+ -

عَنْ أَبِي هُرَيْرَةَ رضي الله عنه عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«أَمَا يَخْشَى أَحَدُكُمْ - أَوْ: لاَ يَخْشَى أَحَدُكُمْ - إِذَا رَفَعَ رَأْسَهُ قَبْلَ الإِمَامِ، أَنْ يَجْعَلَ اللَّهُ رَأْسَهُ رَأْسَ حِمَارٍ، أَوْ يَجْعَلَ اللَّهُ صُورَتَهُ صُورَةَ حِمَارٍ».

[صحيح] - [متفق عليه] - [صحيح البخاري: 691]
المزيــد ...

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အိမာမ်‌ရှေ့ဆောင်ထက်အလျင် မိမိ၏ဦးခေါင်းကို ပြန်ကြွသူသည် အလ္လာဟ်အရှင်မြတ်က ထိုသူ၏ဦးခေါင်းကို မြည်း၏ဦးခေါင်းကဲ့သို့ သို့မဟုတ် သူ၏ရုပ်ဆင်းသဏ္ဌာန်ကို မြည်း၏ရုပ်ဆင်းသဏ္ဌာန်ကဲ့သို့ ပြုလုပ်လိုက်မည်ကို မကြောက်ရွံ့‌လေသလော။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 691]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ အိမာမ်ရှေ့ဆောင်ထက်အလျင် မိမိဦးခေါင်းကို ပြန်ကြွလိုက်သူအား အလ္လာဟ်အရှင်မြတ်က သူ၏ဦးခေါင်းကို မြည်း၏ဦးခေါင်းကဲ့သို့ သို့မဟုတ် သူ၏ရုပ်ဆင်းသဏ္ဌာန်ကို မြည်း၏ရုပ်ဆင်းသဏ္ဌာန်ကဲ့သို့ ပြုလုပ်လိုက်မည်ဟူသည့် ပြင်းထန်သည့် သတိပေးခြိမ်းခြောက်မှုအား ရှင်းပြတော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အိမာမ်ရှေ့ဆောင်နှင့်အတူ ဝတ်ပြုသည့် မုက်သဒီအတွက် အခြေအ‌နေလေးမျိုးရှိသည်။ ၎င်းတို့အနက်သုံးမျိုးကို တားမြစ်ထားသည်။ ၎င်းတို့မှာ (၁) အီမာမ်ထက် အလျင်ပြုလုပ်ခြင်း၊ (၂) အိမာမ်နှင့် အတူတကွပြုလုပ်ခြင်း၊(၃) အီမာမ်ထက် နောက်ကျ၍ ပြုလုပ်ခြင်းတို့ဖြစ်သည်။ မုက်သဒီအတွက် သတ်မှတ်ထား ပြဌာန်းချက်မှာ အိမာမ်၏နောက်မှ လိုက်ပါဆောင်ရွက်ခြင်းဖြစ်သည်။
  2. ဆွလာသ်တွင် မုက်သဒီအတွက် အိမာမ်ရှေ့ဆောင်၏ နောက်လိုက်ခြင်းမှာ ဝါဂျိဗ်တာဝန်ဖြစ်သည်။
  3. အိမာမ်ရှေ့ဆောင်ထက်အလျင် မိမိ၏ဦးခေါင်းကို ပြန်ကြွလိုက်သူ၏ ရုပ်ဆင်းသဏ္ဌာန်ကို မြည်း၏ ရုပ်ဆင်းသဏ္ဌာန်အဖြစ်သို့ ပြောင်းလဲပစ်ရန် လာရှိသည့် ခြိမ်းခြောက်မှုသည် ဖြစ်နိုင်သည်။ ဤသည် ပုံသဏ္ဌာန်ပြောင်းသွားခြင်းဖြစ်သည်။
ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি অরমো কন্নড় الولوف আজারী الأوكرانية الجورجية المقدونية
ဘာသာပြန်များကို ကြည့်ရှုရန်