عَنْ لَقِيطِ بْنِ صَبِرَةَ رَضيَ اللهُ عنه قَالَ:
كُنْتُ وَافِدَ بَنِي الْمُنْتَفِقِ -أَوْ فِي وَفْدِ بَنِي الْمُنْتَفِقِ- إِلَى رَسُولِ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، قَالَ: فَلَمَّا قَدِمْنَا عَلَى رَسُولِ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَلَمْ نُصَادِفْهُ فِي مَنْزِلِهِ، وَصَادَفْنَا عَائِشَةَ أُمَّ الْمُؤْمِنِينَ، قَالَ: فَأَمَرَتْ لَنَا بِخَزِيرَةٍ، فَصُنِعَتْ لَنَا، قَالَ: وَأُتِينَا بِقِنَاعٍ -وَالْقِنَاعُ: الطَّبَقُ فِيهِ تَمْرٌ- ثُمَّ جَاءَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَقَالَ: «هَلْ أَصَبْتُمْ شَيْئًا؟ أَوْ أُمِرَ لَكُمْ بِشَيْءٍ؟» قَالَ: قُلْنَا: نَعَمْ، يَا رَسُولَ اللَّهِ، قَالَ: فَبَيْنَا نَحْنُ مَعَ رَسُولِ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ جُلُوسٌ، إِذْ دَفَعَ الرَّاعِي غَنَمَهُ إِلَى الْمُرَاحِ، وَمَعَهُ سَخْلَةٌ تَيْعَرُ، فَقَالَ: «مَا وَلَّدْتَ يَا فُلَانُ؟»، قَالَ: بَهْمَةً، قَالَ: «فَاذْبَحْ لَنَا مَكَانَهَا شَاةً»، ثُمَّ قَالَ: «لَا تَحْسِبَنَّ» وَلَمْ يَقُلْ: لَا تَحْسَبَنَّ «أَنَّا مِنْ أَجْلِكَ ذَبَحْنَاهَا، لَنَا غَنَمٌ مِائَةٌ لَا نُرِيدُ أَنْ تَزِيدَ، فَإِذَا وَلَّدَ الرَّاعِي بَهْمَةً، ذَبَحْنَا مَكَانَهَا شَاةً» قَالَ: قُلْتُ: يَا رَسُولَ اللَّهِ، إِنَّ لِي امْرَأَةً وَإِنَّ فِي لِسَانِهَا شَيْئًا -يَعْنِي الْبَذَاءَ- قَالَ: «فَطَلِّقْهَا إِذن»، قَالَ: قُلْتُ: يَا رَسُولَ اللَّهِ إِنَّ لَهَا صُحْبَةً، وَلِي مِنْهَا وَلَدٌ، قَالَ: «فَمُرْهَا» يَقُولُ: عِظْهَا، «فَإِنْ يَكُ فِيهَا خَيْرٌ فَسَتَفْعَلْ، وَلَا تَضْرِبْ ظَعِينَتَكَ كَضَرْبِكَ أُمَيَّتَكَ» فَقُلْتُ: يَا رَسُولَ اللَّهِ، أَخْبِرْنِي عَنِ الْوُضُوءِ، قَالَ: «أَسْبِغِ الْوُضُوءَ، وَخَلِّلْ بَيْنَ الْأَصَابِعِ، وَبَالِغْ فِي الِاسْتِنْشَاقِ إِلَّا أَنْ تَكُونَ صَائِمًا».

[صحيح] - [رواه أبو داود والترمذي والنسائي وابن ماجه] - [سنن أبي داود: 142]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

