عَنْ عَائِشَةَ أُمِّ المُؤْمِنينَ رَضِي اللهُ عنْها قَالَتْ: قَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«أَيُّمَا امْرَأَةٍ نَكَحَتْ بِغَيْرِ إِذْنِ مَوَالِيهَا، فَنِكَاحُهَا بَاطِلٌ -ثَلَاثَ مَرَّاتٍ- فَإِنْ دَخَلَ بِهَا فَالْمَهْرُ لَهَا بِمَا أَصَابَ مِنْهَا، فَإِنْ تَشَاجَرُوا فَالسُّلْطَانُ وَلِيُّ مَنْ لَا وَلِيَّ لَهُ».
[صحيح] - [رواه أبو داود والترمذي وابن ماجه وأحمد] - [سنن أبي داود: 2083]
المزيــد ...
မုအ်မင်န်တို့၏ မိခင်မွန် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်။
မည်သည့်အမျိုးသမီးမဆို မိမိ၏အုပ်ထိန်းသူ၏ ခွင့်ပြုချက်မရှိဘဲ နိကာဟ်ပြုခဲ့လျှင် သူမ၏နိကာဟ်သည် ဘာသွိလ်(တရားမဝင်သော နိကာဟ်သာလျှင်) ဖြစ်သည်။ - ထိုစကားကို သုံးကြိမ်တိုင်တိုင် မိန့်ကြားတော်မူခဲ့သည်- သို့ရာတွင် အကယ်၍ အမျိုးသားသည် ထိုအမျိုးသမီးနှင့် ပေါင်းသင်းဆက်ဆံခဲ့ပါက သူမ၏ (ကိုယ်ခန္ဓာအား)ရရှိခံစားခဲ့သည့်အတွက် မဟရ်သည် သူမအတွက် ဖြစ်သွားပေမည်။ အကယ်၍ အုပ်ထိန်းသူများအချင်းချင်း (အုပ်ထိန်းခွင့်နှင့်ပတ်သက်၍) အငြင်းပွားမှုဖြစ်ပွားပါက အုပ်ချုပ်သူအာဏာပိုင်သည် ဝလီအုပ်ထိန်းသူ
မရှိသောအမျိုးသမီး၏ အုပ်ထိန်းသူဖြစ်ပေမည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [رواه أبو داود والترمذي وابن ماجه وأحمد] - [سنن أبي داود - 2083]
နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အမျိုးသမီးတစ်ဦးသည် မိမိ၏ အုပ်ထိန်းသူများ ၏ ခွင့်ပြုချက်မရှိဘဲ မိမိကိုယ်ကို နိကာဟ်ပြုလုပ်ခြင်းမှ တားမြစ်သတိပေးတော်မူပြီး၊ သူမ၏နိကာဟ်သည် ဘာသွိလ်(တရားမဝင်သော နိကာဟ်သာလျှင်) ဖြစ်ကြောင်း သတိပေးမိန့်ကြားတော်မူခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဤစကားကို သုံးကြိမ်တိုင်တိုင် ထပ်ကာထပ်ကာ မိန့်ကြားတော်မူခဲ့ပြီး၊ ထိုနိကာဟ်သည် လုံးဝလက်မထပ်ရသေးသကဲ့သို့ပင် ဖြစ်ကြောင်း (သတိပေးမိန့်ကြားတော်မူခဲ့သည်။)
အကယ်၍ အုပ်ထိန်းသူဝလီ၏ ခွင့်ပြုချက်မပါသည့် အမျိုးသမီးနှင့် နိကာဟ်ပြုလုပ်ခဲ့သောအမျိုးသားက သူမနှင့် ပေါင်းသင်းဆက်ဆံခဲ့ပါက သူမနှင့် ကာမမှုကို ကျူးလွန်ခဲ့သည့်အတွက် သူမအား မဟရ်အပြည့်အဝ ပေးဆောင်ရမည်။
တစ်ဖန် နိကာဟ်ပြုပေးရန် အုပ်ထိန်းပိုင်ခွင့်နှင့်ပတ်သတ်၍ အုပ်ထိန်းသူများကြား ငြင်းခုံမှုဖြစ်ပွားပါက - ၎င်းတို့၏ အုပ်ထိန်းခွင့်အဆင့်အတန်း တူညီနေပါက - သတို့သမီး၏ ကောင်းကျိုးအတွက်သာ စဉ်းစားလျက် နိကာဟ်ပြုထိမ်းမြားပေးရန် ပထမဆုံး စတင်သူအား နိကာဟ်လုပ်ပေးခွင့် ပေးအပ်ရမည်။ အကယ်၍ အုပ်ထိန်းသူက လက်ထပ်ခွင့်ပေးရန် ငြင်းဆိုပါက သူ့အား သတို့သမီး၏ အုပ်ထိန်းသူအဖြစ် မှတ်ယူခြင်း မရှိတော့ပေ။ ထိုအခါ အစိုးရအာဏာပိုင်သို့မဟုတ် တရားသူကြီးနှင့် အလားတူသူများက သတို့သမီး၏ အုပ်ထိန်းသူအဖြစ် ဆောင်ရွက်ရမည်။ သို့ရာတွင် အုပ်ထိန်းသူရှိပါက အစိုးရအာဏာပိုင်တွင် အုပ်ထိန်းသူဖြစ်ခွင့် လုံးဝမရှိပေ။