ရာများ ခွဲလိုက်ကြပါ။
عربي الإنجليزية الأوردية
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကျွန်ုပ်တို့ထံ ကြွမြန်းလာတော်မူသည်။ ကျွန်တော်တို့က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးတို့သည် ကိုယ်တော့်အား မည်သို့စလာမ်ပေးရမည်ကို သိရှိကြပါသည်။ ကိုယ်တော့်အပေါ် မည်သို့ဆွလာသ်ပို့သရပါမည်နည်း။
عربي الإنجليزية الأوردية
စူရဟ်ဖာသိဟဟ် မဖတ်ရွတ်သူ၏ ဆွလာသ်သည် အထမမြောက်ပေ။
عربي الإنجليزية الأوردية
“မည်သူမဆို ဂျုမုအဟ်နေ့၌ ကိုယ်မသန့်ဖြစ်သည့်အခါရေချိုးသည့်အတိုင်း ရေချိုးပြီး ဆွလာသ်ဆောက်တည်ရန် ထွက်သွားပါက သူသည် ကုလားအုတ်တစ်ကောင်လှူသည့် အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။
عربي الإنجليزية الأوردية
သင်တို့အနက်မှ မည်သူမဆို ဂျုမုအဟ် ဆွလာသ်ဝတ်ပြုရန် လာရောက်လျှင် သူသည် ရေချိုးရမည်။
عربي الإنجليزية الأوردية
အကြင်သူသည် ဝုဿူကို ကောင်းမွန်စွာပြုလုပ်၍ဂျုမုအဟ်ဆွလာသ်ဝတ်ပြုရန်လာပြီး ခွသ်ဗဟ်ကိုဂရုစိုက်၍ငြိမ်သက်စွာနားထောင်ပါက သူနှင့် ရှေ့လာမည့်(ဆယ်ရက် ဆိုလိုသည်မှာ ဤဂျုမုအဟ်နှင့် နောက်လာမည့်) ဂျုမုအဟ်အပြင် အပိုသုံးရက်(စုစုပေါင်းဆယ်ရက်)အတွင်းရှိအကုသိုလ်များခွင့်လွှတ်ပေးခြင်းခံရ‌မည်။
عربي الإنجليزية الأوردية
မည်သူမဆို မနက် (သို့မဟုတ်) ညနေတွင် ( ဆွလာသ်ဝတ်ပြုရန်အတွက် ) ဗလီသို့ သွားရောက်မည်ဆိုလျှင် မနက် (သို့မဟုတ်) ညနေသွားသည့်အခါတိုင်းတွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအတွက် ဂျန္နတ်သုခဘုံ၌ ဧည့်ခံ‌ကျွေးမွေးမှုကို အသင့်ပြင်ဆင်ထားတော်မူမည်ဖြစ်သည်။
عربي الإنجليزية الأوردية
အို လူသားအပေါင်းတို့ စလာမ်များများပေးကြပါ။ အစားအသောက်များ ကျွေးမွေးကြပါ။ ဆွေမျိုးအဆက်သွယ်ထားကြပါ။ လူများအိပ်နေစဥ် ည၌ဆွလာသ်ဝတ်ပြုကြပါ။ အသင်တို့သည် ဂျန္နသ်သို့ ငြိမ်းချမ်းစွာဝင်ကြရမည်။
عربي الإنجليزية الأوردية
သင်တို့အားလုံးသည် အုပ်ထိန်းသူများဖြစ်ကြပြီး၊ မိမိ၏ လက်အောက် ငယ်သားများနှင့် ပတ်သတ်ပြီး မေးမြန်းခြင်းခံကြရမည် ဖြစ်သည်
عربي الإنجليزية الأوردية
မည်သူမဆိုလက်ထပ်နိုင်စွမ်းရှိပါက လက်ထပ်ထိမ်းမြားလိုက်ပါ။ အဘယ်ကြောင့်ဆိုသော နိကာဟ် ထိမ်းမြားခြင်းသည် မျက်လွှာကို (ဟရာမ်တားမြစ်ထားသည့်အရာများမှ) အလွန်ပင်ထိန်းသိန်း ပေးသည်။ အရှက်အင်္ဂါကို (မကောင်းမှုမှ) အလွန်ပင်ထိန်းသိမ်းပေးသည်။ လက်ထပ်နိုင်စွမ်းမရှိသူသည် ဆောင်မ် ဥပုသ်စောင့်ပါ။ အဘယ့်ကြောင့်ဆိုသော် ဆောင်မ် ဥပုသ်စောင့်ခြင်းသည် ရာဂစိတ်ထကြွမှုကိုလျော့ကျစေသည်။
عربي الإنجليزية الأوردية
အသင်တို့ သူစိမ်းအမျိုးသမီးများထံ ဝင်ထွက်သွားလာခြင်းကို ရှောင်ကြဉ်ကြလော့။ ထိုအခါ အန်စွာရီ စွဟာဗီတစ်ပါးက လျှောက်ထားမေးမြန်းသည်မှာ - အို အလ္လာဟ်အရှင်မြတ်ရဲ့ရစူလ်၊ ခင်ပွန်းရဲ့သားချင်း (ညီ၊ အစ်ကို) များနှင့်ပတ်သတ်၍ ကိုယ်တော် မည်သို့ မိန့်ကြားတော်မူပါမည်နည်း။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကမိန့်တော်မူသည်။ ခင်ပွန်းရဲ့သားချင်းများဟာ သေခြင်းတရား ပင်ဖြစ်သည်။ (တစ်နည်း သေတာထက်ပင် ပိုအန္တရာယ်ကြီးသည်ကို ဆိုလိုခြင်းဖြစ်သည်။)
عربي الإنجليزية الأوردية
ငွေကို ရွှေဖြင့် လဲလှယ် ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။ဂျုံကို ဂျုံဖြင့် လဲလှယ် ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။ မုယောစပါးကို မုယောစပါးဖြင့် လဲလှယ်ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။ စွန်ပလွံသီးကို စွန်ပလွံသီးဖြင့် လဲလှယ်ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။
عربي الإنجليزية الأوردية
သင့် ကိုယ်ခန္ဓာ၏ နာကျင်ကိုက်ခဲနေသော နေရာပေါ်သို့ သင်၏လက်ကို ထားလော့။ ထို့နောက် သုံးကြိမ် 'ဗိစ်မိလ္လာဟ်' ( بِاسْمِ اللهِ )ရွတ်ဆိုပါ။ ထို့နောက် ခုနစ်ကြိမ် (أَعُوذُ بِاللهِ وَقُدْرَتِهِ مِنْ شَرِّ مَا أَجِدُ وَأُحَاذِرُ) 'အအူဇုဘိလ္လာဟိ ဝကုဒ်ရသိဟီ မင်န်ရှရ်ရိ မာအဂျိဒု ဝအုဟာဇိရု' (ကျွန်တော်မျိုးခံစားနေရပြီး စိုးရိမ်ကြောင့်ကြနေသော အရာ၏ ဘေးရန်မှ အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်၏ ဘုန်းတန်ခိုးတော်အားဖြင့် ခိုလှုံပါ၏) ဟု ရွတ်ဆိုပါ ။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူတို့တွင် အရက်ရောဆုံးသူဖြစ်သည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏အရက်ရောဆုံးအခြေအနေမှာ ရမဿွာန်လ၌ကိုယ်တော့်ထံသို့ ဂျိဗ်ရီးလ်(အလိုင်းဟိစ္စလာမ်)လာတွေ့သောအချိန်ဖြစ်သည်။
عربي الإنجليزية الأوردية
မည်သူမဆို နေမထွက်မီ ဆွလာသ်နှင့် နေမဝင်မီ ဆွလာသ်ကို ဝတ်ပြုပါက ထိုသူသည် ငရဲမီးထဲသို့ လုံးဝဝင်ရမည် မဟုတ်ပါ။
عربي الإنجليزية الأوردية
မည်သည့် မွတ်စ်လင်မ်မဆို ၎င်းထံ ဖရ်ဿွ် ဆွလာသ်ဝတ်ပြုချိန် ကျရောက်လာသည့်အခါ ၎င်းအနေဖြင့် ထိုဆွလာသ်အတွက် ဝူဿွူရေသန့်စင်ခြင်း၊ (ဆွလာသ်အတွင်း) ခူရှူအ် ကျိုးနွံခြင်းနှင့် ရူကူအ် ဦးညွှတ်ခြင်းတို့ကို ကောင်းမွန် ကျနစွာပြုလုပ်မည်ဆိုလျှင် အပြစ်အကုသိုလ်ကြီးများကို မကျူးလွန်သရွေ့ ထိုဆွလာသ်သည် ယင်းမတိုင်မီက ပြုလုပ်ခဲ့သော အပြစ်များကို ပလပ်စေမည့် ကဖ္ဖာရဟ်ပင်ဖြစ်သည်။ ထို့ပြင် ယင်းအကျိုးကျေးဇူးသည် အမြဲပင်ဖြစ်၏။
عربي الإنجليزية الأوردية
ဤသည် ဖရ်ဿ်ွဆွလာသ်တိုင်း၏နောက်တွင်ရွတ်ဖတ်ရသော ဇိက်ရ်တော်များဖြစ်ပြီး ယင်းဇိက်ရ်တော်များအား ဖရ်ဿ်ွဆွလာသ်တိုင်း၏နောက်တွင် ရွတ်ဖတ်သူသည် ဆုံးရှုံးမည်မဟုတ်။ ယင်းဇိက်ရ်တော်မှာ စွဗ်ဟာနလ္လာဟ် ၃၃ကြိမ်၊ အလ်ဟမ်ဒုလိလ္လာဟ် ၃၃ကြိမ်၊ အလ္လာဟ်အက္ကဗရ် ၃၄ကြိမ်တို့ဖြစ်သည်။
عربي الإنجليزية الأوردية
အကြင်သူသည် မုအဇ္ဇင်န် အဇာန်ပေးသောသူ၏အဇာန်အသံကို ကြားသောအခါ أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ، رَضِيتُ بِاللهِ رَبًّا وَبِمُحَمَّدٍ رَسُولًا، وَبِالْإِسْلَامِ دِينًا ကို ရွတ်ဆိုခဲ့ပါက အလ္လာဟ်ရှင်မြတ်သည် သူ၏အကုသိုလ်များကို ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူမည်ဖြစ်သည်။ ဒုအာ၏အဓိပ္ပာယ်မှာ - တစ်ပါးတည်းဖြစ်တော်မူသော၊ ဖက်စပ်ယှဉ်တွဲခြင်းကင်းသော အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခံထိုက်တော်မူသောအရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ကျွန်နှင့်ရစူလ်တမန်တော်ဖြစ်တော်မူကြောင်းကို ကျွန်တော်မျိုးသက်သေခံအပ်ပါသည်။ ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်အား မွေးမြူဖန်ဆင်း မွေးမြူတော်မူသောအရှင်အဖြစ်၊ တမန်တော်မုဟမ္မဒ်ကို ရစူလ်တမန်တော်အဖြစ်၊ အစ္စလာမ်သာသနာ တော်ကို ဘာသာတရားအဖြစ် ကျွန်တော်မျိုးကျေနပ်နှစ်သက်လက်ခံပါ၏။
عربي الإنجليزية الأوردية
ရွှေ၊ ငွေကိုပိုင်ဆိုင်သူတို့သည် ထိုရွှေ၊ ငွေတို့၏ ဝ တ္တရား(ဇကားသ်)ကိုမပေးခဲ့လျှင်ထိုရွှေ၊ ငွေတို့သည် ကိယာမသ်နေ၌ မီးနှင့်အတိပြီးသောကျောက်သားများအဖြစ် အလျားလိုက် ပြုလုပ်ခံရမည်ဖြစ်ပြီး
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်သည် အသင်တို့အနက်မှအယောက်တိုင်းနှင့် စကားပြောတော်မူမည်ဖြစ်ရာ အရှင်မြတ်နှင့် ထိုသူ၏ကြားတွင် ဘာသာပြန်မည့်သူမပါရှိပေ။
عربي الإنجليزية الأوردية
ပင်လယ်ရေသည် သန့်ရှင်းစင်ကြယ်စေသော (ဝူဿွူ၊ ဂုစုလ်ပြုလုပ်ရန် အသုံးချနိုင်သော) ရေဖြစ်၏။ ထို့ပြင် ၎င်း၏ အသေကောင်သည်လည်း ဟလာလ်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။
