عَنْ أَنَسٍ رضي الله عنه أَنَّ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«إِذَا تَوَضَّأَ أَحَدُكُمْ وَلَبِسَ خُفَّيْهِ فَلْيُصَلِّ فِيهِمَا، وَلْيَمْسَحْ عَلَيْهِمَا ثُمَّ لَا يَخْلَعْهُمَا إِنْ شَاءَ إِلَّا مِنْ جَنَابَةٍ».
[صحيح] - [رواه الدارقطني] - [سنن الدارقطني: 781]
المزيــد ...
အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
သင်တို့အနက် တစ်ဦးဦးသည် ဝူဿွူ ပြုလုပ်ပြီး နောက် ခြေအိတ်ဝတ်ဆင်ခဲ့လျှင်၊ ထိုခြေအိတ်များကို ဝတ်ဆင်ထားလျက်နှင့်ပင် ဆွလာသ် ဝတ်ပြုပါ။ ထို့ပြင် ထိုခြေအိတ်များပေါ်၌ မစဟ် (ပွတ်သပ်ခြင်း) ပြုလုပ်ပါ။ ထို့နောက် သူအလိုရှိလျှင် ဂျနာဗသ် (ရေချိုးရမည့် အကြောင်း) မှလွဲ၍ (အခြားအကြောင်းဖြင့်) ခြေအိတ်များကို မချွတ်ရပါ။( ချွတ်ရန်မလိုပေ။)
[صحيح] - [رواه الدارقطني] - [سنن الدارقطني - 781]
တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်)က မွတ်စ်လင်မ်တစ်ဦးသည် ဝူဿွူ ပြုလုပ်ပြီးနောက် ခြေအိတ်များ ဝတ်ဆင်ခဲ့မည်။ ထို့နောက် ဝူဿွူ ပျက်ပြားသွားသည့်အခါ သူအလိုရှိပါက သတ်မှတ်ထားသော ကာလအထိ ယင်းခြေအိတ်များပေါ်၌ မစဟ် (ပွတ်သတ်ခြင်း) ပြုလုပ်ခွင့်ရှိပြီး၊ ယင်းခြေအိတ်များကို ချွတ်ရန်မလိုဘဲ ဝတ်ဆင်ထားလျှက်ပင် ဆွလာသ်ဝတ်ပြုခွင့်ရှိသည်ဟု မိန့်ကြားတော်မူထားသည်။ သို့ရာတွင် ဂျနာဗသ် (ရေချိုးရမည့် အခြေအနေ) ဖြစ်ပေါ်ပါက ခြေအိတ်များကို ချွတ်၍ ဂုစုလ် (ရေချိုးခြင်း) ပြုလုပ်ရမည်ဖြစ်သည်။