عَنْ أَبِي سَعِيدٍ الخُدْرِيِّ رضي الله عنه قَالَ: خَرَجَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فِي أَضْحَى أَوْ فِطْرٍ إِلَى المُصَلَّى، فَمَرَّ عَلَى النِّسَاءِ، فَقَالَ:
«يَا مَعْشَرَ النِّسَاءِ، تَصَدَّقْنَ، فَإِنِّي أُرِيتُكُنَّ أَكْثَرَ أَهْلِ النَّارِ» فَقُلْنَ: وَبِمَ يَا رَسُولَ اللَّهِ؟ قَالَ: «تُكْثِرْنَ اللَّعْنَ، وَتَكْفُرْنَ العَشِيرَ، مَا رَأَيْتُ مِنْ نَاقِصَاتِ عَقْلٍ وَدِينٍ أَذْهَبَ لِلُبِّ الرَّجُلِ الحَازِمِ مِنْ إِحْدَاكُنَّ»، قُلْنَ: وَمَا نُقْصَانُ دِينِنَا وَعَقْلِنَا يَا رَسُولَ اللَّهِ؟ قَالَ: «أَلَيْسَ شَهَادَةُ المَرْأَةِ مِثْلَ نِصْفِ شَهَادَةِ الرَّجُلِ» قُلْنَ: بَلَى، قَالَ: «فَذَلِكِ مِنْ نُقْصَانِ عَقْلِهَا، أَلَيْسَ إِذَا حَاضَتْ لَمْ تُصَلِّ وَلَمْ تَصُمْ» قُلْنَ: بَلَى، قَالَ: «فَذَلِكِ مِنْ نُقْصَانِ دِينِهَا».

[صحيح] - [متفق عليه] - [صحيح البخاري: 304]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူစအီဒ် အလ်ခွဒ်ရီ (ရဿွိယလ္လာဟုအန်ဟု) ထံမှ ဆင့်ပြန်လာရှိသည်။ သူက ပြောပြသည်မှာ: အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အီဒွလ်အဿ်ွဟာ သို့မဟုတ် အီဒွလ်ဖိတ်ရ်နေ့တွင် အိဒ်ဂါဟ်သို့ ကြွမြန်းသွားတော်မူခဲ့သည်။ (အီးဒ်စွလာသ်နှင့်ခွသ်ဗဟ်ပြီးနောက်) အမျိုးသမီးများအနီးမှ ဖြတ်သွား‌တော်မူသည့်အခါ ကိုယ်‌တော်ကမိန့်ကြားတော်မူသည်မှာ-
"အို- အမျိုးသမီးအပေါင်းတို့၊ အသင်မတို့ စွဒ်ကဟ်အလှူဒါပြုကြလော့။ အဘယ်ကြောင့်ဆိုသော် ငရဲသားများအနက်အများစုဟာ အသင်မတို့ အမျိုးသမီးများဖြစ်နေကြောင်း ငါကိုယ်တော်ဟာ ပြသတော်မူခြင်းခံရသည်။ ထိုအခါ သူမတို့က "အို-အလ္လာဟ်အရှင်မြတ်၏ တမန်တော်၊ အဘယ်ကြောင့်နည်း" ဟု လျှောက်ထားကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ "အသင်မတို့သည် ကျိန်ဆဲခြင်းကို များစွာပြုလေ့ရှိကြပြီး မိမိတို့၏ ခင်ပွန်းကိုလည်း ကျေးဇူးကန်းကြလေသည်။ ထို့ပြင် ငါကိုယ်တော်သည် တစ်ဦးတစ်ယောက်ကို အသိဉာဏ်နှင့် ဒီန်သာသနာ၌ လျော့နည်းချို့တဲ့ပါလျက်နှင့် ခိုင်မာပြတ်သားစွာ ဆုံးဖြတ်ချက်ချနိုင်သည့် အမျိုးသားတစ်ဦး၏ အသိဉာဏ်ကို အသင်မတို့ထက်ပို၍ ဖျက်ဆီးစေနိုင်သူကို တွေ့မြင်တော်မမူခဲ့‌ပေ။" သူမတို့က "အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်မတို့၏ သာသနာရေးရာနှင့် အသိဉာဏ်လျော့နည်းမှုကား အဘယ်နည်း" ဟု