عربي الإنجليزية الأوردية
“အကယ်၍ ရေသည် 'ကုလ်လသိုင်းန်' (ခွက်ကြီးနှစ်လုံး) ပမာဏရှိပါက ထိုရေသည် မစင်ကြယ်မှု(အညစ်အကြေး)ကို သယ်ဆောင်လာသည်ဟု မယူဆရ။” ( တစ်နည်း ညစ်ညမ်းသည်ဟု မယူဆရပေ။ )
عربي الإنجليزية الأوردية
အသင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် အိပ်စက်ခြင်းမှ နိုးထလာသောအခါ နှာခေါင်းထဲ ရေရှူသွင်း ရှူထုတ်လုပ်ပြီး သုံးကြိမ်ဆေးကြောပါ။အဘယ်ကြောင့်ဆိုသော် ရှိုင်သွာန်သည် ထိုသူ၏ နှာ ခေါင်းအရင်း၌ ညတာကုန်ဆုံး ( အိပ်စက် ) ခဲ့ခြင်းကြောင့်ဖြစ်သည်။
عربي الإنجليزية الأوردية
လူတစ်ဦးသည် ဝုဿူပြုလုပ်ရာတွင် သူ၏ခြေထောက်ပေါ်ရှိ လက်သည်းခွံအရွယ်အစားရှိသော နေရာတစ်ခုသည် ရေမစိုဘဲကျန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ထိုအရာကို တွေ့မြင်သွားပြီး‌နောက် ကိုယ်တော်မြတ်က အမိန့်ရှိသည်မှာ “အသင်ပြန်သွားပြီး ဝုဿူကို ကောင်းမွန်စွာပြုလုပ်ပါ”။ ထို့နောက် ထိုလူသည် ပြန်လှည့်သွားပြီး ဝုဿူကို ကောင်းစွာပြုလုပ်ကာ ဆွလာသ်ဝတ်ပြုခဲ့သည်။
عربي الإنجليزية الأوردية
နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် တစ်“စွာအ်”မှစတင်ပြီး ငါး“မွဒ်”ခန့်ရှိသောရေပမာဏနှင့် ရေချိုးတော်မူလေ့ရှိသည်။ တစ်“မွဒ်”ခန့်ရှိသော ရေပမာဏနှင့်ဝုဿူပြုတော်မူလေ့ရှိသည်။
عربي الإنجليزية الأوردية
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မည်သည့် မုစ်လင်မ်မဆို ဝူဿွူကို ကောင်းမွန်ကျနစွာ ပြုလုပ်မည်။ ထို့နောက် ရပ်ပြီး မိမိ၏ စိတ်နှလုံး သားကော မျက်နာဖြင့်ပါ (စိတ်ရောကိုယ်ပါ) အာရုံစူးစိုက်လျက် ဆွလာသ်နှစ်ရကအသ်ကို ဝတ်ပြုလျှင် ထိုသူ့အတွက် ဂျန္နသ်သုခဘုံသည် ဝါဂျိဗ်ဖြစ်သွား (ထိုက်တန်သွား)ပြီဟု မိန့်တော်မူခဲ့လေသည်
عربي الإنجليزية الأوردية
သင်တို့အနက် တစ်ဦးဦးသည် ဝူဿွူ ပြုလုပ်ပြီး နောက် ခြေအိတ်ဝတ်ဆင်ခဲ့လျှင်၊ ထိုခြေအိတ်များကို ဝတ်ဆင်ထားလျက်နှင့်ပင် ဆွလာသ် ဝတ်ပြုပါ။ ထို့ပြင် ထိုခြေအိတ်များပေါ်၌ မစဟ် (ပွတ်သပ်ခြင်း) ပြုလုပ်ပါ။ ထို့နောက် သူအလိုရှိလျှင် ဂျနာဗသ် (ရေချိုးရမည့် အကြောင်း) မှလွဲ၍ (အခြားအကြောင်းဖြင့်) ခြေအိတ်များကို မချွတ်ရပါ။( ချွတ်ရန်မလိုပေ။)
عربي الإنجليزية الأوردية
အို- အမျိုးသမီးအပေါင်းတို့၊ အသင်မတို့ စွဒ်ကဟ်အလှူဒါပြုကြလော့။ အဘယ်ကြောင့်ဆိုသော် ငရဲသားများအနက်အများစုဟာ အသင်မတို့ အမျိုးသမီးများဖြစ်နေကြောင်း ငါကိုယ်တော်ဟာ ပြသတော်မူခြင်းခံရသည်။ ထိုအခါ သူမတို့က "အို-အလ္လာဟ်အရှင်မြတ်၏ တမန်တော်၊ အဘယ်ကြောင့်နည်း" ဟု လျှောက်ထားကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ "အသင်မတို့သည် ကျိန်ဆဲခြင်းကို များစွာပြုလေ့ရှိကြပြီး မိမိတို့၏ ခင်ပွန်းကိုလည်း ကျေးဇူးကန်းကြလေသည်။ ထို့ပြင် ငါကိုယ်တော်သည် တစ်ဦးတစ်ယောက်ကို အသိဉာဏ်နှင့် ဒီန်သာသနာ၌ လျော့နည်းချို့တဲ့ပါလျက်နှင့် ခိုင်မာပြတ်သားစွာ ဆုံးဖြတ်ချက်ချနိုင်သည့် အမျိုးသားတစ်ဦး၏ အသိဉာဏ်ကို အသင်မတို့ထက်ပို၍ ဖျက်ဆီးစေနိုင်သူကို တွေ့မြင်တော်မမူခဲ့‌ပေ
عربي الإنجليزية الأوردية
ကျွန်မတို့သည် သွေးဆင်းခြင်းမှ သန့်စင်ပြီးနောက် ညစ်ညမ်းသော အရောင် (အညိုရောင်) သို့မဟုတ် အဝါရောင် ရှိသော အရည်များ ထွက်လာခြင်းကို ဓမ္မတာသွေးဆင်းခြင်းအဖြစ် မှတ်ယူခြင်း မပြုခဲ့ပါ။
عربي الإنجليزية الأوردية
ဓမ္မတာသွေးပေါ်သည့်ကာလအတိုင်း စောင့်ဆိုင်းနေပါ။ ထို့နောက် အသင်မရေချိုးလိုက်ပါ။
عربي الإنجليزية الأوردية
အရွယ်ရောက်ပြီးသော ယောက်ျားလေးတိုင်းသည် သောကြာနေ့တွင် ရေချိုးရန်၊ သွားတိုက်ရန်၊ ရေမွှေးရှိလျှင် ရေမွှေးသုံးရန် တာဝန်ရှိသည်။
عربي الإنجليزية الأوردية
အမျိုးသမီးတစ်ဦးသည် နှစ်ရက်တာကြာမြင့်မည့်ခရီးကို သူမ၏ခင်ပွန်း သို့မဟုတ် မဟ်ရမ်(မိမိနှင့် နိကာဟ် ဟရာမ်ဖြစ်သူတစ်ဦး)အတူ မပါဘဲ ခရီးမထွက်ရ။
عربي الإنجليزية الأوردية
“အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အား သုံးခုသောအချိန်များ၌ ဆွလာသ်ဝတ်ပြုရန် သော်လည်းကောင်း၊ ကျွန်ုပ်တို့၏ သေဆုံးကွယ်လွန်သူများကို မြှုပ်နှံရန် သော်လည်းကောင်း တားမြစ်တော်မူခဲ့သည်
عربي الإنجليزية الأوردية
မည်သူမဆို အဇာန်သံကိုကြားရသောအခါ ဤဒုအာ (اللَّهُمَّ رَبَّ هَذِهِ الدَّعْوَةِ التَّامَّةِ، وَالصَّلاَةِ القَائِمَةِ، آتِ مُحَمَّدًا الوَسِيلَةَ وَالفَضِيلَةَ، وَابْعَثْهُ مَقَامًا مَحْمُودًا الَّذِي وَعَدْتَهُ) (အိုအလ္လာဟ်အရှင်မြတ်၊ ဤပြည့်စုံသော ဖိတ်ခေါ်မှုနှင့်တည်‌ဆောက်မည့်ဆွလာသ်၏ အရှင်၊ တမန်တော်မြတ်မိုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ဝစီလဟ်(ဂျန္နသ်ရှိအမြင့်မြတ်ဆုံးနေရာ)နှင့် အဖန်ဆင်းခံအားလုံးတို့ထက် ပို၍မြင့်မြတ်သည့်အဆင့်အတန်းကို ချီးမြှင့်ပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ် ကတိပေးတော်မူခဲ့သည့် မကာမေမဟ်မူဒ် (ကိယာမသ်နေ့တွင် အကြီးမားဆုံး ရှဖာအသ်ကြားဝင်အသနားခံပေးမည့်နေရာ)သို့ ၎င်းအား (တမန်တော်မြတ်အား) ပို့ဆောင်တော်မူပါ) ဟု ရွတ်ဆိုခဲ့လျှင် ၎င်းအဖို့ ကိယာမသ်နေ့တွင် ငါကိုယ်တော်၏ ရှဖာအသ်ကြားဝင်အသနားခံပေးမှုသည် ထိုက်တန်သွား‌လေသည်။
عربي الإنجليزية الأوردية
“သင်တို့အနက်မှတစ်ဦးဦးသည် မိမိ၏ ပခုံးနှစ်ဖက်ပေါ်၌ (အဝတ်) တစ်စုံတစ်ရာ တင်ထားခြင်းမရှိဘဲ အဝတ်တစ်ထည်တည်းဖြင့် ဆွလာသ်ဝတ်ပြုခြင်း မပြုရ။”
عربي الإنجليزية الأوردية
လူတွေရဲ့အခြေအနေဟာ မည်သို့ဖြစ်သွားကြသနည်း။ သူတို့ဟာ မိမိတို့ရဲ့ဆွလာသ်ဝတ်ပြုမှုအတွင်း မျက်လုံးတွေကို မိုးကောင်းကင်ဘက်သို့ မော့ကြည့်နေကြသည်။" ထိုကိစ္စနှင့် ပတ်သက်၍ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ မိန့်ကြားချက်မှာ အလွန်ပြင်းထန်ခဲ့ပြီး၊ နောက်ဆုံး ကိုယ်တော်သည် (ဤမျှထိပင်ပြင်းထန်စွာ) မိန့်တော်မူသည်။ " ၎င်းတို့သည် ထိုအပြုအမူမှ သေချာပေါက် ရှောင်ကြဉ်ရမည်။ သို့မဟုတ်ပါက သူတို့၏ အမြင်အာရုံများကို သုတ်ယူသွားခြင်း (မျက်စိများကန်းသွားကျလိမ့်မည်) ခံရလိမ့်မည်။
عربي الإنجليزية الأوردية
အသင် (ဆွလာတ်ဝတ်ပြုရာ၌) စဂျ်ဒဟ် ဦးချသောအခါ သင်၏လက်ဖဝါးနှစ်ဖက်ကို မြေကြီးပေါ်တွင် ချထားပါ။ သင်၏တံတောင်ဆစ်နှစ်ဖက်ကိုအပေါ်သို့ မြှောက်ထားလော့။
عربي الإنجليزية الأوردية
ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)နှင့်အတူ ဆွလာတ်ဝတ်ပြုခဲ့ပါသည်။ ကိုယ်‌ တော်သည် မိမိညာဘက်သို့ "السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ " (သင်တို့အပေါ် အလ္လာဟ်အရှင်မြတ်၏ ငြိမ်းချမ်းမှု၊ ကရုဏာတော်နှင့် ကောင်းချီးမင်္ဂလာတို့ ကျရောက်ပါစေ) ဟုပြောကာ ဘယ်ဘက်သို့ " السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ " (သင်တို့အပေါ် အလ္လာဟ်အရှင်မြတ်၏ ငြိမ်းချမ်းမှုနှင့် ကရုဏာတော် ကျရောက်ပါစေ) ဟုပြောကာ စလာမ်ပြုလေ့ရှိသည်။
عربي الإنجليزية الأوردية
“မည်သူမဆို ဖရဿ်ွဆွလာသ်တိုင်း၏နောက်တွင် 'စွဗ်ဟာနလ္လာဟ်' (၃၃)ကြိမ်၊ 'အလ်ဟမ်ဒုလိလ္လာဟ်' (၃၃)ကြိမ်၊ 'အလ္လာဟုအက်ဗရ်' (၃၃)ကြိမ် ရွတ်ဆိုပါက၊ ၎င်းသည် (၉၉)ကြိမ်ဖြစ်ပြီး၊ တစ်ရာပြည့်အောင် لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، لَهُ الْمُلْكُ وَلَهُ الْحَمْدُ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ 'လာ အိလာဟ အိလလ္လလ္လာဟု ဝဟ်ဒဟူ လာ ရှရီက လဟူ၊ လဟုလ် မုလ်ကု ဝလဟုလ် ဟမ္ဒု၊ ဝဟုဝ အလာ ကုလ်လိ ရှိုင်အင်န် ကဒီရ်' ဟု ရွတ်ဆိုပါက ၎င်း၏အပြစ်များသည် ပင်လယ်ရေမြုပ်ကဲ့သို့ များပြားလင့်ကစား ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သည်။
