ဟဒီးဆ်တော်များစာရင်း

ဒွန္နယာ လောကသည် အကျိုးခံစားသည့် အရာဖြစ်ပြီး လောက၏ အကျိုးခံစားမှုများအနက် အကောင်းဆုံးမှာ ကောင်းမြတ်သော ဇနီးပင်ဖြစ်သည်။
عربي الإنجليزية الأوردية
အမှန်တကယ်ပင် ဒွန္နယာ လောကသည် ချိုမြိန်၍ စိမ်းလန်းပေသည်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့မည်သို့ ပြုမှုဆောင်ရွက်ကြမည်ကို ကြည့်ရှုရန် သင်တို့အား လောက၌ ‘ခလီဖဟ်’ ကိုယ်စားလှယ်များ အဖြစ်ပြုလုပ်‌ပေးတော်မူခဲ့သည်။ ထို့ကြောင့် သင်တို့သည် လောကီနှင့်ပတ် သက်၍ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။
عربي الإنجليزية الأوردية
မုအ်မင်န် တစ်ဦးသည် (မိမိဇနီးသည်) မုအ်မင်န် အမျိုးသမီးအား မမုန်းတီးရပေ။ အကယ်၍ သူသည် သူမ၏ အကျင့်စရိုက်တစ်ခုကို မကြိုက်ခဲ့လျှင် အခြားတစ်ခုဖြင့် ကျေနပ်လိုက်ရမည်။
عربي الإنجليزية الأوردية
အသင်တို့ သူစိမ်းအမျိုးသမီးများထံ ဝင်ထွက်သွားလာခြင်းကို ရှောင်ကြဉ်ကြလော့။ ထိုအခါ အန်စွာရီ စွဟာဗီတစ်ပါးက လျှောက်ထားမေးမြန်းသည်မှာ - အို အလ္လာဟ်အရှင်မြတ်ရဲ့ရစူလ်၊ ခင်ပွန်းရဲ့သားချင်း (ညီ၊ အစ်ကို) များနှင့်ပတ်သတ်၍ ကိုယ်တော် မည်သို့ မိန့်ကြားတော်မူပါမည်နည်း။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကမိန့်တော်မူသည်။ ခင်ပွန်းရဲ့သားချင်းများဟာ သေခြင်းတရား ပင်ဖြစ်သည်။ (တစ်နည်း သေတာထက်ပင် ပိုအန္တရာယ်ကြီးသည်ကို ဆိုလိုခြင်းဖြစ်သည်။)
عربي الإنجليزية الأوردية
အို- အမျိုးသမီးအပေါင်းတို့၊ အသင်မတို့ စွဒ်ကဟ်အလှူဒါပြုကြလော့။ အဘယ်ကြောင့်ဆိုသော် ငရဲသားများအနက်အများစုဟာ အသင်မတို့ အမျိုးသမီးများဖြစ်နေကြောင်း ငါကိုယ်တော်ဟာ ပြသတော်မူခြင်းခံရသည်။ ထိုအခါ သူမတို့က "အို-အလ္လာဟ်အရှင်မြတ်၏ တမန်တော်၊ အဘယ်ကြောင့်နည်း" ဟု လျှောက်ထားကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ "အသင်မတို့သည် ကျိန်ဆဲခြင်းကို များစွာပြုလေ့ရှိကြပြီး မိမိတို့၏ ခင်ပွန်းကိုလည်း ကျေးဇူးကန်းကြလေသည်။ ထို့ပြင် ငါကိုယ်တော်သည် တစ်ဦးတစ်ယောက်ကို အသိဉာဏ်နှင့် ဒီန်သာသနာ၌ လျော့နည်းချို့တဲ့ပါလျက်နှင့် ခိုင်မာပြတ်သားစွာ ဆုံးဖြတ်ချက်ချနိုင်သည့် အမျိုးသားတစ်ဦး၏ အသိဉာဏ်ကို အသင်မတို့ထက်ပို၍ ဖျက်ဆီးစေနိုင်သူကို တွေ့မြင်တော်မမူခဲ့‌ပေ
عربي الإنجليزية الأوردية
အမျိုးသမီးတစ်ဦးသည် နှစ်ရက်တာကြာမြင့်မည့်ခရီးကို သူမ၏ခင်ပွန်း သို့မဟုတ် မဟ်ရမ်(မိမိနှင့် နိကာဟ် ဟရာမ်ဖြစ်သူတစ်ဦး)အတူ မပါဘဲ ခရီးမထွက်ရ။
عربي الإنجليزية الأوردية
- “ဧကန်စင်စစ် ငါကိုယ်တော်သည် အမျိုးသမီးများနှင့် လက်ဆွဲနှုတ်ဆက်ခြင်း မပြုလုပ်ပါ။ အမျိုးသမီးတစ်ရာအား ငါကိုယ်တော် ၏ မိန့်ကြားချက် သည် အမျိုးသမီး တစ်ဦးအား မိန့်ကြားချက်ကဲ့သို့ပင်ဖြစ်သည်
عربي الإنجليزية الإندونيسية
တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )က မိန့်တော်မူသည်မှာ - အကယ်၍ အသင်မ ( ဤရောဂါခံစားရမှုအပေါ်မှာ ) သည်းခံဖို့ ဆန္ဒရှိတယ်ဆိုရင် အသင်မအဖို့ ( အာခိရသ်မှာ )ဂျန္နသ် ရရှိမှာဖြစ်တယ်။ အကယ်၍ အသင်မ ဆန္ဒရှိတယ်ဆိုရင် ငါကိုယ်တော် အသင်မအတွက် အလ္လာဟ်အရှင်မြတ်ထံ တော်ပါးမှာ ( အရှင်မြတ်က အသင်မရဲ့ရောဂါကို ) ပျောက်ကင်းမှုပေးဖို့ ဒုအာပြုပေးတော်မူမယ်
عربي الإنجليزية الأوردية
- " ကိုယ်တော်မြတ်သည် မိမိအိမ်သူအိမ်သားများ၏ အလုပ်ကို ထမ်းဆောင်တော်မူသည် (ဆိုလိုသည်မှာ မိသားစုအတွက် စီမံလုပ်ကိုင်ပေးတော်မူသည်)၊ ထို့နောက် ဆွလာသ်အချိန်ရောက်လျှင် ဆွလာသ်ဝတ်ပြုရန်အတွက် ထွက်ခွါသွားတော်မူလေ့ရှိသည်။
عربي الإنجليزية الأوردية