လကီးသ်ွ ဗင်န် ဆွဗိရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
ကျွန်ုပ်သည် ဗနီမွန်သဖိက်အဖွဲ့၏ခေါင်းဆောင်အဖြစ် (သို့မဟုတ် ဗနီမွန်သဖိက်အဖွဲ့ဝင်တစ်ဦးအဖြစ်) တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ လာရောက်ခဲ့သည်။ ၎င်းက ဆက်လက်ပြောပြခဲ့သည်။ ကျွန်ုပ်တို့သည် တမန်တော်မြတ်ထံရောက်သောအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်အား အိမ်၌မတွေ့ရ‌ပါ။ ကျွန်ုပ်တို့သည် အွမ္မုလ်မုအ်မီနီးန် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) ကိုသာတွေ့ခဲ့ရသည်။ သခင်မသည် ကျွန်ုပ်တို့အတွက် 'ခဇီးရာ' (ဂျုံနှင့် နို့ဖြင့်ရောချက်ထားသည့်မုန့်တစ်မျိုး) ချက်ခိုင်းခဲ့သည်။ ထို့နောက် ကျွန်ုပ်တို့အတွက်(ယင်းမုန့်နှင့်အတူ) ကိနာအ် ( စွန်ပလွံသီးများထည့်ထားသော ပန်းကန်တစ်ချပ်ကို ) ယူဆောင်လာခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကြွလာခဲ့ပြီး၊ "သင်တို့ တစ်ခုခုစားပြီးကြပြီလား သို့မဟုတ် သင်တို့အတွက် တစ်ခုခုချက်ပြုတ်ခိုင်းခဲ့သလား" ကျွန်တော်တို့က "ဟုတ်ကဲ့၊ (စားခဲ့ပြီးပါပြီ)အိုအလ္လာဟ်ရဲ့ရစူလ်တမန်တော်" ဟု လျှောက်ထားခဲ့ကြသည်။ ထို့နောက် ကျွန်ုပ်တို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)နှင့်အတူထိုင်နေစဉ် ရုတ်တရက်ပင် သိုးထိန်းတစ်ဦးသည် မွေးမြူရေးခြံသို့ သိုးများကို မောင်းနှင်လာခဲ့သည်။ သူနှင့်အတူ သိုးကလေးတစ်ကောင်လည်း မြည်တမ်းလျက် လိုက်ပါလာသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က (သိုးထိန်းကို) မေးတော်မူသည်မှာ - “အို- ပုဂ္ဂိုလ် အသင့်သိုးမသည် (အထီး ၊ အမ) မည်သည့်အရာကို မွေးဖွားခဲ့သနည်း။ ထိုသူက "အမ" ဟု ဖြေဆိုခဲ့သည်။ တမန်တော်မြတ်က "သို့ဆိုလျှင် သူ့အစား ဆိတ်မတစ်ကောင်ကို ကျွန်ုပ်တို့အတွက် ဇ‌ဗဟ်လုပ်လိုက်ပါ" ဟု မိန့်တော်မူခဲ့သည်။ ထို့နောက် (လကီးသ်ွထံသို့ လှည့်၍) မိန့်တော်မူခဲ့သည်မှာ - “ ကျွန်ုပ်တို့သည် ထိုဆိတ်မကို သင့်အတွက် သတ်ခဲ့သည်ဟု လုံးဝမထင်လေနှင့်။ အမှန်မှာ ကျွန်ုပ်ထံတွင် သိုးတစ်ရာရှိပြီး ကျွန်ုပ်တို့သည် (ထိုအရေအတွက်ကို) ထပ်တိုးရန် မလိုလားကြပါ။ ထို့ကြောင့် သိုးထိန်း၏ (သိုးမများသည် ) ‘အမ ’မွေးပါက ထိုအစား ဆိတ်မတစ်ကောင်ကို ကျွန်ုပ်တို့ ဇဗဟ်လုပ်လေ့ရှိသည်။" လကီးသ်ွက ပြောပြခဲ့သည်မှာ - ကျွန်ုပ်က "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးတွင် ဇနီးတစ်ဦးရှိပါသည်။ သူမ၏ နှုတ်လျှာတွင် တစ်စုံတစ်ရာ (အပြစ်အနာအဆာ) ရှိပါသည်။ (ဆိုလိုသည်မှာ ဆဲဆိုကြမ်းတမ်းသော စကားများ ပြောတတ်ပါသည်) ဟု လျှောက်ထားခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သို့ဆိုလျှင် သင်သည် သူမအား ကွာရှင်းပစ်လော့" ဟု မိန့်တော်မူခဲ့သည်။ ကျွန်ုပ်က "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးသည် သူမနှင့်အတူ ကာလကြာမြင့်စွာနေထိုင်ခဲ့ပါသည်၊ သူမနှင့်ရရှိထားသည့် ကျွန်တော်မျိုး၏သားသမီးများလည်း ရှိပါသည်" ဟု ပြောခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က " သို့ဆိုလျှင် သင်သည် သူမအား အမိန့်ပေးဆုံးမပါလေ၊ အကယ်၍ သူမတွင် ကောင်းမှုရှိပါက သူမသည် နာခံလိမ့်မည်ဖြစ်သည်။ ထို့ပြင် သင်သည် သင့်ကျွန်မကို ရိုက်နှက်သကဲ့သို့ သင့်ဇနီးကို ရိုက်နှက်ခြင်း မပြုလေနှင့်" ဟု မိန့်တော်မူခဲ့သည်။ ထို့နောက် ကျွန်ုပ်က "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးအား ဝူဿွူပြုလုပ်ခြင်းနှင့်ပတ်သတ်၍ ပြောပြတော်မူပါ"(သင်ကြားပေးတော်မူပါ) ဟု လျှောက်ထားခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "ဝုဿွူကို ကောင်းမွန်ကျနစွာ အပြည့်အဝပြုလုပ်ပါ၊ လက်ချောင်းများကြားကို ရေရောက်အောင် ဆေးကြောပါ၊ အိစ်သင်န်ရှားက် (နှာခေါင်းအတွင်းသို့ ရေထည့်၍ ရှိုက်သွင်းကာပြန်ထုတ်ရာ) ပြုလုပ်ရာတွင် အတိုင်းအထက်အလွန် ကောင်းစွာပြုလုပ်ပါ၊ သို့ရာတွင် အကယ်၍ သင်သည် စောင်မ်ဥပုသ်သီလ စောင့်ထိန်းထားသူဖြစ်ပါက အလွန်အကျွံမပြုလုပ်လေနှင့်။"