عربي الإنجليزية الأوردية
မည်သူမဆို ဖရဿ်ွဆွလာသ်တိုင်းရဲ့နောက်တွင် အာယသုလ်ကုရ်စီ ဖတ်မည်ဆိုလျှင် သေခြင်းတရားမှအပ အခြားဘယ်အရာမျှ ၎င်းအား ဂျန္နသ်သို့ ဝင်ရောက်ခြင်းမှ မဟန့်တားနိုင်ပေ။
عربي الإنجليزية الأوردية
အကယ်၍ သင်တို့အနက်မှ တစ်ဦးဦးသည် မိမိ၏ဆွလာသ်ဝတ်ပြုမှုတွင် သံသယဖြစ်ပြီး ရကအသ် မည်မျှ ဝတ်ပြုခဲ့သလည်း ( ၃ )ရကအာသ်လော၊ ( ၄ ) ရကအသ်လော ဆိုသည်ကို မသေမချာဖြစ်နေလျှင်၊ ထိုသူသည် ထိုသံသယကို စွန့်ပယ်ပြီး သေချာသော ရကအသ်အရေအတွက်ကို အခြေခံကာ (ဆက်လက်ဝတ်ပြုရမည်)။ ထို့နောက် စလာမ်မလှည့်မီအရင် စဂ်ျဒဟ် နှစ်ကြိမ် ပြုလုပ်ရမည်
عربي الإنجليزية الأوردية
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) သည် ဇုဟုရ်ဖရဿ်ွမတိုင်မီ (စွန္နသ်)လေးရကအသ်နှင့် ဖဂျရ်ဖရဿ်ွမတိုင်မီ (စွန္နသ်) နှစ်ရကအသ်တို့ကို မည်သည့်အခါမျှ စွန့်လွှတ်ခဲ့ခြင်းမရှိပေ။
عربي الإنجليزية الأوردية
''မည်သူမဆို ဇုဟုရ်ဆွလာသ်မတိုင်မီ လေးရကအသ်နှင့် ဇုဟုရ်ဆွလာသ်ပြီးနောက် လေးရကအသ်ကို စွဲစွဲမြဲမြဲ ဝတ်ပြုဆောက်တည်ခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူအပေါ် ဂျဟန္နမ်ငရဲမီးအား ဟရာမ်အဖြစ်သတ်မှတ် (တားမြစ်) တော်မူသည်။''
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် ) သည် ဖဂျရ်စွန္နသ် နှစ်ရကအသ်တွင် ကွလ်ယာအိုင်ယုဟလ် ကာဖီရူးန်နှင့် ကွလ်ဟုဝလ္လာဟု အဟဒ် (စူရဟ် ကာဖီရူးန်နှင့် စူရဟ် အိခ်လားစ်ွ) ကို ဖတ်ရွတ်တော်မူခဲ့သည်။
عربي الإنجليزية الأوردية
“ဂျမာအသ်ဖြင့် ဆွလာသ်ဝတ်ပြုခြင်းသည် တစ်ဦးတည်းဝတ်ပြုခြင်းထက် အဆပေါင်း နှစ်ဆယ့်ငါးဆ ပိုမိုမြင့်မြတ်သည်။ ထို့ပြင် ညအချိန်၏ ကောင်းကင်တမန်များနှင့် နေ့အချိန်၏ ကောင်းကင်တမန်များသည် ဖဂျရ်ဆွလာသ်အချိန်၌ စုဝေးကြသည်
عربي الإنجليزية الأوردية
အမျိုးသားများအတွက် အကောင်းဆုံး စွတ်ဖ်အတန်းသည် ပထမဆုံးတန်းဖြစ်၍ အဆိုးဆုံးစွတ်ဖ်အတန်းသည် နောက်ဆုံးတန်း ဖြစ်သည်။ အမျိုးသမီးများအတွက် အကောင်းဆုံးစွတ်ဖ်အတန်းသည် နောက်ဆုံးတန်းဖြစ်၍ အဆိုးဆုံးစွတ်ဖ်အတန်းသည် ပထမဆုံးတန်း ဖြစ်သည်။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လူတစ်ဦးကို စွတ်ဖ်အတန်းအနောက်တွင် တစ်ဦးတည်း ဆွလာသ်ဝတ်ပြုနေသည်ကို တွေ့မြင်ခဲ့ရာ ၎င်းအား ထိုဆွလာသ်ကို ပြန်လည်ဝတ်ပြုရန် အမိန့်ပေးတော်မူခဲ့သည်။
عربي الإنجليزية الأوردية
-စင်စစ် “ဆွလာသ်များအနက် ဤဆွလာသ်နှစ်ခု (ဖဂျရ်နှင့် အီရှာ) သည် မုနာဖိက်များအပေါ်တွင် အလေးလံဆုံးဖြစ်သည်။ အကယ်၍ သင်တို့သည် ထိုဆွလာသ်နှစ်ခု၏ အကျိုးကျေးဇူးကို သိရှိခဲ့လျှင်၊ သင်တို့သည် တရွတ်တိုက်စွဲလျက်ပင်ဖြစ်စေ ရောက်ရှိလာကြလိမ့်မည်
عربي الإنجليزية الأوردية
မည်သည့်အမျိုးသမီးမဆို မိမိ၏အုပ်ထိန်းသူ၏ ခွင့်ပြုချက်မရှိဘဲ နိကာဟ်ပြုခဲ့လျှင် သူမ၏နိကာဟ်သည် ဘာသွိလ်(တရားမဝင်သော နိကာဟ်သာလျှင်) ဖြစ်သည်။ - ထိုစကားကို သုံးကြိမ်တိုင်တိုင် မိန့်ကြားတော်မူခဲ့သည်- သို့ရာတွင် အကယ်၍ အမျိုးသားသည် ထိုအမျိုးသမီးနှင့် ပေါင်းသင်းဆက်ဆံခဲ့ပါက သူမ၏ (ကိုယ်ခန္ဓာအား)ရရှိခံစားခဲ့သည့်အတွက် မဟရ်သည် သူမအတွက် ဖြစ်သွားပေမည်။ အကယ်၍ အုပ်ထိန်းသူများအချင်းချင်း (အုပ်ထိန်းခွင့်နှင့်ပတ်သက်၍) အငြင်းပွားမှုဖြစ်ပွားပါက အုပ်ချုပ်သူအာဏာပိုင်သည် ဝလီအုပ်ထိန်းသူ မရှိသောအမျိုးသမီး၏ အုပ်ထိန်းသူဖြစ်ပေမည်။
عربي الإنجليزية الأوردية
မိမိဇနီးအား အနောက်ဘက်တွင် လိင်ဆက်ဆံသူသည် လအ်နသ်ကျိန်စာသင့်ခံရသူ ဖြစ်သည်။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်သည် အမျိုးသားတစ်ဦး၏ အနောက်ဘက်မှသော် လည်းကောင်း၊ အမျိုးသမီးတစ်ဦး၏ အနောက်ဘက်မှသော် လည်းကောင်း လိင်ဆက်ဆံသူအမျိုးသားအား (ကရုဏာတော်၏အရှူဖြင့်) ကြည့်ရှုတော်မူမည်မဟုတ်ပေ။
عربي الإنجليزية الأوردية
ကျွန်ုပ်က‌ လျှောက်ထားမေးမြန်းခဲ့သည်မှာ - အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးတို့ထဲမှ တစ်ဦးဦးအပေါ်၌ ၎င်း၏ဇနီးမိန်းမနှင့် ပတ်သတ်၍ မည်သည့်ဝတ္တရားရှိပါသနည်း။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်-"အသင် စားသောက်သည့်အခါ သူမကိုလည်း ကျွေးမွေးရမည်။ အသင် ဝတ်ဆင်သည့်အခါ သို့မဟုတ် အသင်သည် ဝင်ငွေရလာသည့်အခါ သူမကိုလည်း ဝတ်ဆင်ပေးရမည် မျက်နှာကို ရိုက်နှက်ခြင်း မပြုရ။ ရင့်သီးကြမ်းတမ်းခြင်း မပြုရ။ အိမ်တွင်း၌သာ (အပြစ်အနာအဆာ ပြုပြင်ရန်) ခွဲခွာ၍နေထိုင်ခြင်း ပြုရမည်။
عربي الإنجليزية الأوردية
“တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဆံပင်ဆက်သောအမျိုးသမီးနှင့် ဆံပင်ဆက်ခိုင်းသော အမျိုးသမီး၊ ဆေးမင်ကြောင်ထိုးသော အမျိုးသမီးနှင့် ဆေးမင်ကြောင်ထိုးခိုင်းသော အမျိုးသမီးတို့အား ကျိန်ဆဲတော်မူခဲ့သည်။
عربي الإنجليزية الأوردية
အကြင်သူ၌ ဇနီးနှစ်ဦးရှိပြီး ၎င်းသည် (သူ၏ မျှတမှုသည်) တစ်ဦးတည်းဘက်သို့ ယိမ်းညွှတ်သွားပါက ကိယာမသ်နေ့တွင် ကိုယ်ခန္ဓာတစ်ခြမ်း စောင်းနေသောအခြေအနေဖြင့် ရောက်ရှိလာလိမ့်မည်။
عربي الإنجليزية الأوردية
စင်စစ် အလ္လာဟ်အရှင်မြတ်သည် ငါကိုယ်တော် ၏အွမ္မသ်သားများအား ၎င်းတို့၏ စိတ်နှလုံးထဲ ပေါ်ပေါက်လာသော အတွေးများကို လက်တွေ့မပြုလုပ်မ‌ပြောမဆိုသ‌ရွေ့ အရေးယူတော်မူမည်မဟုတ်ပေ။”
عربي الإنجليزية الأوردية
သုံးဦးသောသူသည် အပြစ်အကုသိုလ်ရေးမှတ်ခြင်းမခံရပေ။ (၁)အိပ်ပျော်နေသူသည်အိပ်ရာမှနိုးလာသည်အထိ၊ (၂)အရွယ်မရောက်သေးသောသူသည်အရွယ်ရောက်လာသည်အထိ၊ (၃)ရူးသွပ်နေသူသည်အသိညဏ်ကောင်းလာသည်အထိဖြစ်သည်။
عربي الإنجليزية الأوردية
ကာဖိရ် သွေဖည်ငြင်းဆန်သူတို့အား သင်တို့၏ ဥစ္စာပစ္စည်းများဖြင့်လည်းကောင်း၊ သင်တို့၏ အသက်များဖြင့်လည်းကောင်း၊ သင်တို့၏ နှုတ်လျှာများဖြင့်လည်းကောင်း ဂျိဟာဒ် ပြုကြလော့။
عربي الإنجليزية الأوردية
အမလ်ကျင့်ဆောင်မှုသည် ခြောက်မျိုးရှိပြီး လူသည် လေးမျိုးလေးစားရှိသည်။၎င်းတို့မှာ ဝါဂျိဗ်ထိုက်သည့်အရာ နှစ်ခု၊ တစ်ခုအစား ၎င်းနှင့် ညီမျှသည့် တစ်ခုရရှိခြင်း၊ ကောင်းမှုတစ်ခုသည် အကျိုးကုသိုလ်ဆယ်ဆရရှိခြင်းနှင့် ကောင်းမှုတစ်ခုသည် အကျိုးကုသိုလ် အဆခုနှစ်ရာ ရရှိခြင်းတို့ဖြစ်သည်။
عربي الإنجليزية الأوردية
ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မိမိသတ်မှတ်ထားသည့် (ဝါဂျိဗ်) တာဝန်များကို လိုက်နာကျင့်သုံးခြင်းအား နှစ်သက်တော်မူသကဲ့သို့ မိမိလျော့ပေါ့ပေးထားသည့် ခြွင်းချက်များကို လိုက်နာကျင့်သုံးခြင်းအား နှစ်သက်တော်မူသည်။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်သည် ကျေးကျွန်တစ်ဦးအားတစ်နေရာ၌ ကွယ်လွန်သေဆုံးရန် သတ်မှတ်ခဲ့ပါက အရှင်မြတ်သည် ၎င်းအား ထိုနေရာ(သို့သွားရောက်ရန်) လိုအပ်ချက် ဖြစ်ပေါ်စေသည်။
عربي الإنجليزية الأوردية
ကျွန်တော်သည် ဿွိမားမ်ဗင်န် ဆအ်လဗဟ်ဖြစ်ပြီး ဗနူစအဒ်ဗင်န်ဗကရ် မျိုးနွယ်ဝင်တစ်ဦးလည်း ဖြစ်ပါသည်။
عربي الإنجليزية الأوردية
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်တိုင်းအတွက်(ဝုဿွူရှိလျက်နှင့်) ဝုဿွူ(ထပ်မံ)ပြုလုပ်တော်မူ၏။
عربي الإنجليزية الأوردية
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဝုဿွူပြုလုပ်ရာ၌ (အစိတ်အပိုင်းများကို) တစ်ကြိမ်စီ (ဆေးကြောတော်မူသည်)။
عربي الإنجليزية الأوردية
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဝုဿွူပြုလုပ်ရာ၌ (အစိတ်အပိုင်းများကို)နှစ်ကြိမ်စီ ဆေးကြောတော်မူခဲ့၏။