လျှောက်ထားကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ "အမျိုးသမီးတစ်ဦး၏ သက်သေခံချက်သည် အမျိုးသားတစ်ဦး၏ သက်သေခံချက်၏တစ်ဝက်နှင့် မညီဘူးလော" ဟုမေးမြန်းတော်မူ၏။ သူမတို့က "ဟုတ်ပါသည်" ဟုဖြေကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ "ဤသည်ပင်လျှင် သူမ၏ အသိဉာဏ်လျော့နည်းမှုဖြစ်သည်။ အမျိုးသမီးသည် ရာသီသွေးဆင်းသောအခါ ဆွလာသ်မဝတ်ပြုနိုင်၊ စောင်မ်ဥပုသ်စောင့်ထိန်းခြင်း မပြုနိုင်သည် မဟုတ်ဘူးလော" ဟုမေးတော်မူ၏။ အမျိုးသမီးများက "ဟုတ်ပါသည်ဟု ဖြေကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ "ဤသည်ပင်လျှင် သူမ၏ ဒီန်သာသနာရေးရာလျော့နည်းမှု ဖြစ်သည်။"

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 304]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အိဒ်နေ့တွင် အိဒ်ဂါဟ်သို့ ထွက်တော်မူခဲ့သည်။ ကိုယ်‌တော်သည် အမျိုးသမီးများအား သီးသန့် သာသနာရေးရာအကြောင်းများ သင်ကြားပေးရန် ကတိပြုထားခဲ့သည့်အတွက် ထိုနေ့တွင် ထိုကတိကိုဖြည့်ဆည်းတော်မူခဲ့သည်။ (ထိုသို့သင်ကြားပေးနေစဉ်) ကိုယ်တော်က မိန့်ကြားတော်မူသည်။ "အို- အမျိုးသမီးအပေါင်းတို့၊ အသင်မတို့ စွဒ်ကဟ်အလှူဒါပြုကြလော့၊ အပြစ်များမှ မြောက်များစွာခွင့်လွှတ်ခြင်းကို တောင်းခံကြလော့။ အဘယ် ကြောင့်ဆိုသော် ဤနှစ်မျိုးသည် အပြစ်များခွင့်လွှတ်ခံရခြင်း၏ အကြီးမားဆုံးသော အကြောင်းရင်းနှစ်ခု ဖြစ်သောကြောင့်တည်း။ ထို့ပြင် ငါကိုယ်တော်သည် မိအ်ရာဂ်ျ(ကောင်း ကင်ဘုံခရီးသို့ခေါ်ဆောင်ခြင်းခံရသည့်)ညတွင် ငရဲသားများအနက်အများစုဟာ အသင်မတို့ အမျိုးသမီးများဖြစ်နေကြောင်း ငါကိုယ်တော်ဟာ ပြသတော်မူခြင်းခံရသောကြောင့်ပင် ဖြစ်သည်။
ထိုအခါ သူမတို့အနက် ဉာဏ် ပညာ၊ သိနားလည်မှုနှင့် ဂုဏ်သိက္ခာရှိသော အမျိုးသမီးတစ်ဦးက "အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ငရဲသားများအနက်အများစုဟာ ကျွန်မတို့အမျိုးသမီးများဖြစ်နေရသည့် အကြောင်းရင်းကား အဘယ်နည်း" ဟု လျှောက်ထားလေသည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အဖြေပေးတော်မူသည်မှာ ဤသို့ဖြစ်ရခြင်း၏ အကြောင်းရင်းများစွာရှိသည်။ အသင်မတို့သည် များစွာသော ကျိန်ဆဲခြင်းနှင့် ဆဲရေးတိုင်းထွာခြင်းများ ပြုလုပ်လေ့ရှိကြပြီး ခင်ပွန်း၏ အခွင့်အရေးကို ငြင်းဆန်လေ့ရှိကြသည်။ ထို့နောက် သူမတို့၏ သွင်ပြင်လက္ခဏာကို ဖော်ပြရင်း မိန့်တော်မူသည်မှာ "ငါကိုယ်တော်သည် တစ်ဦးတစ်ယောက်ကို အသိဉာဏ်နှင့် ဒီန်သာသနာ၌ လျော့နည်းချို့တဲ့ပါလျက်နှင့် ခိုင်မာပြတ်သားစွာ ဆုံးဖြတ်ချက်ချနိုင်သည့် အမျိုးသားတစ်ဦး၏ အသိဉာဏ်ကို အသင်မတို့ထက်ပို၍ ဖျက်ဆီးစေနိုင်သူကို တွေ့မြင်တော်မမူခဲ့‌ပေ။"
