عن أبي موسى رضي الله عنه أن النبي صلى الله عليه وسلم قال:
«لا نِكَاحَ إِلّا بِوَليٍّ».

[صحيح] - [رواه أبو داود والترمذي وابن ماجه وأحمد] - [سنن أبي داود: 2085]
المزيــد ...

အဗူမူဆာ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အုပ်ထိန်းသူမပါဘဲ နိကာဟ်ထိမ်းမြားမှု အထမြောက်မည်မဟုတ်ပေ။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [رواه أبو داود والترمذي وابن ماجه وأحمد] - [سنن أبي داود - 2085]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်လင်းမိန့်ကြားတော်မူသည်မှာ နိကာဟ်ထိမ်းမြားမှုအား တာဝန်ယူဆောင်ရွက်မည့် ‘ဝလီ’အုပ်ထိန်းသူမပါဘဲ အမျိုးသမီးတစ်ဦး၏ နိကာဟ်ထိမ်းမြားမှုသည်အထမြောက်မည်မဟုတ်ပါ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ‘ဝလီ’အုပ်ထိန်းသူသည် နိကာဟ်အထမြောက်ရန်အတွက် စည်းကမ်းချက်ဖြစ်သည်။ အကယ်၍ ‘ဝလီ’အုပ်ထိန်းသူမပါရှိလျှင် သို့မဟုတ် အမျိုးသမီးသည် မိမိဘာသာ နိကယ်ထိမ်းမြားမှုပြုလျှင် နိကာဟ်အထမြောက်မည် မဟုတ်ပါ။
  2. ‘ဝလီ’အုပ်ထိန်းသူသည် အမျိုးသမီးနှင့် ဆွေမျိုးအနီးစပ်ဆုံးတော်စပ်သည့် အမျိုးသားဖြစ်ရမည်။ ဆွေမျိုးအနီးစပ်ဆုံး အုပ်ထိန်းသူရှိပါလျှက် ဆွေမျိုးတော်စပ်မှု ဝေးသည့် ‘ဝလီ’အုပ်ထိန်းသူက အမျိုးသမီးတစ်ဦးကို ထိမ်းမြားပေးခြင်း မပြုရပေ။
  3. ‘ဝလီ’အုပ်ထိန်းသူတွင် ရှိရမည့် စည်းကမ်းချက်များမှာ- တရားဝင် တာဝန်ရှိသူဖြစ်ခြင်း၊ အမျိုးသားဖြစ်ခြင်း၊ နိကာဟ်ထိမ်းမြားမှု၏ ကောင်းကျိုးများကို သိနားလည်သူဖြစ်ခြင်း၊ ‘ဝလီ’အုပ်ထိန်းသူနှင့် သူ၏အုပ်ထိန်းမှုအောက်တွင်ရှိသော အမျိုးသမီးသည် ဘာသာတူခြင်း စသည်တို့ဖြစ်သည်။ ဤအရည်အ ချင်းများနှင့် မကိုက်ညီသူသည် နိကာဟ်ထိမ်းမြားမှုတွင် ‘ဝလီ’အုပ်ထိန်းသူဖြစ်ရန် အရည်အချင်း ပြည့်မီသူမဟုတ်ပေ။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (58)
ထပ်၍