عن أنس بن مالك رضي الله عنه عن النبي صلى الله عليه وسلم قال:
«مَنْ نَسِيَ صَلَاةً فَلْيُصَلِّ إِذَا ذَكَرَهَا، لَا كَفَّارَةَ لَهَا إِلَّا ذَلِكَ: {وَأَقِمِ الصَّلاةَ لِذِكْرِي} [طه: 14]».

[صحيح] - [متفق عليه] - [صحيح البخاري: 597]
المزيــد ...

အနတ်စ် ဗင်န် မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အကြင်သူသည် ဆွလာသ်ဆောက်တည်ရန် မေ့လျော့သွားပါက ၎င်းအားသတိရသည့်အခါ ပြန်လည်ဆောက်တည်လိုက်ပါ။ ထိုသို့ဆောက်တည်ခြင်းမှလွဲ၍ အပြစ်ကိုချေဖျက်ပေးမည့် အခြားအရာဟူ၍မရှိပေ။ (ထို့ပြင် အသင်သည် ငါအရှင်မြတ်အား သတိရခြင်းငှာ ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ပါလေ။) ကုရ်အာန် (၂၀:၁၄)

[صحيح] - [متفق عليه] - [صحيح البخاري - 597]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ အကြင်သူသည် မည်သည့်ဖရ်ဿ်ွဆွလာသ်ကိုမဆို ဝတ်ပြုရန် မေ့လျော့သွားပြီး အချိန်ကုန်သွားပါက ထိုသူသည် သတိရလျှင်ရခြင်း ထိုဆွလာသ်အား ကဿွာ‌ ဆောက်တည်လိုက်ရမည်။ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မွတ်စ်လင်မ်တစ်ဦးအဖို့ သတိရသည့်အခါ ဆွလာသ်ကိုဝတ်ပြုလိုက်ခြင်းမှလွဲ၍ ဆွလာသ်အား စွန့်လွှတ်ခဲ့သည့်အကုသိုလ်ကို ပယ်ဖျက်ပေးမည့်အရာ၊ ဖုံးကွယ်ပေးမည့်အရာဟူ၍ မရှိပါ။ ကုရ်အာန်ကျမ်းမြတ်၌ အလ္လာဟ်အရှင်မြတ်မိန့်တော်မူထားသည်မှာ - (ထို့ပြင် အသင်သည် ငါအရှင်မြတ်အား သတိရခြင်းငှာ ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ပါလေ။) ကုရ်အာန် (၂၀:၁၄) ဆိုလိုသည်မှာ ဝတ်ပြုရန်မေ့သွားသော ဆွလာသ်ကို အသင်သတိရသည့်အခါ ဝတ်ပြုပါလေ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဆွလာသ်၏အရေးကြီးပုံ ရှင်းပြထားပြီး ဆွလာသ်ကို သူ့အချိန်နှင့်သူ ဝတ်ပြုရာတွင်လည်းကောင်း၊ ကဿွာဖြည့်စွက်ရာတွင်လည်းကောင်း မပေါ့ဆရန် ဖော်ပြထားသည်။
  2. တရားတော်က ခွင့်ပြုထားသည့် အကြောင်းပြချက်မရှိဘဲ တမင်သိလျက်နှင့် ဆွလာသ်အား အချိန်ကျော်လွန်သည်အထိ နောက်ဆိုင်းထားခွင့်မရှိပါ။
  3. ဆွလာသ်ဆောက်တည်ရန် မေ့လျော့သွားသူသည် သတိရသည့်အခါ၊ အိပ်ပျော်သွားသူသည် နိုးလာသည့်အခါ ဆွလာသ်အား ကဿွာဖြည့်ရန် တာဝန်ရှိသည်။
  4. ဆွလာသ်ဝတ်ပြုရန် တားမြစ်ထားသည့်အချိန်တွင်ဖြစ်စေ ဆွလာသ်အား ချက်ချင်း ကဿွာဖြည့်ရန် တာဝန်ရှိသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: الإنجليزية الأوردية الإسبانية ထပ်၍ (60)
ထပ်၍