ထိုအမျိုးသမီးက"သာသနာရေးရာနှင့် အသိဉာဏ်လျော့ နည်းမှုကား အဘယ်နည်း" ဟု လျှောက်ထားပြန်သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ "အသိဉာဏ်လျော့ နည်းမှုနှင့်ပတ်သက်၍ဆိုလျှင် အမျိုးသမီးနှစ်ဦး၏ သက်သေခံချက်သည် အမျိုးသားတစ်ဦး၏ သက်သေခံချက်နှင့် ညီမျှသည်။ ဤသည်ကား အသိဉာဏ်လျော့နည်းမှုပင်ဖြစ်သည်။ ဒီန်သာသနာ ရေးရာလျော့နည်းမှုနှင့်ပတ်သက်၍ဆိုလျှင် သူမ၏ ကောင်းမွန်သော အကျင့်သီလများသည် အတိုင်း အတာတစ်ခုအထိ လျော့နည်းသည်။ ထိုသို့ဖြစ်ရခြင်းမှာ ရာသီသွေးဆင်းခြင်းကြောင့် သူမသည် ရက်ပေါင်းများစွာ ဆွလာသ်ဝတ်ပြုခြင်း မပြုနိုင်သကဲ့သို့ ရမဿွာန်လတွင် ရာသီသွေးဆင်းခြင်းကြောင့် ရက်ပေါင်းများစွာ စောင်မ်ဥပုသ် စောင့်ထိန်းခြင်းကို လွတ်သွားနိုင်သောကြောင့်ဖြစ်သည်။ ဤသည်ကား ဒီန်သာသနာရေးရာ လျော့နည်းမှုပင်ဖြစ်သည်။ သို့ရာတွင် ဤနေရာ၌ မှတ်သားထားရမည်မှာ ရာသီသွေးဆင်းခြင်းကြောင့် ဆွလာသ်ဝတ်ပြုခြင်းနှင့် စောင်မ်ဥပုသ်စောင့်ထိန်းခြင်းကို မပြုလုပ်နိုင်ခြင်းကြောင့် အမျိုးသမီးများသည် ပြစ်တင်ပြောဆိုခြင်းခံရမည် မဟုတ်သလို၊ အရေးယူခြင်းခံရမည်လည်း မဟုတ်‌ ပေ။ အဘယ့်ကြောင့်ဆိုသော် ယင်းသည် ဖန်ဆင်းခြင်းသဘာဝအရဖြစ်သောကြောင့်တည်း။ အလားတူပင် လူသားသည် ငွေကြေးကို ချစ်ခင်တွယ်တာခြင်း၊ အရေးကိစ္စများတွင် အလျင်စလိုဖြစ်ခြင်း၊ အသိပညာကင်းမဲ့ခြင်း စသည်တို့ဖြင့် ဖန်ဆင်းခြင်းခံရသည်။ သို့ရာတွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အမျိုးသမီးများ၏ ဖြား ယောင်းသွေး ဆောင်မှုသို့ မကျရောက်စေရန် သတိပေးတားမြစ်သည့်အနေဖြင့် ထိုအကြောင်းကို သတိပေးခဲ့ခြင်းဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အမျိုးသမီးများအတွက် အီးဒ်ဆွလာသ်ဝတ်ပြုရန် ထွက်ခွာခြင်းနှင့် သီးသန့် တရားဟောပြောပွဲ စီစဉ်ပေးခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။
  2. ခင်ပွန်း၏ ကျေးဇူးကန်းခြင်းနှင့် မကြာခဏ ကျိန်ဆဲခြင်းတို့သည် ကြီးလေးသော အပြစ်ဖြစ်သည်။ အကြောင်းမှာ ဂျဟန္နမ်ငရဲမီးဖြင့် ခြိမ်းခြောက်ခံရခြင်းသည် ယင်းကိစ္စသည် ကြီးလေးသောအပြစ်ဖြစ်ကြောင်း ပြသနေသောကြောင့် ဖြစ်သည်။
