عن أبي موسى الأشعري رضي الله عنه عن النبي صلى الله عليه وسلم قال: «لا نِكاح إلا بِوَلِيّ».
[صحيح] - [رواه أبو داود والترمذي وابن ماجه والدارمي وأحمد]
المزيــد ...

အဗူမူဆာ အလ်အရှ်အရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အုပ်ထိန်းသူမပါဘဲ နိကာဟ်ထိမ်းမြားမှု အထမြောက်မည်မဟုတ်ပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - အိဗ်နုမာဂျဟ်ကျမ်း။

ရှင်းလင်းချက်

ဤဟဒီးဆ်တော်သည် နိကာဟ်ထိမ်းမြားမှုတွင် ‘ဝလီ’ အုပ်ထိန်းသူ၏ အရေးပါမှုနှင့် ၎င်းသည် နိကာဟ်အထမြောက်ရန်အတွက် စည်းကမ်းချက် တစ်ချက်ဖြစ်ကြောင်း ညွှန်ပြနေသည်။ ထို့ကြောင့် နိကာဟ်ထိမ်းမြားမှုကို တာဝန်ယူ ဆောင်ရွက်မည့် ‘ဝလီ’အုပ်ထိန်းသူမပါဘဲ နိကာဟ်ထိမ်းမြားမှု အထမြောက်မည်မဟုတ်ပေ။ ‘ဝလီ’အုပ်ထိန်းသူတွင် ရှိရမည့် စည်းကမ်းချက်များမှာ- တရားဝင် တာဝန်ရှိသူဖြစ်ခြင်း၊ အမျိုးသားဖြစ်ခြင်း၊ နိကာဟ်ထိမ်းမြားမှု၏ ကောင်းကျိုးများကို သိနားလည်သူဖြစ်ခြင်း၊ ‘ဝလီ’အုပ်ထိန်းသူနှင့် သူ၏အုပ်ထိန်းမှုအောက်တွင်ရှိသော အမျိုးသမီးသည် ဘာသာတူခြင်း စသည်တို့ဖြစ်သည်။ ဤအရည်အချင်းများနှင့် မကိုက်ညီသူသည် နိကာဟ်ထိမ်းမြားရာတွင် ‘ဝလီ’အုပ်ထိန်းသူဖြစ်ရန် အရည်အချင်း ပြည့်မီသူမဟုတ်ပေ။ အကယ်၍ (အုပ်ထိန်းသူမရှိ၍) အခက်အခဲရှိပါက မွတ်စ်လင်မ်အစိုးရက အမျိုးသမီး၏ ‘ဝလီ’အုပ်ထိန်းသူအဖြစ် ဆောင်ရွက်ရမည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ကာ့ဒ် ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန်
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ‘ဝလီ’အုပ်ထိန်းသူရှိနေခြင်းသည် နိကာဟ်ထိမ်းမြားမှုတရားဝင်ရန်တွက် စည်းကမ်းချက် တစ်ရပ်ဖြစ်သည်။
  2. ‘ဝလီ’အုပ်ထိန်းသူသည် အမျိုးသမီးနှင့် ဆွေမျိုးအနီးစပ်ဆုံးတော်စပ်သည့် အမျိုးသားဖြစ်ရမည်။ ဆွေမျိုးအနီးစပ်ဆုံး အုပ်ထိန်းသူရှိပါလျှက် ဆွေမျိုးတော်စပ်မှု ဝေးသည့် ‘ဝလီ’အုပ်ထိန်းသူက အမျိုးသမီးတစ်ဦးကို ထိမ်းမြားပေးခြင်း မပြုရပေ။
  3. ‘ဝလီ’အုပ်ထိန်းသူ မပါသော နိကာဟ်ထိမ်းမြားခြင်းသည် မှန်ကန်မှုမရှိပါ။ ၎င်းကိုတရားမဝင် နိကာဟ်ထိမ်းမြားမှုဟုသာ သတ်မှတ်ပြီး အုပ်ချုပ်သူထံ၌လည်းကောင်း သို့မဟုတ် တရားတော်အရ ကွာရှင်းခြင်းမျိုးဖြင့်လည်းကောင်း နိကာဟ်အား ဖျက်သိမ်းပစ်ရန်တာဝန်ရှိသည်။
  4. အမျိုးသမီးတစ်ဦးအတွက် သူမ၏ ဆွေမျိုးများအနက်မှ သို့မဟုတ် အုပ်ထိန်းသူများအနက်မှ ‘ဝလီ’မရှိလျှင် သူမ၏‘ဝလီ’အုပ်ထိန်းသူသည် အုပ်ချုပ်သူအစိုးရ သို့မဟုတ် သူ၏ကိုယ်စားလှယ် ဖြစ်လိမ့်မည်။ ‘ဝလီ’အုပ်ထိန်းသူမရှိသူများအတွက် ဘုရင်(အုပ်ချုပ်သူ)သည် ၎င်းတို့၏ ‘ဝလီ’ပင်ဖြစ်သည်။
  5. ‘ဝလီ’အုပ်ထိန်းသူသည် ဆင်ခြင်တုံတရားရှိသူ ဖြစ်ရမည်။ အဘယ်ကြောင့်ဆိုသော် အုပ်ထိန်းသူသည် ဆင်ခြင်တုံတရားမရှိပါက အမျိုးသမီး၏ ကောင်းကျိုးကို ဆောင်ရွက်နိုင်မည်မဟုတ်ပေ။
ထပ်၍