عَنْ عُقْبَةَ بْنِ عَامِرٍ رضي الله عنه قَالَ: كَانَتْ عَلَيْنَا رِعَايَةُ الْإِبِلِ فَجَاءَتْ نَوْبَتِي فَرَوَّحْتُهَا بِعَشِيٍّ فَأَدْرَكْتُ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَائِمًا يُحَدِّثُ النَّاسَ فَأَدْرَكْتُ مِنْ قَوْلِهِ:
«مَا مِنْ مُسْلِمٍ يَتَوَضَّأُ فَيُحْسِنُ وُضُوءَهُ، ثُمَّ يَقُومُ فَيُصَلِّي رَكْعَتَيْنِ، مُقْبِلٌ عَلَيْهِمَا بِقَلْبِهِ وَوَجْهِهِ، إِلَّا وَجَبَتْ لَهُ الْجَنَّةُ» قَالَ فَقُلْتُ: مَا أَجْوَدَ هَذِهِ، فَإِذَا قَائِلٌ بَيْنَ يَدَيَّ يَقُولُ: الَّتِي قَبْلَهَا أَجْوَدُ، فَنَظَرْتُ فَإِذَا عُمَرُ قَالَ: إِنِّي قَدْ رَأَيْتُكَ جِئْتَ آنِفًا، قَالَ: «مَا مِنْكُمْ مِنْ أَحَدٍ يَتَوَضَّأُ فَيُبْلِغُ - أَوْ فَيُسْبِغُ - الْوَضُوءَ ثُمَّ يَقُولُ: أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ وَأَنَّ مُحَمَّدًا عَبْدُ اللهِ وَرَسُولُهُ إِلَّا فُتِحَتْ لَهُ أَبْوَابُ الْجَنَّةِ الثَّمَانِيَةُ يَدْخُلُ مِنْ أَيِّهَا شَاءَ».
المزيد
အွတ်က်ဗဟ် ဗင်န် အာမိရ် ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောပြခဲ့သည်။
ကုလားအုပ်များ ထိန်းကျောင်းခြင်းသည် ကျွန်ုပ်တို့၏ တာဝန်ဖြစ်ခဲ့သည်။ ကျွန်ုပ်၏ အလှည့်ရောက်လာသောအခါ ကျွန်ုပ်သည် ညနေချိန်၌ ထိုကုလားအုပ်များကို ညအိပ်ခိုလှုံရာနေရာသို့ ပြန်လည်မောင်းနှင်ခဲ့သည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်အား မတ်တပ်ရပ်လျက် လူတို့အား မိန့်ကြားနေသည်ကို တွေ့ခဲ့ရသည်
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မည်သည့် မုစ်လင်မ်မဆို ဝူဿွူကို ကောင်းမွန်ကျနစွာ ပြုလုပ်မည်။ ထို့နောက် ရပ်ပြီး မိမိ၏ စိတ်နှလုံး
သားကော မျက်နာဖြင့်ပါ (စိတ်ရောကိုယ်ပါ) အာရုံစူးစိုက်လျက် ဆွလာသ်နှစ်ရကအသ်ကို ဝတ်ပြုလျှင် ထိုသူ့အတွက် ဂျန္နသ်သုခဘုံသည် ဝါဂျိဗ်ဖြစ်သွား (ထိုက်တန်သွား)ပြီဟု မိန့်တော်မူခဲ့လေသည်။ ဟဒီးစ်ဆင့်ပြန်သူ ရာဝီက ပြောပြခဲ့သည်။ ထိုအခါ ကျွန်ုပ်က ဤမိန့်ကြားချက်သည် အဘယ်မျှ ကောင်းလိုက်ပါသနည်းဟု ပြောခဲ့၏။ ထိုအခါ ကျွန်ုပ်၏ရှေ့တွင် ရှိသော ပြောဆိုသူတစ်ဦးက ဤမိန့်ကြားချက်၏
အလျင်တွင်ရှိသော မိန့်ကြားချက်သ
ည် ပို၍ ကောင်းပါသည် ဟု ပြောဆိုခဲ့သည်။ ကျွန်ုပ်ကြည့်လိုက်သောအခါ အုမရ် ( ရဿွိယလ္လာဟုအန်ဟု ) ဖြစ်နေလေသည်။ ၎င်းက အသင် အခုနကမှ ရောက်လာခဲ့သည်ကို ကျွန်ုပ် တွေ့မြင်ပြီးဖြစ်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့အနက် မည်သူမဆို ဝူဿွူကို ကောင်းမွန်ကျနစွာ ပြုလုပ်မည်။ ထို့နောက်
أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ وَأَنَّ مُحَمَّدًا عَبْدُ اللهِ ورسوله
(အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်း ကျွန်တော်မျိုးသက်သေခံအပ်ပါသည်။ ထို့ပြင် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်၏ ကျွန်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်းကိုလည်း ကျွန်တော်မျိုးသက်သေခံအပ်ပါသည်။) ကို ရွတ်ဆိုလျှင် ဂျန္နသ်သုခဘုံ၏ တံခါးရှစ်ခုလုံး သူ့အတွက် ဖွင့်လှစ်ပေးခြင်းခံရမည်။ ထိုသူသည် မိမိအလိုရှိရာ တံခါးမှ ဝင်ရောက်နိုင်မည်ဖြစ်သည်။