عربي الإنجليزية الأوردية
အကယ်၍ အသင်တို့အနက်မှတစ်ဦးတစ်ယောက်သည် မိမိ၏ဝမ်းဗိုက်ထဲ၌ တစ်စုံတစ်ရာခံစားရပြီး လေလည်လိုက်ခြင်းရှိ၊ မရှိ သံသယဖြစ်ပါက အသံမကြားသ၍ သို့မဟုတ် အနံ့မရသ၍ ဗလီဝတ်ကျောင်းတော်မှ လုံးဝမထွက်သွားရပေ။
عربي الإنجليزية الأوردية
မွတ်စ်လင်မ်တိုင်းအပေါ် ၌ တစ်ပတ်လျှင်တစ်ရက် မိမိ၏ဦးခေါင်းနှင့် ခန္ဓာကိုယ်ကိုဆေးကြောကာ ရေချိုးရန်တာဝန်ရှိသည်။
عربي الإنجليزية الأوردية
ကျွန်တော်သည် အစ္စလာမ်သာသနာကို လက်ခံရန်ရည်ရွယ်ချက်ဖြင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံလာခဲ့သည်။ ထိုအခါ ကိုယ် တော်သည် ကျွန်တော့်အား ရေနှင့်ဆီးရွက်တို့ဖြင့်ရေချိုးရန် အမိန့်ပေးတော်မူခဲ့သည်။
عربي الإنجليزية الأوردية
သင်တို့သည် မုအဇ္ဇင်န်၏အဇာန်သံကိုကြားသည့်အခါ ၎င်းဆိုသည့်အတိုင်း လိုက်ဆိုကြပါ။ ထို့နောက် ငါကိုယ်တော်အပေါ်သို့ ဆွလာသ်ပို့သကြပါ။
عربي الإنجليزية الأوردية
အကြင်သူသည် အလ္လာဟ်အရှင်မြတ်အတွက် ဗလီတစ်လုံးဆောက်လုပ်ခဲ့လျှင် အလ္လာဟ်အရှင်မြတ်က ၎င်းအတွက် ဂျန္နသ်သုခဘုံ၌ ထိုကဲ့သို့(အဆောင်တစ်ဆောင်)ဆောက်လုပ်ပေးတော်မူမည်။
عربي الإنجليزية الأوردية
ငါကိုယ်တော်၏ ဤဗလီဝတ်ကျောင်းတော်၌ ဆွလာသ်တစ်ကြိမ်ဆောက်တည်ခြင်းသည်(မက္ကဟ်)မြို့တော်ရှိ မတ်စ်ဂျိဒ်ဟရာမ်ဝတ်ကျောင်းတော်မှအပ အခြားဗလီဝတ် ကျောင်းတော်များ၌ ဆွလာသ်အကြိမ်ပေါင်းတစ်ထောင်ဆောက်တည်ခြင်းထက် သာပိုမွန်မြတ်သည်။
عربي الإنجليزية الأوردية
အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ဗလီဝတ်ကျောင်းတော်သို့ ဝင်ရောက်သောအခါ မထိုင်မီအလျင် ဆွလာသ်နှစ်ရကအသ် ဆောက်တည်ပါ။
عربي الإنجليزية الأوردية
အသင်တို့အနက်တစ်ဦးတစ်ယောက်သည် ဗလီဝတ်ကျောင်းတော်သို့ ဝင်သည့်အခါ ( اَللّٰهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكٓ ) “အလ္လာဟုမ္မဖ်သဟ်လီ အဗ်ဝါဗရဟ်မသိက်” (အို - အလ္လာဟ်အရှင်မြတ် အသင်အရှင်မြတ်၏ ရဟ်မသ်ကရုဏာတံခါးများကို ကျွန်တော်မျိုးအား ဖွင့်ပေးသနားတော်မူပါ။) ဟုရွတ်ဆိုပါ။ ပြန်ထွက်သည့်အခါ (اَللّٰهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ) “အလ္လာဟုမ္မ အင်န္နီအတ်စ်အလုက မင်န်ဖဿွ်လိက်” (အို - အလ္လာဟ်အရှင်မြတ် ဧကန်မုချ ကျွန်တော်မျိုးသည် အရှင်မြတ်၏ ကျေးဇူးတော်များကို အရှင်မြတ်ထံတော်မှတောင်းခံပါ၏။) ဟုရွတ်ဆိုပါ။
عربي الإنجليزية الأوردية
အို - ဗိလာလ် ဆွလာသ်အတွက် အိကာမသ်ဆိုပါ၊ ၎င်းဖြင့် ကျွန်ုပ်တို့အား အေးချမ်းသာယာစေပါ။
عربي الإنجليزية الأوردية
အို - လူအပေါင်းတို့ ကျွန်ုပ်ဤသို့ပြုလုပ်ရသည်မှာ အသင်တို့သည် ကျွန်ုပ်ဝတ်ပြုသည့်အတိုင်း လိုက်နာဝတ်ပြုကြရန်နှင့် ကျွန်ုပ်၏ဆွလာသ်ဝတ်ပြုပုံကို အသင်တို့သင်ယူနိုင်ကြစေရန်အတွက်ဖြစ်သည် ဟုမိန့်ကြားတော်မူခဲ့သည်။
عربي الإنجليزية الأوردية
အသင်တို့ ဆွလာသ်ဆောက်တည်သည့်အခါ ဆွဖ်အတန်းများကို ညီညာစွာ စီတန်းကြပါ။ ထို့နောက် အသင်တို့အနက်မှတစ်ဦးအား သင်တို့အတွက် အိမာမ်ရှေ့ဆောင်အဖြစ် သတ်မှတ်ပါ။ ၎င်းက ‘သက္ကဗီရ်’ဆိုလျှင် အသင်တို့လည်း ‘သက္ကဗီရ်’ဆိုကြပါ။
عربي الإنجليزية الأوردية
အကြင်အရှင်မြတ်၏လက်တော်တွင် ကျွန်ုပ်၏အသက်ဝိညာဉ်ရှိ၏။ ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ ဧကန်အမှန်ပင် ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဆွလာသ်ဝတ်ပြုမှုနှင့် အတူဆုံးအနီးစပ်ဆုံး ဝတ်ပြုသူဖြစ်သည်။ ဤဆွလာသ်ဝတ်ပြုမှုသည် တမန်တော်မြတ် ‘ဒွန္နယာ’ လောကကို ခွဲခွါသွားသည့် အချိန်အထိ ဝတ်ပြုတော်မူခဲ့သော ဆွလာသ်ဝတ်ပြုမှုအတိုင်းပင်ဖြစ်သည်။
عربي الإنجليزية الأوردية
လူများအနက် အဆိုးရွားဆုံးခိုးဝှက်သူသည် မိမိဆွလာသ်အား ခိုးဝှက်သူပင်ဖြစ်သည်။ ထိုအခါ သာဝကကြီးက ဆွလာသ်အား မည်သို့ခိုးဝှက်ပါသနည်းဟု မေးလျှောက်ခဲ့ရာ ကိုယ်တော်က ‘ရုကူအ်’ ဦးညွှတ်ခြင်းနှင့် ‘စဂ်ျဒဟ်’ ဦးချခြင်းတို့အား ကောင်းမွန်ကျနစွာ မပြုခြင်းပင်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ရုကူအ် ဦးညွှတ်ရာမှ မိမိ၏ကျောကိုပြန်ကြွသည့်အခါ ဤဇိက်ရ်ကို ရွတ်ဆိုလေ့ရှိတော်မူသည်။ “စမိအလ္လာဟု လိမန်ဟမိဒဟ်၊
عربي الإنجليزية الأوردية
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဖရ်ဿွ်ဆွလာသ်ဝတ်ပြုပြီးတိုင်း ဤသို့ရွတ်ဆိုလေ့ရှိတော်မူသည်။
عربي الإنجليزية الأوردية
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စဂ်ျဒဟ်နှစ်ခုကြားတွင် “ ရဗ်ဗိဂ် ဖိရ်လီး၊ ရဗ်ဗိဂ် ဖိရ်လီး” (အို - အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ၊ အို - အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ။) ကို ရွတ်ဆိုလေ့ရှိသည်။
عربي الإنجليزية الأوردية
ဤသည် ခင်န်ဇဗ်ဟုခေါ်သည့် ရှိုင်သွာန်ပင်ဖြစ်သည်။ အသင်သည် ထိုကဲ့သို့ခံစားရပါက ၎င်းရန်မှကင်းဝေးစေရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံမှုရယူပါ။ သင်၏ဘယ်ဘက်သို့ တံတွေး သုံးကြိမ်ထွေးလိုက်ပါ။
عربي الإنجليزية الأوردية
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည် - လူသားတစ်ဦး ကွယ်လွန်သောအခါ (၃) ခုသောအရာမှလွဲ၍ ၎င်း၏အမလ်ကျင့်ဆောင်မှုသည် ၎င်းထံမှ ရပ်တန့်သွားသည်။ (၁) အကျိုးစဝါးဗ်မပြတ်တမ်းရရှိနေသော အလှူဒါန (၂) လူတို့အကျိုးခံစားရသော ပညာ (၃) မိမိအတွက် ဒုအာပြုပေးသော ကောင်းမွန်သည့် သားသမီး ဖြစ်သည်။
عربي الإنجليزية الأوردية
အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ (ကျွန်‌တော်မျိုး၏မိခင်) အွမ်မုစအ်ဒ် ကွယ်လွန်သွားပါပြီ။ မည်သည့် လှူဒါန်းမှုသည် အကောင်းဆုံးဖြစ်ပါသနည်း" ဟု မေးမြန်းရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က "ရေ (လှူဒါန်းခြင်း)" ဟု ဖြေကြားတော်မူသည်။ ဟဒီးစ် ဆင့်ပြန်သူရာဝီက ပြောပြခဲ့သည်။ ထို့နောက် သူ(စအ်ဒ်)သည် ရေတွင်းတစ်တွင်းတူး၍ "ဤသည် အွမ်မုစအ်ဒ် အတွက် ဖြစ်သည်" ဟု ပြောခဲ့သည်။
عربي الإنجليزية الأوردية
ဧကန်အမှန်၊ အသင်တို့၏အမည်နာမများအနက် အလ္လာဟ်အရှင်မြတ်ထံတော်၌ အနှစ်သက်ဆုံးအမည်နာမများမှာ အဗ်ဒုလ္လာဟ် (အလ္လာဟ်အရှင်မြတ်၏ကျွန်) နှင့် အဗ်ဒုရ်ရဟ်မာန် (အလွန်သနားကြင်နာတော်မူသောအရှင်၏ ကျွန်) တို့ဖြစ်သည်။
عربي الإنجليزية الإندونيسية
ကျွန်ုပ်တို့အတွက် နှုတ်ခမ်းမွေးညှပ်ရန်၊ လက်သည်း ခြေသည်းညှပ်ရန်၊ ချိုင်းမွှေးနုတ်ရန်၊ ချက်အောက်မွှေးရိတ်ရန်နှင့် ထိုအရာများအား ရက်ပေါင်း (၄၀) ထက်ကျော်လွန်ပြီး မထားကြရန် အချိန်သတ်မှတ်ပေးခြင်း ခံထားရသည်။
عربي الإنجليزية الإندونيسية
- “ဧကန်စင်စစ် ငါကိုယ်တော်သည် အမျိုးသမီးများနှင့် လက်ဆွဲနှုတ်ဆက်ခြင်း မပြုလုပ်ပါ။ အမျိုးသမီးတစ်ရာအား ငါကိုယ်တော် ၏ မိန့်ကြားချက် သည် အမျိုးသမီး တစ်ဦးအား မိန့်ကြားချက်ကဲ့သို့ပင်ဖြစ်သည်
عربي الإنجليزية الإندونيسية
ရမဿွာန်လ ရောက်သည့်အခါ သင်မအွမ္မရဟ် ပြုလုပ်ပါ။ ဧကန်အမှန်ပင် ထိုလ၌ အွမ္မရဟ်ပြုလုပ်ခြင်းသည် ဟဂ်ျပြုလုပ်ခြင်းနှင့် ညီမျှသည်။
عربي الإنجليزية الأوردية
အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ဂျီဟာဒ်သည် အမွန်မြတ်ဆုံး အမလ်ကောင်းမှုဖြစ်သည်ဟု ကျွန်မတို့ သိထားပါသည်။ ထို့ကြောင့် ကျွန်မတို့ ဂျီဟာဒ်မလုပ်ရဘူးလားဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ မလုပ်ရပါ၊ သို့သော် (အသင်မတို့အတွက်) အမွန်မြတ်ဆုံး ဂျိဟာဒ်မှာ အလ္လာဟ်အရှင်မြတ် လက်ခံသဘောတူသည့် ဟဂ်ျပင်ဖြစ်သည်။
