عَنْ أَبِي هُرَيْرَةَ رضي لله عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«لَا يَفْرَكْ مُؤْمِنٌ مُؤْمِنَةً، إِنْ كَرِهَ مِنْهَا خُلُقًا رَضِيَ مِنْهَا آخَرَ» أَوْ قَالَ: «غَيْرَهُ».
[صحيح] - [رواه مسلم] - [صحيح مسلم: 1469]
المزيــد ...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
မုအ်မင်န် တစ်ဦးသည် (မိမိဇနီးသည်) မုအ်မင်န် အမျိုးသမီးအား မမုန်းတီးရပေ။ အကယ်၍ သူသည် သူမ၏ အကျင့်စရိုက်တစ်ခုကို မကြိုက်ခဲ့လျှင် အခြားတစ်ခုဖြင့် ကျေနပ်လိုက်ရမည်။ သို့မဟုတ် (အခြားတစ်မျိုးဖြင့်)ဟု ကိုယ်တော်က ပြောခဲ့သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 1469]
တမန်တော်မြတ် ( ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ခင်ပွန်းသည်အား မိမိ၏ဇနီးသည်အပေါ် မတရားမှု၊ စွန့်ပစ်မှု၊ ကျောခိုင်းမှုသို့ ဦးတည်စေမည့် မုန်းတီးမှုမျိုးကို တားမြစ်တော်မူခဲ့သည်။ မပြည့်စုံမှုသည် လူ့သဘာဝပင်ဖြစ်သည်။ ခင်ပွန်းအနေဖြင့် ဇနီးသည်၏ မကောင်းသည့် အကျင့်စရိုက်တစ်ခုကို မနှစ်သက်လျှင်လည်း သူမ၌ အခြားကောင်းမွန်သည့် အကျင့်စရိုက်တစ်ခုကို တွေ့ရှိမည်ပင်ဖြစ်သည်။ သို့ဖြစ်၍ မိမိနှစ်သက်သည့် ကောင်းမွန်သည့်အချက်ဖြင့် ကျေနပ်လိုက်ရမည်ဖြစ်ပြီး မိမိမနှစ်သက်သည့် မကောင်းသည့်အချက်ပေါ် သည်းခံရမည်ဖြစ်သည်။ ထိုအချက်ကပင် ခင်ပွန်းသည်အား မိမိဇနီးကို ခွဲခွာချင်လောက်အောင် မုန်းတီးမှုမျိုး မဖြစ်စေဘဲ သည်းခံမှုရရှိစေမည်ဖြစ်သည်။