  3. ဤဟဒီးဆ်တွင် အီမာန်တိုးပွားခြင်းနှင့် လျော့ကျခြင်းအကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် မည်သူမဆို မိမိ၏အိဗာဒသ်ခဝပ်ကိုးကွယ်မှုများ များပြားခဲ့လျှင် ၎င်း၏အီမာန်နှင့် ဒီန်သာသနာတို့တွင် တိုးပွားပြီး၊ အိဗာဒသ်ခဝပ်ကိုးကွယ်မှုများ လျော့နည်းလျှင် ၎င်း၏ ဒီန်(အီမာန်ယုံကြည်မှု)လည်း လျော့နည်းသည်။
  4. အိမာမ်နဝဝီက ဆိုသည်မှာ- အသိဉာဏ်သည် တိုးပွားခြင်း၊ လျော့နည်းခြင်းကို လက်ခံသကဲ့သို့ အီမာန်ယုံကြည်မှုသည်လည်း ထိုအတိုင်းပင် ဖြစ်သည်။ထို့ပြင် အမျိုးသမီးများတွင်ရှိသော ချို့ယွင်းချက်ကို ဖော်ပြခြင်း၏ ရည်ရွယ်ချက်မှာ သူမတို့အား ပြစ်တင်ရှုံ့ချရန်အတွက် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုချို့ယွင်းချက်သည် ၎င်းတို့၏ သဘာဝအလျောက် ရှိနေသောကြောင့်ဖြစ်သည်။ သို့ရာတွင် ထိုသို့ဖော်ပြခြင်းသည် ၎င်းတို့နှင့်ပတ်သက်၍ လမ်းလွဲစိတ်ဝင်စားမှု မဖြစ်စေရန် သတိပေးခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ဖော်ပြပါ ကျေးဇူးကန်းခြင်းစသည့် အပြုအမူများအပေါ် ပြစ်ဒဏ်ကို ချမှတ်ထားခြင်းဖြစ်ပြီး ချို့ယွင်းချက်ကြောင့် ပြစ်ဒဏ်ချမှတ်ခြင်း မဟုတ်ပေ။ ထို့ပြင် ဒီန်သာသနာရေးရာ ချို့ယွင်းချက်ဆိုသည်မှာ အပြစ်ရှိသည့် အရာများတွင်သာ ကန့်သတ်ထားခြင်း မဟုတ်ဘဲ ထို့ထက် ပိုမိုကျယ်ပြန့်သော သဘောတရားကို ဆိုလိုသည်။
  5. ဤဟဒီးဆ်မှ သိရသည်မှာ စကားလုံး၏အဓိပ္ပာယ်ကို ရှင်းလင်းစွာ နားမလည်ပါက၊ သင်ယူသူသည် အာလင်မ်သာသနာ့ပညာရှင်ထံမှ သို့မဟုတ် လိုက်နာသူသည် လမ်းညွှန်သူထံ ပြန်လည်မေးမြန်းခြင်းပြုနိုင်သည်။
  6. ဤဟဒီးဆ်မှ သိရသည်မှာ အမျိုးသမီး၏ သက်သေခံချက်သည် အမျိုးသား၏ သက်သေခံချက်နှင့် နှိုင်းယှဉ်ပါက တစ်ဝက်သာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူမတို့၏ မှတ်ဉာဏ်နှင့် ထိန်းသိမ်းမှုတွင် အားနည်းချက်ရှိသောကြောင့် ဖြစ်သည်။
  7. အိမာမ်အစ်ဗ်နုဟဂျရ်က "مَا رَأَيْتُ مِنْ نَاقِصَاتِ عَقْلٍ وَدِينٍ أَذْهَبَ لِلُبِّ الرَّجُلِ الحَازِمِ مِنْ إِحْدَاكُنَّ" ( ငါကိုယ်တော်သည် တစ်ဦးတစ်ယောက်ကို အသိဉာဏ်နှင့် ဒီန်သာသနာ၌ လျော့နည်းချို့တဲ့ပါလျက်နှင့် ခိုင်မာပြတ်သားစွာ ဆုံးဖြတ်ချက်ချနိုင်သည့် အမျိုးသားတစ်ဦး၏ အသိဉာဏ်ကို အသင်မတို့ထက်ပို၍ ဖျက်ဆီးစေနိုင်သူကို တွေ့မြင်တော်မမူခဲ့‌ပေ။) ဟူသော မိန့်ကြားချက်နှင့်စပ်လျဥ်း၍ ဖွင့်ဆိုသည်မှာ- ငရဲတွင် အမျိုးသမီးများ အများစုရှိရခြင်း၏ အကြောင်းရင်းတစ်ခုမှာ ဤသို့ဖြစ်သည်ဟု ကျွန်ုပ်ထင်မြင်မိပါသည်။ ၎င်းမှာ အမျိုးသမီးများသည် ဥာဏ်ရည်ဉာဏ်သွေးကောင်းသူ၏ ဉာဏ်ကို ပျက်ပြားစေနိုင်ကာ၊ ထိုသူအား မသင့်လျော်သော စကားကို ပြောဆိုမိခြင်း သို့မဟုတ် မသင့်လျော်သော အမှုကိစ္စကို ပြုမိစေနိုင်သည်။ ထိုသို့ဆိုလျှင် ထိုအပြစ်တွင် ၎င်းအမျိုးသမီးများလည်း ပါဝင်သူများ ဖြစ်လာကြသည်။