عربي الإنجليزية الأوردية
“အလ္လာဟ်အရှင်မြတ်သည် ရှေးဦးလူသားများနှင့်နောက်ဆုံးလူသားများအားလုံးကို ကိယာမသ်နေ့တွင် စုရုံးတော်မူသောအခါ၊ သစ္စာဖောက်သူတိုင်းအတွက် အလံတစ်ခုကို စိုက်ထူထားခြင်းခံရမည်။ ထို့နောက် ‘ဤသည် မည်သူမည်ဝါ၏သား မည်သူမည်ဝါ၏ သစ္စာဖောက်မှုဖြစ်သည်’ဟု ကြွေးကြော်ခြင်းခံရမည်။”
عربي الإنجليزية الأوردية
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အား အရာခုနစ်ခုကို (လုပ်ဆောင်ရန်) အမိန့်ပေးတော်မူခဲ့ပြီး အရာခုနစ်ခုမှ (ရှောင်ကြဉ်ရန်) တားမြစ်တော်မူခဲ့သည်
عربي الإنجليزية الأوردية
– “အသင်မအတွက်ရော အသင်မ သားသမီးများအတွက်ပါ လုံလောက်သော မျှတသောပမာဏကို သူ၏ဥစ္စာမှ ယူလော့။”
عربي الإنجليزية الأوردية
“အလ္လာဟ်အရှင်မြတ်၏လမ်းတော် (ဂျီဟာဒ်) ၌ တစ်ရက်တာ ကင်းစောင့်ခြင်းသည် လောကီနှင့် ၎င်းရှိအရာအားလုံးထက် ပို၍မြတ်၏
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အဖြူနှင့် အနက်ရောင်ရောနေသော ဦးချိုရှိသော သိုးထီးနှစ်ကောင်ကို ကုရ်ဗာနီပြုခဲ့သည်။ ထိုသိုးနှစ်ကောင်လုံးကို မိမိ၏လက်တော်ဖြင့် ကိုယ်တိုင် ဇဗဟ်လုပ်ခဲ့ပြီး "ဗိစ်မိလ္လာဟ်၊ အလ္လာဟုအက္ကဘရ်" (အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့်အစပြုပါ၏။ အလ္လာဟ်အရှင်မြတ်သည် အကြီးမြတ်ဆုံးဖြစ်တော်မူ၏) ဟု ရွတ်ဆိုကာ မိမိ၏ခြေတော်ကို သိုးနှစ်ကောင်၏ ညာဘက်လည်ကုတ်ပေါ် တွင် တင်ထားတော်မူခဲ့သည်။
عربي الإنجليزية الأوردية
“မည်သူမဆို မသမာသောကျိန်ဆိုချက်ဖြင့် မွတ်စ်လင်မ်တစ်ဦး၏ ဥစ္စာပစ္စည်းကို သိမ်းယူရန် ကျိန်ဆိုပါက၊ ထိုသူသည် အလ္လာဟ်အရှင်မြတ် အမျက်တော်ရှိနေချိန်တွင် အရှင်မြတ်နှင့် ဆုံတွေ့ရမည်ဖြစ်သည်
عربي الإنجليزية الأوردية
“ဤခြေလေးချောင်းတိရစ္ဆာန်များတွင် တောရိုင်းတိရစ္ဆာန်များကဲ့သို့ အမူအကျင့်မျိုး ရှိကြ၏။ သို့ဖြစ်၍ ထိုတိရစ္ဆာန်များထဲမှ သင်တို့ကို လွှမ်းမိုးသော(ထိန်းချုပ်မရသော) တိရစ္ဆာန်ကို ဤနည်းအတိုင်း ပြုလုပ်ကြလော့”
عربي الإنجليزية الأوردية
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အိမ်သာတက်သည့်အခါတိုင်း ကျွန်တော်နှင့် ကျွန်တော် ၏အရွယ်တူ ကလေးတစ်ဦးသည် ရေအိုးတစ်လုံးနှင့် လှံတိုတစ်ချောင်းကို သယ်ဆောင်လျက် လိုက်ပါကြရသည်။ ထို့နောက် တမန်တော်မြတ်သည် ရေဖြင့် သန့်စင်တော်မူလေသည်။
عربي الإنجليزية الأوردية
ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ရှိနေခဲ့ပြီး ကိုယ်တော်သည် မျိုးနွယ်စုတစ်ခု၏ အမှိုက်စွန့်ပစ်သည့်နေရာသို့ ရောက်လာခဲ့သည်။ ကိုယ်တော်သည် ရပ်လျက်အပေါ့သွားတော်မူသည်။
عربي الإنجليزية الأوردية
စွဗ်ဟာနလ္လာဟ် (အလ္လာဟ်အရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူ၏) မုအ်မင်န်ယုံကြည်သူသည် မသန့်မဖြစ်ပါဟု မိန့်ကြားတော်မူခဲ့၏။
عربي الإنجليزية الأوردية
“အသင်တို့ကို ဂျနာဇဟ်ကို အလျင်စလိုယူဆောင်သွားကြလော့။ အကယ်၍ သေသူသည် သူတော်ကောင်းဖြစ်လျှင် ယင်းသည် သင်တို့ရှေ့သို့ ပို့ဆောင်လိုက်သော ကောင်းကျိုးဖြစ်၏။ အကယ်၍ သေသူသည် သူတော်ကောင်းမဟုတ်ခဲ့လျှင် အသင်တို့သည် အသင်တို့၏ပခုံးများပေါ်မှ မကောင်းမှုကို ချလိုက်ခြင်းပင် ဖြစ်၏။”
عربي الإنجليزية الأوردية
တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )က မိန့်တော်မူသည်မှာ - အကယ်၍ အသင်မ ( ဤရောဂါခံစားရမှုအပေါ်မှာ ) သည်းခံဖို့ ဆန္ဒရှိတယ်ဆိုရင် အသင်မအဖို့ ( အာခိရသ်မှာ )ဂျန္နသ် ရရှိမှာဖြစ်တယ်။ အကယ်၍ အသင်မ ဆန္ဒရှိတယ်ဆိုရင် ငါကိုယ်တော် အသင်မအတွက် အလ္လာဟ်အရှင်မြတ်ထံ တော်ပါးမှာ ( အရှင်မြတ်က အသင်မရဲ့ရောဂါကို ) ပျောက်ကင်းမှုပေးဖို့ ဒုအာပြုပေးတော်မူမယ်
عربي الإنجليزية الأوردية
ကျွန်မတို့ဟာ ဂျနာဇဟ်နောက်ကနေ လိုက်ပါခြင်းမှ တားမြစ်ခြင်းခံရတယ်။ သို့သော် ကျွန်မတို့အပေါ် အတင်းအကျပ် တားမြစ်ခဲ့တာမျိုးတော့ မဟုတ်ပါ။
عربي الإنجليزية الأوردية
မည်သူမဆို ဒီသမီးမိန်းကလေးတွေ ကြောင့် စမ်းသပ်မှု ( ဘေးဒုက္ခ ) တစ်စုံတစ်ရာ ကြုံတွေ့ခဲ့လျှင် ၎င်းအဖို့ ထိုသမီးမိန်းကလေးများသည် ဂျဟန္နမ်ငရဲမီးမှ ( ကာကွယ်ပေးမည့် ) အကာအကွယ်ဖြစ်သွားပေလိမ့်မည်။
عربي الإنجليزية الأوردية
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဖဂျရ်စွန္နသ် နှစ်ရကအသ်ထက်ပို၍ အလေး ထားဂရုစိုက်၊ မပျက်မကွက် အမြဲဆောင်ရွက်ခဲ့သော အခြားနဖိလ်ဆွလာသ်မရှိခဲ့ပါ။
عربي الإنجليزية الأوردية
ကျွန်မသည် အာအိရှဟ်သခင်မအား ဓမ္မတာလာနေတယ့်အမျိုးသမီးဟာ ( ကိုယ်သန့်သွားတယ့်အခါ ) ဆောင်မ်ဥပုသ်ကို ပြန်လည်ဖြည့်စွက်ရပြီး ဆွလာသ်ကို ပြန်မဖြည့်စွက်ရခြင်းမှာ အဘယ်ကြောင့်နည်းဟု မေးမြန်းလျှောက်ထားခဲ့သည်
عربي الإنجليزية الأوردية
'အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အကယ်၍ တစ်စုံတစ်ယောက်ဟာ ကျွန်တော်မျိုး၏ ပစ္စည်းကို လုယက်ရန် ကျွန်တော်မျိုးထံ ရောက်လာခဲ့ပါလျှင်
عربي الإنجليزية الأوردية
အပေါ်ကလက်သည် အောက်က လက်ထက် သာပို၍ကောင်းသည်
عربي الإنجليزية الأوردية
ဧကန်စင်စစ် ဂျန္နသ်သုခဘုံ၌ “ရိုင်ယ်ယားန်” ဟု ခေါ်သော တံခါးတစ်ခုရှိ၏။ ကိယာမသ်နေ့၌ ထိုတံခါးမှတစ်ဆင့် စွိယာမ်ဥပုသ်စောင့်ထိန်းခဲ့ကြသူများသည် ဝင်ရောက်ကြလိမ့်မည်။ ထိုသူများမှတစ်ပါး အခြားမည်သူမျှ ထိုတံခါးမှ ဝင်ခွင့်ရမည်မဟုတ်ပေ
عربي الإنجليزية الأوردية
အသင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် မိမိ၏ကြိုးကိုယူ၍ ( ထင်းခွေပြီး ) ထင်းစည်းကို ကျောကုန်းပေါ်ထမ်းကာ လိုက်လံရောင်းချပြီး၊ ယင်းအားဖြင့် သူ၏သိက္ခာကို အလ္လာဟ်အရှင်မြတ်က ထိန်းသိမ်း ပေးလိုက်ခြင်းသည် ၎င်းအဖို့ လူတို့ထံမှ တောင်းရမ်းခြင်းထက် သာပို၍ ကောင်းသည်။ (အကြောင်းမှာ) လူတို့သည် ၎င်းအား ပေးခြင်ပေးနိုင်ပြီး၊ မပေးဘဲလည်း နေနိုင်သောကြောင့်ဖြစ်သည်။
عربي الإنجليزية الأوردية
သင်သည် မတရားပြုသည့်ညီနောင် သို့မဟုတ် မတရားပြုခံရသည့်ညီနောင်ကို ကူညီပါ
عربي الإنجليزية الأوردية
- “ဧကန်စင်စစ် ဤအရာနှစ်ခုသည် ကျွန်ုပ် ၏အမျိုးသားတို့အပေါ်၌ ဟရာမ် (တားမြစ်ထားသည့်အရာ) ဖြစ်ပြီး၊ ၎င်းတို့၏ အမျိုးသမီးများအတွက်မူ ဟလာလ် (ခွင့်ပြုထားသည့်အရာ) ဖြစ်၏။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်ထံ အနှစ်သက်ဆုံးနေရာမှာ ဗလီများဖြစ်၍ အလ္လာဟ်အရှင်မြတ်ထံ အမုန်းဆုံးနေရာမှာ ဈေးများဖြစ်သည်။
عربي الإنجليزية الأوردية
အို- အဘူဇရ်၊ အသင် ဟင်းရည်ချက်ပါက ဟင်းရည်ကို ရေများများထည့် ချက်ပါ။ ထို့‌နောက်အိမ်နီးချင်းများအား သတိရပါ (ဂရုတစိုက် ဝေမျှပေးကမ်းပါ)။
عربي الإنجليزية الأوردية
- "အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့် ကျွန်ုပ်သည် အသင့်အား မန်းမှုတ်ကုသပေးပါ၏။ အသင့်အား အန္တရာယ်ပေးသော အရာတိုင်းမှ၊ သက်ရှိအားလုံး၏ ဘေးအန္တရာယ်မှ သို့မဟုတ် မနာလိုဝန်တိုသူ၏ မျက်စိ (နဇရ်ထိခြင်း) မှ (ကာကွယ်တော်မူရန်)။ အလ္လာဟ်အရှင်မြတ်သည် အသင့်အား သက်သာပျောက်ကင်းစေတော်မူပါစေ။ အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် ကျွန်ုပ်သည် အသင့်အား မန်းမှုကုသပေးပါ၏။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်အား ကစမ်ကျိန်ဆို၍ ပြောမည်၊ အသင်တို့အနက်မှ မည်သူမဆို မိမိ၏အခွင့်အရေးမဟုတ်သည်ကို ယူငင်လျှင် ကိယာမသ်(ရှင်ပြန်ထမည့်နေ့) တွင် ထိုယူခဲ့သည့် ဥစ္စာပစ္စည်းကို သယ်ဆောင်လျက် အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံရလိမ့်မည်
