1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ဟဒီးဆ် အိမာမ် ရှေ့ဆောင်သည် (ဆွလာသ်၏) အခြေအနေတစ်ခု၌ ရှိနေစဥ် သင်တို့အနက် တစ်ဦးတစ်ယောက်သည် ဆွလာသ်ဆောက်တည်ရန် ရောက်ရှိလာပါက ထိုသူသည် အိမာမ်ပြုလုပ်သည့်အတိုင်းသာ ပြုလုပ်ရမည်။

عن علي بن أبي طالب، ومعاذ بن جبل رضي الله عنهما مرفوعًا: «إذا أتى أحدُكم الصلاةَ والإمامُ على حال، فلْيصنعْ كما يصنع الإمامُ».

အလီဗင်န် အဗူသွာလိဗ်နှင့် မုအာဇ်ဗင်န် ဂျဗလ်(ရဿွိယလ္လာဟုအန်ဟုမာ)တို့က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အိမာမ် ရှေ့ဆောင်သည် (ဆွလာသ်၏) အခြေအနေတစ်ခု၌ ရှိနေစဥ် သင်တို့အနက် တစ်ဦးတစ်ယောက်သည် ဆွလာသ်ဆောက်တည်ရန် ရောက်ရှိလာပါက ထိုသူသည် အိမာမ်ပြုလုပ်သည့်အတိုင်းသာ ပြုလုပ်ရမည်။

ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ သိရ်မိဇီကျမ်း။

ရှင်းလင်းချက်

သင်တို့အနက် တစ်ဦးတစ်ယောက်သည် ဆွလာသ်ဆောက်တည်ရန် ရောက်ရှိလာသည့်အခါ အိမာမ်ရှေ့ဆောင်သည် ရပ်လျက် သို့မဟုတ် ဦးညွှတ်လျက် သို့မဟုတ် ဦးချလျက် သို့မဟုတ် ထိုင်လျက် ရှိနေပါက ၎င်းသူသည် အိမာမ်ရှိနေသည့် ကိယာမ် သို့မဟုတ် ရကူအ် သို့မဟုတ် အခြားမည်သည့်အခြေအနေတွင်မဆို အတူပါဝင်လိုက်ရမည်။ အချို့သာမန်လူများ ပြုသကဲ့သို့ အိမာမ် မတ်တပ်ရပ်လာသည်အထိ စောင့်ဆိုင်းနေခြင်းမပြုရပေ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. နောက်ကျ၍ ဆွလာသ်ထဲ ပါဝင်လာသူသည် ဦးညွှတ်ခြင်း၊ ဦးချခြင်း၊ ထိုင်ခြင်းစသည်ဖြင့် ခွဲခြားခြင်းမပြုဘဲ ၎င်းမီလိုက်သည့် ဆွလာသ်၏ မည်သည့် အစိတ်အပိုင်းတွင်မဆို အိမာမ်ရှေ့ဆောင်နှင့်အတူ ပါဝင်ခွင့်ရှိသည်။
  2. အခြားဟဒီးဆ် ဩဝါဒတော်များတွင် လာရှိသည့်အတိုင်း နောက်ကျ၍ ဂျမာအသ်ထဲပါဝင်လာသူသည် အိမာမ်ရှေ့ဆောင်နှင့်အတူ ရုကူအ် ဦးညွှတ်ခြင်း မီလိုက်မှသာ ထိုရကအသ်ကို ရရှိမည်ဖြစ်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

27 ဘာသာစကား
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
UG ئۇيغۇرچە الأيغورية
BN বাংলা البنغالية
FR Français الفرنسية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
TA தமிழ் التاميلية
TH ไทย التايلندية
JA 日本語 اليابانية
PS پښتو بشتو
AS অসমীয়া الأسامية
SQ Shqip الألبانية