+ -

عن عبد الله بن مسعود رضي الله عنه قال:
عَلَّمَنَا رَسُوْلُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ خُطْبَةَ الحَاجَةِ: إِنَّ الحَمْدَ للهِ، نَسْتَعِيْنُهُ وَنَسْتَغْفِرُهُ، وَنَعُوْذُ بِهِ مِنْ شُرُوْرِ أَنْفُسِنَا، مَنْ يَهْدِ اللهُ فَلَا مُضِلَّ لَهُ، وَمَنْ يُضْلِلْ فَلَا هَادِيَ لَهُ، وَأَشْهَدُ أَنْ لَا إِلَهَ إِلَّا الله، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُوْلُهُ، {يَا أَيُّهَا النَّاسُ اتَّقُوا رَبَّكُمُ الَّذِي خَلَقَكُمْ مِنْ نَفْسٍ وَاحِدَةٍ وَخَلَقَ مِنْهَا زَوْجَهَا وَبَثَّ مِنْهُمَا رِجَالًا كَثِيرًا وَنِسَاءً وَاتَّقُوا اللَّهَ الَّذِي تَسَاءَلُونَ بِهِ والأرحام إن الله كان عليكم رقيبا} [النساء: 1]، {يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ حَقَّ تُقَاتِهِ وَلَا تَمُوتُنَّ إِلَّا وَأَنْتُمْ مُسْلِمُونَ} [آل عمران: 102]، {يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَقُولُوا قَوْلًا سَدِيدًا (70) يُصْلِحْ لَكُمْ أَعْمَالَكُمْ وَيَغْفِرْ لَكُمْ ذُنُوبَكُمْ وَمَنْ يُطِعِ اللَّهَ وَرَسُولَهُ فَقَدْ فَازَ فَوْزًا عَظِيمًا} [الأحزاب:70 - 71].

[صحيح] - [رواه أبو داود والترمذي والنسائي وابن ماجه وأحمد] - [سنن أبي داود: 2118]
المزيــد ...

အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟု အလိုင်းဟိဝစလ္လမ်)သည် ကျွန်တော်တို့အား ခွသ်ဗသွလ်ဟာဂျဟ် (တစ်စုံတစ်ရာ ပြောကြားရန် လိုအပ်သည့်အခါ ဟောကြားရသည့် ခွသ်ဗဟ်)ကို သင်ကြားပေးခဲ့သည်။ ၎င်းမှာ - ဧကန်အမှန်ချီးမွမ်းထောမနာပြုခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ် အဖို့သာဖြစ်သည်။ ကျွန်တော်မျိုးတို့သည် အရှင်မြတ်ထံတော်မှ အကူအညီတောင်းခံပါသည်။ အရှင်မြတ်ထံတော်တွင် ခွင့်လွှတ်ချမ်းသာခွင့် တောင်းခံပါသည်။ ကျွန်တော်မျိုးတို့သည် မိမိတို့၏ မကောင်းမှုများမှ အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းခံပါသည်။ အလ္လာဟ်အရှင်မြတ်က လမ်းမှန်တရားချီးမြှင့်လိုက်သူအား လမ်းမှားအောင် လုပ်နိုင်မည့်သူဟူ၍ မရှိပါ။ အရှင်မြတ်က လမ်းမှားစေသူကိုလည်း လမ်းမှန်တရား ချီးမြှင့်ပေးနိုင်သူဟူ၍လည်း မရှိပါ။ အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိကြောင်းကို ကျွန်တော်မျိုးသက်သေခံအပ်ပါသည်။ထို့ပြင် မုဟမ္မဒ်သည် ထိုအရှင်မြတ်၏ အစေတော်နှင့် ရစူလ်စေတမန်တော် ဖြစ်တော်မူကြောင်းကိုလည်း ကျွန်တော်မျိုး သက်သေခံအပ်ပါသည်။ (အို- မနုဿလူသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို ကြောက်ရွံ့ (ရိုသေ) ကြကုန်လော့။ ထိုအရှင်မြတ်သည် အသင်တို့အား အသက်တစ်ချောင်းတည်းမှ ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် ထိုအသက်တစ်ချောင်းတည်းမှပင် ၎င်း၏ကြင်ရာကြင်ဖက်ကိုလည်း ဖန်ဆင်းတော်မူခဲ့လေ၏။ ၎င်းနောက် ထို(လူသား) နှစ်ဦးတို့မှ များပြားလှစွာသော ယောက်ျား၊ မိန်းမတို့ကို ပြန့်ပွားစေတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် အကြင်အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြကုန်လော့။ အသင်တို့သည် ထိုအရှင်မြတ်အားအကြောင်းပြု၍ မိမိတို့အချင်းချင်း (မိမိတို့၏အခွင့်အရေးများကို) တောင်းဆိုကြကုန်၏။ ၎င်းပြင် အသင်တို့သည် ဆွေမျိုးညာတကာ (တို့၏ အခွင့်အရေးများကို ဆုံးရှုံးနစ်နာစေခြင်း) မှလည်း ကြဉ်ရှောင်ကြကုန်လော့။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ်ဝယ် ဧကန်စင်စစ် ကြီးကြပ်၊ ထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။) ကုရ်အာန် (၄:၁) (အို-(မုအ်မင်န်) ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ ရိုသေအပ်သည့်အတိုင်း ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် မွတ်စ်လင်မ်များအဖြစ်မှတပါး အခြားအဖြစ်နှင့် မသေဆုံးကြကုန်လင့်။) ကုရ်အာန် (၃:၁၀၂) (အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် တည်ကြည် ဖြောင့်မတ်သောစကားကို ပြောဆိုကြလေကုန်။ ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ပြုမူကျင့်ဆောင်ချက်များကို ပြုပြင်၍ ပေးသနားတော်မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ပြစ်မှုဒုစရိုက်များကို ခွင့်လွှတ်တော်မူပေမည်။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင် မြတ်၏အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏အမိန့်တော်ကိုလည်းကောင်း၊ လိုက်နာပါမူ မလွဲဧကန် ထိုသူသည် ကြီးကျယ်စွာအောင်မြင်ပြီး ဖြစ်မည်တကား။) ကုရ်အာန် (၃၃:၇၀၊၇၁)

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [رواه أبو داود والترمذي والنسائي وابن ماجه وأحمد] - [سنن أبي داود - 2118]