عربي الإنجليزية الأوردية
- "မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဇနီးသည်များအနားတွင် အမျိုးသမီးအများအပြားသည် ၎င်းတို့၏ လင်‌ယောက်ကျားများအကြောင်း တိုင်ကြားလျှောက်ထားရန် ဝိုင်းရံလာခဲ့ကြသည်။ ထိုကဲ့သို့ (ဇနီးများကို ရိုက်နှက်သော) သူတို့သည် အသင်တို့ထဲတွင် အကောင်းဆုံးသူများ မဟုတ်ကြပေ။
عربي الإنجليزية الأوردية
“မည်သည့်မွတ်စ်လင်မ်မဆို မိမိတွင် မှာတမ်းစရာ တစ်စုံတစ်ရာရှိပါက သေတမ်းစာကို သူ့ထံ၌ ရေးသားထားရမည်ဖြစ်သည်။ (မ‌ရေးသားဘဲ) သုံးည မကုန်ဆုံးသင့်ပေ။
عربي الإنجليزية الأوردية
အမျိုးသမီးတစ်ဦးသည် ကွယ်လွန်သူတစ်ဦးဦးအတွက် သုံးရက်ထက်ပို၍ (ဝမ်းနည်းပူဆွေးမှုကိုထုတ်ဖော်သည့်အနေဖြင့်) အလှပြင်ဆင်မှုကို စွန့်လွှတ်ခြင်း မပြုရ။ သို့ရာတွင် ခင်ပွန်းသည် အတွက်မူ လေးလနှင့် ဆယ်ရက် (ထိုသို့ ပြုနိုင်သည်)
عربي الإنجليزية الأوردية
- " ကိုယ်တော်မြတ်သည် မိမိအိမ်သူအိမ်သားများ၏ အလုပ်ကို ထမ်းဆောင်တော်မူသည် (ဆိုလိုသည်မှာ မိသားစုအတွက် စီမံလုပ်ကိုင်ပေးတော်မူသည်)၊ ထို့နောက် ဆွလာသ်အချိန်ရောက်လျှင် ဆွလာသ်ဝတ်ပြုရန်အတွက် ထွက်ခွါသွားတော်မူလေ့ရှိသည်။
عربي الإنجليزية الأوردية
ဆွလာဝတ်ပြုနေသူရှေ့မှ ဖြတ်သွားသူသည် ထိုသို့ဖြတ်သွားခြင်း၏ အပြစ်ဒဏ်သည် မည်မျှကြီးမားကြောင်း သိရှိပါက၊ သူ့အတွက် လေးဆယ်(အချိန်) တိုင်တိုင် ရပ်စောင့်နေခြင်းသည် ထိုဆွလာဝတ်ပြုနေသူရှေ့မှ ဖြတ်သွားခြင်းထက် ပိုမိုကောင်းမွန်ပေသည်။
عربي الإنجليزية الأوردية
ဝုဿွူကို ကောင်းမွန်ကျနစွာ အပြည့်အဝပြုလုပ်ပါ၊ လက်ချောင်းများကြားကို ရေရောက်အောင် ဆေးကြောပါ၊ အိစ်သင်န်ရှားက် (နှာခေါင်းအတွင်းသို့ ရေထည့်၍ ရှိုက်သွင်းကာပြန်ထုတ်ရာ) ပြုလုပ်ရာတွင် အတိုင်းအထက်အလွန် ကောင်းစွာပြုလုပ်ပါ၊ သို့ရာတွင် အကယ်၍ သင်သည် စောင်မ်ဥပုသ်သီလ စောင့်ထိန်းထားသူဖြစ်ပါက အလွန်အကျွံမပြုလုပ်လေနှင့်။
عربي الإنجليزية الأوردية
“မီးဖြင့် ပြစ်ဒဏ်ပေးခြင်းသည် မီးကို ဖန်ဆင်းတော်မူသောအရှင် မြတ်အတွက်သာလျှင် သင့်တော်ပေသည်” ဟု မိန့်ကြားတော်မူခဲ့သည်။
عربي الإنجليزية الأوردية
ဤဗလီဝတ်‌ကျောင်းတော်များသည် ဤကဲ့သို့ ကျင်ငယ်စွန့်ရန် သို့မဟုတ် ညစ်ညမ်းမှုများ မပြုလုပ်သင့်သော နေရာများဖြစ်သည်။ စင်စစ် ဗလီဝတ်‌ကျောင်းတော်များသည် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်း၊ ဆွလာသ်ဝတ်ပြုခြင်းနှင့် ကုရ်အာန်ကျမ်းတော်မြတ် ဖတ်ရွတ်ခြင်းတို့အတွက်သာ ဖြစ်၏
عربي الإنجليزية الأوردية
နဗီတမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် တိရိစ္ဆာန်၏ မစင်ခြောက် သို့မဟုတ် အရိုးဖြင့် သန့်စင်မှုပြုခြင်းမှ တားမြစ်တော်မူခဲ့ပြီး
عربي الإنجليزية الأوردية
နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အိမ်သာမှထွက်လာသောအခါတိုင်း«غُفراك» "ဂွဖ်ရာနက"ဟု ရွတ်ဆို‌တော်မူလေ့ရှိသည်။
عربي الإنجليزية الأوردية
- အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ကျောက်ခဲသုံးခဲထက်နည်း၍ သန့်စင်မှုမပြုလုပ်ကြလေနှင့်။
عربي الإنجليزية الأوردية
ဖဂျရ်အဇာန်၌ မုအဇ်ဇင်န်က“ حَيَّ عَلَى الْفَلَاحِ ” (ဟိုင်ယ်ယ အလလ်ဖလာဟ်)ဟု ဆိုပြီးသောအခါ الصَّلَاةُ” خَيْرٌ مِنَ النَّوْمِ” (အတ်ဆွလာသု ခိုင်ရွန်မီနန်နောင်မ်) (ဆွလာသ်သည် အိပ်ခြင်းထက် သာလွန်ကောင်းမြတ်သည်) ဟု ဆိုခြင်းသည် စွန္နသ်တော်ထဲမှ ဖြစ်သည်။
عربي الإنجليزية الأوردية
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ- လူတို့သည် ဗလီများ(ဆောက်လုပ်ခြင်း)နှင့်ပတ်သက်၍ အချင်းချင်းတစ်ဦးနှင့်တစ်ဦး အပြိုင်အ ဆိုင် ဂုဏ်ယူဝင့်ကြွားမှုမပြုသမျှ ကာလပတ်လုံး ကိယာမသ် ဆိုက်ရောက်လာမည်မဟုတ်ပေ။
عربي الإنجليزية الأوردية
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ချွန်ထက်‌သည့်သွားရှိသော သားရဲတရိစ္ဆာန်များ အားလုံးကိုလည်းကောင်း၊ ခြေသည်းချွန်ရှိသော ငှက်များ အားလုံးကိုလည်းကောင်း (စားသုံးခြင်း) မှ ပိတ်ပင်တားမြစ်တော်မူခဲ့သည်။
عربي الإنجليزية الأوردية
အဇာန်နှစ်ခုရဲကြားတွင် ဆွလာသ်ရှိသည်။ အဇာန်နှစ်ခုရဲ့ကြားတွင် ဆွလာသ်ရှိသည်"။ ထို့နောက် တတိယအကြိမ်တွင် "ဆွလာသ်ဝတ်ပြုလိုသူတိုင်းအတွက်ဖြစ်သည်"ဟု မိန့်ကြားတော်မူခဲ့သည်။
عربي الإنجليزية الأوردية
ဟဂ်ျနှင့် အွမ်ရာကြား တစ်ခုနှင့်တစ်ခုမခြားဘဲ တစ်ဆက်တည်းပြုလုပ်ပါ။ အဘယ် ကြောင့်ဆိုသော် ပန်းပဲဖိုသည် သံ၊ ရွှေငွေတို့၏ ချေးညှော်များကို ဖယ်ရှားသကဲ့သို့ ထိုအရာနှစ်ခုသည် ဆင်းရဲခြင်းနှင့် အပြစ်အကုသိုလ်များကို ဖယ်ရှားပေးသည်။ ထို့ပြင် လက်ခံခြင်းခံရသော ဟဂ်ျ၏ အကျိုးကုသိုလ်သည် ဂျန္နသ်သာလျှင်ဖြစ်သည်။
عربي الإنجليزية الإندونيسية
နောက်ဆုံးခေတ်သမယ၌ အသယ်အရွယ်အားဖြင့်ငယ်ပြီး ဉာဏ်ရည်နိမ့်ပါးသူများ ပေါ်ထွက်လာလိမ့်မည်။ သူတို့သည် အကောင်းဆုံးစကား(ကုရ်အာန်)ဖြင့် ပြောဆိုကြလိမ့်မည်။ သို့သော် ပစ်မှတ်ကိုဖောက်ထွက်သွားသည့် မြားတံကဲ့သို့ သူတို့သည် အစ္စလာမ်မှထွက်ခွာသွားကြလိမ့်မည်
عربي الإنجليزية الإندونيسية
“အုက်လ် သို့မဟုတ် အုရိုင်နဟ်မျိုးနွယ်ဝင် လူအချို့သည် (မဒီနဟ်မြို့သို့) ရောက်ရှိလာကြသည်။ ထိုသူတို့သည် မဒီနာမြို့ရာသီဥတုနှင့် အဆင်မပြေသဖြင့် ဖျားနာခဲ့ကြသည်
عربي الإنجليزية الإندونيسية
“ မည်သူမဆို ပြစ်ဒဏ်ခံထိုက်သော အပြစ်တစ်ခုခုကို ကျူးလွန်မိပြီး၊ ထိုအပြစ်အတွက် ဤလောက၌ပင် ပြစ်ဒဏ်စီရင်ခြင်းကို အမြန်ဆုံးခံရ၏။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျွန်အပေါ် နောင်တမလွန်ဘဝ၌ ပြစ်ဒဏ်စီရင်ခြင်းကို နောက်တစ်ကြိမ်ထပ်မံပြုလုပ်တော်မူမည် မဟုတ်ပေ
عربي الإنجليزية الإندونيسية
ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် သုံးမျိုးသောအရာကို နှစ်သက်တော်မူပြီး၊ သုံးမျိုးသောအရာကို နှစ်သက်တော်မမူပေ
عربي الإنجليزية الإندونيسية
အမွေရထိုက်သူများကို အမွေများပေးကြလော့။ ကျန်တယ့်အရာသည် အနီးစပ်ဆုံး ယောက်ကျားလေး အတွက်ဖြစ်သည်။
عربي الإنجليزية الأوردية
ကျွန်ုပ်တို့နှင့်ဆန့်ကျင်ရန် လက်နက်ကိုင်ဆောင်သောသူသည် ကျွန်ုပ်တို့အနက်မှ မဟုတ်ပေ။
عربي الإنجليزية الأوردية
လက်ကို လေးပုံတစ်ပုံဒီနာရ်(ရွှေဒင်္ဂါး)နှင့်အထက် (ခိုးမှု)အ တွက်သာ ဖြတ်တောက်ရမည်။
عربي الإنجليزية الأوردية
တစ်ဦးတစ်ယောက်ကိုမျှ ကြိမ်ဒဏ်ဆယ်ချက်ထက်ပို၍ မရိုက်ရပါ။ သို့ရာ တွင် အလ္လာဟ်အရှင်မြတ် သတ်မှတ်ပြဌာန်းထား‌သောပြစ်ဒဏ်များထဲမှပြစ်ဒဏ်တစ်ခုခုအတွက်မူ ရိုက်ခွင့်ရှိသည်။
عربي الإنجليزية الأوردية
မည်သူမဆို တိရစ္ဆာန်များ(သိုး၊ဆိတ်၊ကုလားအုပ်) ကို စောင့်ရှောက်သည့်‌ ခွေး သို့မဟုတ် အမဲလိုက်‌ခွေး မှအပ ခွေးကို မွေးမြူမည်ဆိုလျှင် သူ၏ ကောင်းမှုမှနေ့စဉ် ကီရာသွ်နှစ်ခုလျော့နည်းသွားလိမ့်မည်
عربي الإنجليزية الأوردية
- "စင်စစ် သင်သည် ကျောက်တုံးတစ်တုံးမျှသာဖြစ်ပြီး ကောင်း ကျိုးလည်းမပြုနိုင်၊ ဆိုးကျိုးလည်းမပေးနိုင်ကြောင်း ကျွန်ုပ်သိ၏။ အကယ်၍ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က သင့်အား နမ်းသည်ကို မမြင်ခဲ့ပါက သင့်အား ကျွန်ုပ် နမ်းမည်မဟုတ်ပါ။
عربي الإنجليزية الأوردية
“သင်သည် ပြန်သွားပြီး ဆွလာသ်ပြန်ဝတ်ပြုပါ။ အဘယ်ကြောင့်ဆို‌သော် အသင်သည် ဆွလာသ် ဝတ်ပြုခဲ့သည်မဟုတ်
عربي الإنجليزية الأوردية
