ဟဒီးဆ်တော်များစာရင်း

နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် တစ်“စွာအ်”မှစတင်ပြီး ငါး“မွဒ်”ခန့်ရှိသောရေပမာဏနှင့် ရေချိုးတော်မူလေ့ရှိသည်။ တစ်“မွဒ်”ခန့်ရှိသော ရေပမာဏနှင့်ဝုဿူပြုတော်မူလေ့ရှိသည်။
عربي الإنجليزية الأوردية
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မည်သည့် မုစ်လင်မ်မဆို ဝူဿွူကို ကောင်းမွန်ကျနစွာ ပြုလုပ်မည်။ ထို့နောက် ရပ်ပြီး မိမိ၏ စိတ်နှလုံး သားကော မျက်နာဖြင့်ပါ (စိတ်ရောကိုယ်ပါ) အာရုံစူးစိုက်လျက် ဆွလာသ်နှစ်ရကအသ်ကို ဝတ်ပြုလျှင် ထိုသူ့အတွက် ဂျန္နသ်သုခဘုံသည် ဝါဂျိဗ်ဖြစ်သွား (ထိုက်တန်သွား)ပြီဟု မိန့်တော်မူခဲ့လေသည်
عربي الإنجليزية الأوردية
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဝုဿွူပြုလုပ်ရာ၌ (အစိတ်အပိုင်းများကို) တစ်ကြိမ်စီ (ဆေးကြောတော်မူသည်)။
عربي الإنجليزية الأوردية
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဝုဿွူပြုလုပ်ရာ၌ (အစိတ်အပိုင်းများကို)နှစ်ကြိမ်စီ ဆေးကြောတော်မူခဲ့၏။
عربي الإنجليزية الأوردية
ဝုဿွူကို ကောင်းမွန်ကျနစွာ အပြည့်အဝပြုလုပ်ပါ၊ လက်ချောင်းများကြားကို ရေရောက်အောင် ဆေးကြောပါ၊ အိစ်သင်န်ရှားက် (နှာခေါင်းအတွင်းသို့ ရေထည့်၍ ရှိုက်သွင်းကာပြန်ထုတ်ရာ) ပြုလုပ်ရာတွင် အတိုင်းအထက်အလွန် ကောင်းစွာပြုလုပ်ပါ၊ သို့ရာတွင် အကယ်၍ သင်သည် စောင်မ်ဥပုသ်သီလ စောင့်ထိန်းထားသူဖြစ်ပါက အလွန်အကျွံမပြုလုပ်လေနှင့်။
عربي الإنجليزية الأوردية