عن عَائِشَةَ رضيَ الله عنها قالت: إِنِّي سمعْتُ رسولَ الله صلى الله عليه وسلم يقول:
«لَا صَلَاةَ بِحَضْرَةِ الطَّعَامِ، وَلَا هُوَ يُدَافِعُهُ الْأَخْبَثَانِ».

[صحيح] - [رواه مسلم] - [صحيح مسلم: 560]
المزيــد ...

အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်မသည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။
အစားအသောက် အသင့်ရောက်ရှိနေသောအခါ ဆွလာသ်မဆောက်တည်ရ၊ ကျင်ကြီး၊ ကျင်ငယ်ကို ချုပ်တည်း၍ ဆွလာသ်မဆောက်တည်ရ။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 560]

ရှင်းလင်းချက်

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အစားအသောက်များ အသင့်ရောက်ရှိနေပြီး ဆွလာသ်ဝတ်ပြု‌သူ၏ စိတ်သည် ထိုအစားအသောက်အပေါ် အာရုံရောက်နေသည့် အခြေအနေမျိုးတွင် ဆွလာသ်ဆောက်တည်ခြင်းကို တားမြစ်တော်မူသည်။
ထို့အတူ ဆီးနှင့်ဝမ်းကိုချုပ်တည်း၍ ဆွလာသ်ဝတ်ပြုခြင်းကိုလည်း တားမြစ်တော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော ထိုသို့ချုပ်တည်းနေခြင်းကြောင့် အာရုံပျံ့လွင့်မှုဖြစ်စေသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဆွလာသ်ဝတ်ပြုသူသည် ဆွလာသ်မတိုင်မီ မိမိဆွလာသ်အား အနှောက်အယှက်ဖြစ်စေမည့် အရာအားလုံးကို ကင်းဝေးအောင်ပြုထားသင့်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (59)