မွတ်စ်လင်မ် (သို့မဟုတ်) မုအ်မင်န် ကျေးကျွန်တစ်ဦးသည် ဝုဿွူပြုသည့်အခါ ၎င်း၏မျက်နှာကိုဆေးကြောလိုက်ပါက သူ၏မျက်လုံးနှင့်ကြည့်၍ ကျူးလွန်ခဲ့သည့် အပြစ်တိုင်းသည် ရေနှင့်အတူ (သို့မဟုတ်) နောက်ဆုံးရေစက်နှင့်အတူ မျက်နှာမှကျဆင်းသွားမည်
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်‌တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အား ကုရ်အာန်ကျမ်းတော်မြတ်ထဲမှ စူရဟ်များကိုသင်ပေးသကဲ့သို့ ကိစ္စရပ်အားလုံးတွင် အစ်သေခါရဟ် (ကောင်းကျိုးကို ရှာဖွေခြင်း) ကို သင်ပေးတော်မူ၏
عربي الإنجليزية الأوردية
“အို- အဘူစအီးဒ်၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်ကို ဖန်ဆင်းအရှင်အဖြစ်၊ အစ္စလာမ်ကို သာသနာတော်အဖြစ်၊ မိုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်)ကို နဗီတမန်တော်အဖြစ် ကျေနပ်နှစ်သက်ခဲ့ပါက ထိုသူအတွက် ဂျန္နသ်သုခဘုံသည် ဝါဂျိဗ်ဖြစ်သွားသည်
عربي الإنجليزية الأوردية
မည်သူမဆို အလ္လာဟ်အရှင်မြတ်၏လမ်းတော် (ဂျိဟာဒ်ပြုနေစဉ်ကာလအတွင်း) ၌ ရိုဇာတစ်ရက်စောင့်ထိန်းခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ မျက်နှာအား ဂျဟန္နမ်ငရဲမီးမှ နှစ်ပေါင်းခုနစ်ဆယ် ခရီးအတိုင်းအတာမျှ ဝေးကွာစေတော်မူမည် ဖြစ်သည်။
عربي الإنجليزية الأوردية
လူတို့သည် အိဖ်သာရီဝါဖြေခြင်းကို အစောတလျင်ပြုလုပ်နေသမျှ ကာလပတ်လုံး ကောင်းသောအရာများ၌ ဆက်လက်တည်ရှိနေကြလိမ့်မည်။
عربي الإنجليزية الأوردية
ကျွန်ုပ်တို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကျွန်ုပ်တို့နှင့်အတူရှိစဉ်အခါက ဇကားသုလ်ဖိသွိရ် (ဖိသ်ရဟ်) ကို ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ အားလုံးဘက်မှ အစားအစာတစ်စွာအ် သို့မဟုတ် နို့ခဲတစ်စွာအ် သို့မဟုတ် မုယောစပါးတစ်စွာအ် သို့မဟုတ် စွန်ပလွံသီးတစ်စွာအ် သို့မဟုတ် စပျစ်ခြောက်တစ်စွာအ်ကို ပေးလေ့ရှိကြသည်
عربي الإنجليزية الأوردية
ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူ ဆဲဟ်ရီစားခဲ့ကြသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် (ဖဂျရ်) ဆွလာသ်ဝတ်ပြုရန်အတွက် မတ်တတ်ရပ်တော်မူခဲ့သည်။ ကျွန်ုပ်က (အနတ်စ် (ရဿွိယလ္လာဟုအန်ဟု) က ဇိုက်ဒ် ဗင်န် စာဗိသ် (ရဿွိယလ္လာဟုအန်ဟု) အား "အဇာန်နှင့် ဆဲဟ်ရီကြားတွင် အချိန်မည်မျှကြာမြင့်ခဲ့သနည်း" ဟု မေးမြန်းခဲ့ရာ၊ ၎င်းက "အာယသ်တော် (၅၀) ခန့် ဖတ်ရွတ်နိုင်သည့်အချိန် အတိုင်းအ တာခန့် ကြာမြင့်သည်" ဟု ဖြေကြားခဲ့သည်။
عربي الإنجليزية الأوردية
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်က ၎င်းအား အသက်နုတ်သိမ်းတော်မူတယ့်အထိ ရမဿွာန်လ၏ နောက်ဆုံး (၁၀) ရက်၌ အိအ်သိကာဖ်ထိုင်‌တော်မူလေ့ရှိခဲ့သည်။ ကိုယ်တော်ကွယ်လွန်ပြီးနောက်တွင်လည်း ကိုယ်တော် ၏ ဇနီးကြင်ယာတော်များက အိအ်သိကာဖ်ထိုင်ခဲ့ကြသည်။
عربي الإنجليزية الأوردية
အသင်တို့ ဆဲဟ်ရီ (ဝါထမင်း) စားသုံးကြလော့။ အဘယ်ကြောင့်ဆိုသော် ဆဲဟ်ရီစားခြင်း၌ ဗရ်ကသ်မင်္ဂလာရှိသည်။
عربي الإنجليزية الأوردية
အသင်တို့ လမြတ်ရမဿွာန်မတိုင်မီ တစ်ရက် သို့မဟုတ် နှစ်ရက်ကြိုတင်၍ ရိုဇာဥပုသ်စောင့်ထိန်းခြင်းမပြုကြနှင့်။ သို့ရာတွင် တစ်ဦးတစ်ယောက်သည် (အစကတည်းက) ရိုဇာဥပုသ်စောင့်ထိန်းနေကျဖြစ်ပါက ထိုသူသည် (ထိုနေ့တွင်လည်း) ရိုဇာဥပုသ် စောင့်ထိန်းပါလေ။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်) သည် မွတ်စ်လင်များထဲမှ ကျေးကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်‌စေ၊ ကလေးဖြစ်‌စေ၊ လူကြီးဖြစ်စေ အားလုံးအပေါ် စွန်ပလွံသီးတစ်စွာအ် သို့မဟုတ် မုယောစပါး တစ်စွာအ် ဖိသ်ရဟ်ပေးဆောင်ရန် ဖရဿ်ွအဖြစ်သတ်မှတ်တော်မူခဲ့သည်။ ထို့ပြင် လူတို့ အီးဒ်ဆွလားသ်ဝတ်ပြုရန် မထွက်ခင်အလျင် ၎င်း (ဖိသ်ရဟ်) အားပေးဆောင်ကြရန် အမိန့်ပေးတော်မူခဲ့သည်။
عربي الإنجليزية الأوردية
မည်သည့် မွတ်စ်လင်မ်အမျိုးသမီး တစ်ဦးအတွက်မဆို မိမိ၏ မဟ်ရမ် (သွေးသားတော်စပ်သူ ) အမျိုးသားတစ်ဦးဦးမပါဘဲ တစ်ညတာ ခရီးနှင်ခြင်းသည် မပြုပိုင်ပေ။
عربي الإنجليزية الأوردية
အကြင်မည်သူမဆို ရိုဇာဥပုသ်စောင့်ထိန်းနေစဉ်အတွင်း မေ့လျော့၍ စားမိခဲ့လျှင် သို့မဟုတ် သောက်မိခဲ့လျှင် ထိုသူသည် မိမိ၏ရိုဇာဥပုသ်ကို (မဖျက်ဘဲ) ဆက်လက်စောင့်ထိန်းရမည်။ စင်စစ် ၎င်းအား အလ္လာဟ်အရှင်မြတ်ကပင် ကျွေးမွေးတိုက်‌ကျွေးတော်မူခဲ့ခြင်း ဖြစ်သည်။
عربي الإنجليزية الأوردية
ကျွန်ုပ်သည် အုမရ် ဗင်န် ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟု) နှင့်အတူ အိဒ်ဆွလာသ်၌ ပါဝင်ခဲ့ရာ၊ ၎င်းက မိန့်ကြားခဲ့သည်မှာ - 'ဤ ရက်နှစ်ရက်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်‌တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ရိုဇာဥပုသ်စောင့်ထိန်းခြင်းမှ တားမြစ်တော်မူခဲ့သည့် ရက်နှစ်ရက် ဖြစ်သည်။ (တစ်ရက်မှာ) အသင်တို့ (ရမဿွာန်လ) ရိုဇာဥပုသ်စောင့်ထိန်းခြင်းမှ ဝါကျွတ်သည့်နေ့ (အီးဒ်နေ့) ဖြစ်ပြီး၊ ‌အခြားတစ်ရက်မှာ အသင်တို့ ကုရ်ဗာနီသားကောင်၏ အသားကို စားသုံးသောနေ့ အီဒုလ်အဿ်ွဟာနေ့ပင် ဖြစ်သည်။
عربي الإنجليزية الأوردية
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ သလ်ဗီယဟ်မှာ အောက်ပါအတိုင်းဖြစ်သည်- «لَبَّيْكَ اللهُمَّ، لَبَّيْكَ، لَبَّيْكَ لَا شَرِيكَ لَكَ لَبَّيْكَ، إِنَّ الْحَمْدَ وَالنِّعْمَةَ لَكَ وَالْمُلْكَ لَا شَرِيكَ لَكَ» (ကျွန်တော်မျိုး အသင့်ရောက်ရှိပါပြီ။ အို- အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး အသင့်ရောက်ရှိပါပြီ။ကျွန်တော်မျိုး အသင့်ရောက်ရှိပါပြီ။ အရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်ထိုက်သူဟူ၍ အလျှင်းမရှိပါ။ ကျွန်တော်မျိုး အသင့်ရောက်ရှိပါပြီ။ ဧကန်စင်စစ် ချီးမွမ်းခြင်းအ‌ပေါင်းနှင့် နိအ်မသ်ကျေးဇူးတော်အပေါင်းတို့သည် အရှင်မြတ်အတွက်သာ ဖြစ်ပါ၏။ စိုးပိုင်မှုဟူသရွေ့သည်လည်း အရှင်မြတ်အတွက်သာ ဖြစ်ပါ၏။ အရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်ထိုက်သူဟူ၍ အလျှင်းမရှိပါ။)
عربي الإنجليزية الأوردية
အသင်တို့ ကဒရ်ညမြတ်အား ရမဿွာန်လ၏ နောက်ဆုံးဆယ်ရက်ထဲမှ 'မ' ညများ၌ ရှာဖွေကြလော့။
عربي الإنجليزية الأوردية
- "အသင်တို့၏ အိပ်မက်များသည် နောက်ဆုံးခုနစ်ညတွင် တညီတညွတ်တည်း ဖြစ်နေသည်ကို ငါကိုယ်‌တော်တွေ့မြင်ရသည်။ ထို့ကြောင့် မည်သူမဆို ကဒရ်ညမြတ်ကို ရှာဖွေလိုပါက နောက်ဆုံးခုနစ်ညတွင် ရှာဖွေပါ။
عربي الإنجليزية الأوردية
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်‌တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် (ဒုက္ခနှင့် ကြုံတွေ့ရချိန်)အော်ဟစ်ငိုကြွေးသည့် အမျိုးသမီး၊ ဆံပင် ရိတ်ပစ်သည့် အမျိုးသမီး၊ အဝတ်ကို ဆုတ်ဖြဲပစ်သည့်အမျိုးသမီးတို့နှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း ထုတ်ဖော်တော်မူခဲ့သည်။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ရမဿွာန်လ၏ နောက်ဆုံးဆယ်ရက်ဝင်ရောက်လာသော် ညကိုနိုးနိုးကြားကြား‌ နေတော်မူပြီး၊ မိမိ၏အိမ်သူအိမ်သားများကိုလည်း (ဝတ်ပြုရန်) နှိုးတော်မူ၏။ (ဝတ်ပြုကိုးကွယ်မှုတွင်) ကြိုးစားအားထုတ်တော်မူ၏။ ထို့ပြင် ခါးဝတ်ပုဆိုးကိုလည်း မြဲမြံစွာချည်နှောင်တော်မူ၏။
عربي الإنجليزية الأوردية
နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် {إِذَا جَاءَ نَصْرُ اللَّهِ وَالفَتْحُ} [النصر: 1] {အလ္လာဟ်အရှင်မြတ်၏ကူညီမှုနှင့် အောင်နိုင်မှု ရောက်ရှိလာသောအခါ} [အလ်-နဆ်ရ်: ၁] အာယသ် ကျရောက်ပြီးနောက် မည်သည့်ဆွလာသ်ကိုမဆို ဝတ်ပြုတော်မူသည့်အခါတိုင်း ထိုဆွလာသ်အတွင်း၌ ဤဒုအာ «سُبْحَانَكَ رَبَّنَا وَبِحَمْدِكَ اللَّهُمَّ اغْفِرْ لِي» ကို ရွတ်ဖတ်တော်မူခဲ့သည်
عربي الإنجليزية الأوردية
“ယဟူဒီများနှင့် နတ်စ်ွရာနီများအပေါ် အလ္လာဟ်အရှင်မြတ်၏ လအ်နသ်ကျရောက်ပါစေ၊ ၎င်းတို့သည် မိမိတို့၏ နဗီတမန်တော်များ၏ ကဗရ်သင်္ချိုင်းများကို စဂျ်ဒဟ်ဦးချရာနေရာများ အဖြစ် ပြုလုပ်ခဲ့ကြသည်”
عربي الإنجليزية الأوردية
မည်သူမဆို မိမိ၏(မုသားလိမ်လည်)ကျိန်ဆိုမှုဖြင့် မွတ်စ်လင်မ်တစ်ဦး၏ အခွင့်အရေးကို ဖြတ်ယူသိမ်းပိုက်လျှင် အလ္လာဟ်အရှင်မြတ်သည် ဂျဟန္နမ်ငရဲမီးကို ထိုသူအတွက် ထိုက်တန်စေတော်မူပြီး၊ ၎င်းအပေါ်၌ ဂျန္နသ်သုခဘုံကို ဟရာမ်အဖြစ်သတ်မှတ်တော်မူမည်။ ထိုအခါ လူတစ်ဦးက ကိုယ်တော့်အား "အိုအလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အကယ်၍ ထိုအရာသည် မပြောပလောက်သောအရာဖြစ်လျှင်ပင်လော"ဟု လျှောက်ထားမေးမြန်းရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သွားတိုက်တံပြုလုပ်ရာတွင် အသုံးပြုသော ကိုင်းလေးတစ်ချောင်းမျှသာဖြစ်စေကာမူ ဤပြစ်ဒဏ်ပင် ဖြစ်သည်"ဟု မိန့်ကြားတော်မူခဲ့သည်။
عربي الإنجليزية الأوردية
- «أَذْهِبِ الْبَاسَ، رَبَّ النَّاسِ، وَاشْفِ أَنْتَ الشَّافِي، لَا شِفَاءَ إِلَّا شِفَاؤُكَ، شِفَاءً لَا يُغَادِرُ سَقَمًا». အို လူသားတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ဘေးဒုက္ခကို ဖယ်ရှားတော်မူပါ။ ပြင်းထန်တယ့် ဝေဒနာကို ကင်းဝေးစေတော်မူပါ။ ရောဂါကို သက်သာပျောက်ကင်းစေတော်မူပါ။ အရှင်မြတ်သာလျှင် သက်သာပျောက်ကင်းမှုကို ပေးနိုင်တော်မူသောအရှင် ဖြစ်တော်မူပါ၏။ အရှင်မြတ်ပေးသနားတော်မူသော ပျောက်ကင်းချမ်းသာမှုမှတစ်ပါး အခြားသော ပျောက်ကင်းချမ်းသာမှု မရှိပါ။ မည်သည့်ရောဂါဝေဒနာမျှ မကျန်ရစ်စေမည့် ပျောက်ကင်းချမ်းသာမှုကို ပေးသနားတော်မူပါ။
عربي الإنجليزية الأوردية
“အလ္လာဟ်အရှင်မြတ်၏ လမ်းတော်(ဂျိဟာဒ်ပြုခြင်း)၌ သင်သုံးစွဲခဲ့သော ဒီနာရ်(ရွှေဒင်္ဂါး)တစ်ပြား၊ ကျွန်တစ်ဦးကို လွတ်မြောက်ရန် သင်သုံးစွဲခဲ့သော ဒီနာရ်တစ်ပြား၊ ဆင်းရဲသားတစ်ဦးအား စွဒ်ကဟ်အလှူဒါနအဖြစ် သင်ပေးခဲ့သော ဒီနာရ်တစ်ပြားနှင့် သင့်မိသားစုအတွက် သင်သုံးစွဲခဲ့သော ဒီနာရ်တစ်ပြားတို့အနက် အကျိုးကုသိုလ်အကြီးမားဆုံးမှာ သင့်မိသားစုအတွက် သင်အသုံးပြုခဲ့သော ဒီနာရ်ပင်ဖြစ်သည်။”
عربي الإنجليزية الأوردية
တစ်နှစ်ပတ်လုံး ရိုဇာဥပုသ်စောင့်ထိန်းသူမှာ (စင်စစ်) ရိုဇာဥပုသ်မစောင့်ထိန်းခဲ့ခြင်းသာ ဖြစ်၏
عربي الإنجليزية الأوردية
။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ''သို့ဆိုလျှင် ငါကိုယ်တော်အား သက်သေအဖြစ်မထားလေနှင့်။ အဘယ်ကြောင့်ဆိုသော် ငါကိုယ်တော်သည် မတရားမှုအပေါ် သက်သေခံခြင်းမပြုပေ။
عربي الإنجليزية الأوردية
အကြင်သူသည် ကွယ်လွန်သေဆုံးချိန် မဆိုက်ရောက်သေးသော လူနာတစ်ဦးကို ကြည့်ရှု့အားပေးရန် သွားရောက်ပြီး ၎င်း၏အနီးတွင် အောက်ပါဒုအာ - (أَسْأَلُ اللَّهَ الْعَظِيمَ رَبَّ الْعَرْشِ الْعَظِيمِ أَنْ يَشْفِيَكَ) (အလွန်ကြီးမားတော်မူသော အရ်ရှ်ပလ္လင်တော်၏ အရှင်ဖြစ်တော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်၌ အသင့်အား သက်သာပျောက်ကင်းမှု ပေးသနားတော်မူပါရန် ကျွန်ုပ် ဆုတောင်းပတ္တနာပြုပါ၏) ကို ခုနစ်ကြိမ် ရွတ်ဖတ်ပါက အလ္လာဟ်အရှင်မြတ်သည် ၎င်း(လူနာ)အား ထိုရောဂါမှ ကင်းဝေးစေကာ ကျန်းမာခြင်းကို ပေးသနားတော်မူမည်ဖြစ်သည်။
عربي الإنجليزية الأوردية
တမန်တော်မြတ်( ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အမျိုးသမီးနှင့်တူအောင်ဝတ်ဆင်သောအမျိုးသားနှင့် အမျိုးသားနှင့်တူအောင် ဝတ်ဆင်သောအမျိုးသမီးအား အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှကင်းဝေးပါစေဟု လအ်နသ်ပို့ခဲ့သည်။
عربي الإنجليزية الأوردية
မည်သူမဆို ကုရ်ဗာနီအတွက်ဇဗဟ်ပြုလုပ်ရန် ရည်ရွယ်ထားသော သားကောင်ရှိခဲ့လျှင် ဇိလ်ဟိဂျ်လ ဆန်းသည်နှင့်တစ်ပြိုင်နက် မိမိ၏ ဆံပင်မှလည်းကောင်း၊ မိမိ၏ လက်သည်း ခြေသည်းမှလည်း ကောင်း မည်သည့်အရာကိုမျှ ကုရ်ဗာနီ မပြုလုပ်မီအထိ မဖြတ်တောက်ရ။
عربي الإنجليزية الأوردية
“လမြတ်ရမဿွာန် ရောက်ရှိလာသောအခါ ဂျန္နသ်သုခဘုံ၏ တံခါးများမှာ ဖွင့်ပေးခြင်းခံရပြီး၊ ဂျဟန္နမ်ငရဲ၏ တံခါးများမှာမူ ပိတ်ခြင်းခံရ၏။ ထို့ပြင် ရှိုင်သွာန်မိစ္ဆာများမှာ ချုပ်နှောင်ခြင်းခံရလေသည်။”
عربي الإنجليزية الأوردية
အကယ်၍ လူတို့သည် အဇာန်ပေးခြင်းနှင့် ပထမဆုံးစွတ်ဖ်တန်း၌ ရရှိသော အကျိုးကျေးဇူးများကို သိရှိမည်ဆိုလျှင်၊ ထို့နောက် ထိုအကျိုးကျေးဇူးများရရှိရန် မဲနှိုက်ဆုံးဖြတ်ခြင်းမှအပ အခြားနည်းလမ်း မတွေ့ရှိကြရင်၊ မဲနှိုက်၍ဆုံးဖြတ်ကြပေမည်
عربي الإنجليزية الإندونيسية
‘သတိပြုကြ၊ အရက်ကို ဟရာမ်တားမြစ်လိုက်ပြီ’ ဖြစ်ကြောင်း ကြွေးကြော်ရန် အမိန့်ပေးတော်မူလေသည်
عربي الإنجليزية الإندونيسية
“မည်သူမဆို တောင်ပေါ်မှ ခုန်ချ၍ မိမိကိုယ်ကို သတ်သေခဲ့လျှင် ထိုသူသည် ဂျဟန္နမ်ငရဲ၌လည်း ခုန်ချနေရလျက် အမြဲထာဝရနေထိုင်ရမည် ဖြစ်သည်
عربي الإنجليزية الإندونيسية
“ခုနစ်ဦးသောသူတို့အား အရှင်မြတ်၏ အရိပ်ကလွဲလို့ အခြားအရိပ်မရှိသောနေ့တွင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏အရိပ်တော်အောက်၌ ခိုလှုံခွင့်ပေးတော်မူမည်
عربي الإنجليزية الإندونيسية
သင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် မိမိရဲ့ညီနောင်ကို လက်နက်ဖြင့် ချိန်ရွယ်ခြင်းမပြုရ။ အဘယ်ကြောင့်ဆိုသော် ရှိုင်သွာန်သည် သူ၏လက်ထဲက လက်နက်ကို လွတ်ထွက်စေနိုင်သည်ဆိုသည်ကို သူမသိသောကြောင့် ဖြစ်သည်။ ထိုသို့အားဖြင့် သူသည် ဂျဟန္နမ်ငရဲမီး၏ တွင်းတစ်တွင်းသို့ ကျရောက်သွားလိမ့်မည်။
عربي الإنجليزية الإندونيسية
အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အကြင်သူသည် မုအ်မင်န် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အကြင်သူသည် မုအ်မင်န် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အကြင်သူသည် မုအ်မင်န် မဟုတ်ပေ။ (ထိုအခါ) လျှောက်ထားမေးမြန်းခြင်းခံရသည်မှာ- အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ မည်သူပါနည်း။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်။ "အကြင်သူ၏ ဒုက္ခပေးမှုကြောင့် ၎င်း၏ အိမ်နီးချင်းမှာ အေးချမ်းစွာမနေရသူ ဖြစ်သည်။
عربي الإنجليزية الإندونيسية
“ဆွလာသ်ဝတ်ပြုမှုကို အမြဲထိန်းသိမ်းကြပါ။ အသင်တို့၏ လက်ယာလက်များက ပိုင်ဆိုင်သော ကျွန်၊ ကျွန်မများနှင့် ပတ်သက်၍လည်း (တာဝန်ကျေပွန်ကြပါ)”
عربي الإنجليزية الإندونيسية
“ရွှေကို ရွှေဖြင့်လည်းကောင်း၊ ငွေကို ငွေဖြင့်လည်းကောင်း၊ ဂျုံကို ဂျုံဖြင့်လည်းကောင်း၊ မုယောစပါးကို မုယောစပါးဖြင့်လည်းကောင်း၊ စွန်ပလွံသီးကို စွန်ပလွံသီးဖြင့်လည်းကောင်း၊ ဆားကို ဆားဖြင့်လည်းကောင်း (လဲလှယ်ရာတွင်) အတိုင်းအတာ သို့မဟုတ် အလေးချိန် ချင်းတူညီရမည်။ ပြီးလျှင် လက်ငင်းလဲလှယ်ရမည်။ အကယ်၍ ဤအရာများသည် အမျိုးအစား ကွဲပြားပါက ချက်ချင်းလက်ငင်းလဲဖြစ်ပါလျှင် သင်တို့အလိုရှိသလို ရောင်းချကြလော့။”
عربي الإنجليزية الإندونيسية
ပုဆိုး(ဘောင်းဘီ)ဖြင့် ခြေမျက်စိအောက် ဖုံးနေသော အစိတ်အပိုင်းသည် ဂျဟန္နမ် ငရဲမီးသို့ကျရောက်မည်ဖြစ်သည်။
عربي الإنجليزية الإندونيسية