  8. အမျိုးသမီးအတွက် ရာသီသွေးဆင်းချိန်တွင် ဆွလာသ်ဝတ်ပြုခြင်းနှင့် စောင်မ်ဥပုသ်စောင့်ထိန်းခြင်းအား ဟရာမ်အဖြစ် တားမြစ်ထားသည်။ ကလေးမွေးဖွားပြီးနောက် သွေးဆင်းနေသည့် အမျိုးသမီးများအတွက်လည်း ထိုနည်းတူပင်ဖြစ်သည်။ ထိုနှစ်ဦးစလုံးသည် သန့်စင်သွားပြီးနောက် စောင်မ်ဥပုသ်‌စောင့်ထိန်းခြင်း တစ်ခုတည်းကိုသာ ပြန်လည်ကဇွာဖြည့်ရမည်။ (ဆွလာသ်များကိုမူ ပြန်လည်ဝတ်ပြုရန် မလိုပါ။)
  9. တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ကောင်းမြတ်သော ကိုယ်ကျင့်တရားတစ်ခုမှာ အမျိုးသမီးများ၏ မေးခွန်းများကို ကြမ်းတမ်းစွာတုန့်ပြန်ခြင်း၊ ပြစ်တင်ပြောဆိုခြင်းမရှိဘဲ အဖြေပြန်ပေး‌ တော်မူခြင်းဖြစ်သည်။
  10. အစ်ဗ်နုဟဂျရ်က ဆိုသည်မှာ- ဆွဒကဟ်သည် အဇားဗ်ပြစ်ဒဏ်ကို ပယ်ဖျက်စေသည်။ ၎င်းသည် တခါတရံအဖန်ဆင်းခံများကြားရှိ အပြစ်များကိုလည်း ပယ်ဖျက်နိုင်သည်။
  11. အိမာမ်နဝဝီက ဆိုသည်မှာ- အမျိုးသမီးများတွင် သာသနာရေးရာ လျော့နည်းခြင်းသည် ရာသီလာချိန်တွင် ဆွလာသ်ဝတ်ပြုခြင်းနှင့် စောင်မ်ဥပုသ်‌စောင့်ထိန်းခြင်းတို့ကို စွန့်လွှတ်ရခြင်းကြောင့်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မည်သူမဆို မိမိ၏အိဗာဒသ်ခဝပ်ကိုးကွယ်မှုများ များပြားခဲ့လျှင် ၎င်း၏အီမာန်နှင့် ဒီန်သာသနာသည် တိုးပွားပြီး၊ အိဗာဒသ်ခဝပ်ကိုးကွယ်မှုများ လျော့နည်းလျှင် ၎င်း၏ ဒီန်(အီမာန်ယုံကြည်မှု)လည်း လျော့နည်းသည်။ ထိုမှတစ်ပါး ဒီန်သာသနာရေးရား လျော့နည်းခြင်းသည် တခါတရံ အပြစ်အကုသိုလ်၏ အကြောင်းရင်းဖြစ်နိုင်သည်။ ပမာအားဖြင့် ဆွလာသ်၊ ဆွိယာမ် စသည်တို့ကဲ့သို့ ဖရဿ်ွတာဝန်များကို ခိုင်လုံသည့်အ ကြောင်းပြချက်မရှိဘဲ စွန့်လွှတ်ခြင်း ဖြစ်သည်။ တခါတရံ အပြစ်အကုသိုလ်၏ အကြောင်းရင်း မဖြစ်တတ်ပေ။ ပမာအားဖြင့် ဂျုမုအဟ်ဆွလာသ်ဝတ်ပြုခြင်းနှင့် ဂျိဟာဒ်စစ်ပွဲတွင်ပါဝင်ရန် ဖရဿ်ွတာဝန်မထိုက်‌သောသူ(ခရီးသည်၊အမျိုးသမီး စသူများ)သည် ၎င်းတာဝန်နှစ်ရပ်ကို အကြောင်းမဲ့ စွန့်လွှတ်ခြင်းသည် အပြစ်မဖြစ်ပေ။ တခါတရံ ယင်းကိုပြုလုပ်ရန် တာဝန်ရှိသူဖြစ်(သော်လည်း အကြောင်းပြချက်ရှိသောကြောင့် မလုပ်နိုင်သူဖြစ်)သည်။ ပမာအားဖြင့် ရာသီသွေးဆင်းနေသောအမျိုးသမီးသည် ဆွလာသ်နှင့် ဆွိယာမ်တို့ကို စွန့်လွှတ်ခြင်း ဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (45)
ထပ်၍