ရှင်းလင်းချက်

အစ်ဗ်နုမတ်စ်အူးဒ်(ရဿွိယလ္လာဟုအန်ဟု)က ပြောပြခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ၎င်းတို့အား ခွသ်ဗဟ် တရားဟောကြားမှု စတင်ရာတွင်လည်းကောင်း၊ နိကာဟ် ခွသ်ဗဟ်၊ ဂျုမုအဟ် ခွသ်ဗဟ်နှင့် အခြားခွသ်ဗဟ်များကဲ့သို့ တစ်စုံတစ်ရာပြောကြားရန် လိုအပ်သည့်အခါတွင် စတင်ပြောကြားရသော ‘ခွသ်ဗသွလ်ဟာဂျဟ်’ ကို သင်ကြားပေးတော်မူသည်။ ထိုခွသ်ဗဟ်တွင် အလ္လာဟ်အရှင်မြတ်သည် အလုံးစုံသော ချီးမွမ်းထောမနာပြုခြင်းအပေါင်းကို ခံထိုက်တော်မူသော အရှင်ဖြစ်ကြောင်းရှင်းပြခြင်း၊ တုဖက်နှိုင်းယှဉ်ခြင်း ကင်းတော်မူသော တစ်ပါးတည်း‌ ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ အကူအညီတောင်းခံခြင်း၊ အပြစ်အကုသိုလ်များကို ဖုံးကွယ်ပေးကာ ခွင့်လွှတ်ချမ်းသာမှု‌ပေးရန် တောင်းခံခြင်း၊ မကောင်းမှုတိုင်းမှလည်းကောင်း၊ မိမိတို့ကိုယ်တိုင်နှင့် အခြားသူများ၏ မကောင်းမှုများမှ လည်းကောင်း ကင်းဝေးရန် အရှင်မြတ်ထံတော်တွင် ခိုလှုံမှုရယူခြင်း စသည်ဖြင့် ကြီးကျယ်လှသောအဓိပ္ပာယ်များ ပါဝင်ပေသည်။
ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဧကန်မုချ ဟိဒါယသ် လမ်းမှန်တရားသည် အလ္လာဟ်အရှင်မြတ်၏ လက်ဝယ်၌သာရှိသည့်အတွက် အလ္လာဟ်အရှင်မြတ်က လမ်းမှန်တရားချီးမြှင့်လိုက်သူအား လမ်းမှားအောင် လုပ်နိုင်မည့်သူ ဟူ၍မရှိကြောင်းနှင့် အရှင်မြတ်က လမ်းမှားစေသူကိုလည်း လမ်းမှန်တရား ချီးမြှင့်ပေးနိုင်သူမရှိကြောင်း မိန့်ကြားသည်။
‌၎င်းနောက် ဆက်လက်၍ သောင်ဟီးဒ်တရားတော်အား သက်သေခံခြင်းဖြစ်သည့် အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိကြောင်းနှင့် ရိစာလသ်ကို သက်သေခံခြင်းဖြစ်သည့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် ရစူလ်စေတမန်တော်ဖြစ်ကြောင်းကို တင်ပြခဲ့သည်။
ထို့နောက် ဤခွသ်ဗဟ်ကို အာယသ်တော်သုံးပါးနှင့် အဆုံးသတ်ထားသည်။ ယင်းအာယသ်တော်များတွင် ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်‌ ကျေနပ်နှစ်သက်ရန်အတွက် အရှင်မြတ်၏အမိန့်‌တော်များကိုနာခံပြီး တားမြစ်ချက်များကို ရှောင်ကြဥ်ကာ သက္ကဝါတရား ထားရှိရန်ပါရှိသည်။ ဤအမိန့်အတိုင်း လိုက်နာဆောင်ရွက်သူသည် ပြောဆိုမှု၊ လုပ်ဆောင်မှုများတွင် မှန်ကန်ကောင်းမွန်လာခြင်း၊ မကောင်းမှုများ ပလပ်ခံရခြင်း၊ အပြစ်အကုသိုလ်များ ခွင့်လွှတ်ခံရခြင်း၊ လောကတွင် ကောင်းမွန်သော သက်တမ်းမျိုးကိုရရှိပြီး ကိယာမဟ်နေ့၌ ဂျန္နသ် သုခဘုံရရှိကာ အောင်မြင်မှုဆွတ်ခူးနိုင်းခြင်း စသည့် အကျိုးများကို ရရှိမည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. နိကာဟ်ခွသ်ဗဟ်၊ ဂျုမုအဟ်ခွသ်ဗဟ်နှင့် အခြားခွသ်ဗဟ်များကို ဤခွသ်ဗဟ်ဖြင့် အစပြုခြင်း မွတ်စ်သဟဗ် ဖြစ်သည်။
  2. ခွသ်ဗဟ်တွင် အရှင်မြတ်အား ချီးမွမ်းထောမနာပြုခြင်း၊ ရှဟာဒသ် သက်သေခံခြင်းနှစ်ခုနှင့် ကုရ်အာန်ကျမ်းမြတ်၏ အာယာသ်တော်အချို့ ပါဝင်ရမည်။
  3. တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ အဆွ်ဟာဗ်တော်များအား ၎င်းတို့၏ သာသနာရေးလိုအပ်ချက်များကို သင်ကြားပေးတော်မူသည်။
ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية الطاجيكية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি အီတလီ অরমো কন্নড় الولوف البلغارية আজারী الأوزبكية الأوكرانية الجورجية المقدونية الخميرية الماراثية
ဘာသာပြန်များကို ကြည့်ရှုရန်