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [رواه أبو داود والترمذي والنسائي وابن ماجه] - [سنن أبي داود - 142]

ရှင်းလင်းချက်

လကီးသ်ွ ဗင်န် ဆွတ်ဗ်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ပြောပြခဲ့သည်မှာ - သူသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ မိမိအမျိုးသားများဖြစ်သည့် ဗနီမွန်သဖိက်မှ အခြားသူများနှင့်အတူ ကိုယ်စားလှယ်အဖွဲ့အဖြစ် လာရောက်ခဲ့သည်။ သူက ဆက်လက်ပြောကြားခဲ့သည် - ကျွန်ုပ်တို့သည် ကိုယ်တော်မြတ်အား ၎င်း၏အိမ်၌ မတွေ့ခဲ့ရပါ။ မုအ်မင်န်တို့၏မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) ကိုသာ တွေ့ရှိခဲ့ရသည်။ ထို့နောက် သခင်မက ဂျုံမှုန့်နှင့် အဆီဖြင့်ရော၍ချက်ရသည့် မုန့်တစ်မျိုးကို ချက်ခိုင်းခဲ့ပြီး၊ စွန်ပလွံသီးပါသည့် ပန်းကန်တစ်ချပ်ကို ကျွန်ုပ်တို့အားပေးခဲ့လေသည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကြွလာတော်မူပြီး မိန့်တော်မူသည် - သင့်တို့အတွက် စားစရာ တစ်ခုခု ပေးပြီးပြီလော။ ကျွန်ုပ်တို့က'ဟုတ်ကဲ့' ဟု ဖြေကြားခဲ့သည်။ လကီးသ်ွ (ရဿွိယလ္လာဟု အန်ဟု) က ဆက်လက်ပြောကြားခဲ့သည် - ကျွန်ုပ်တို့သည် တမန်တော်မြတ်နှင့်အတူ ထိုင်နေစဉ် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိ ဝစလ္လမ်) ၏ သိုးထိန်းသည် သိုးများကို ၎င်းတို့၏ ညအိပ်ရာနေရာသို့ မောင်းနှင်လျက် မြည်တွန်နေသည့် ဆိတ်ကလေးတစ်ကောင်ကို သယ်ဆောင်လျက် ရောက်ရှိလာခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ်) က မေးတော်မူသည် - မည်သည့်အရာကို မွေးဖွားခဲ့သနည်း။ သိုးထိန်းက'အမတစ်ကောင် မွေးဖွားခဲ့ပါသည်' ဟု ဖြေကြားခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည် -(ယခုမွေးဖွားလာသည့်) သူ့(သိုးမကလေး)နေရာ၌ အရွယ်ရောက်ပြီးသော ဆိတ်မတစ်ကောင်ကို ကျွန်ုပ်တို့အတွက် ဇ‌ဗဟ်ပြုလုပ်လိုက်ပါ။ ထို့နောက်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည် - ကျွန်ုပ်တို့သည် သင်တို့အတွက် တကူးတက ဇ‌ဗဟ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု လုံးဝမထင်လေနှင့်။ ကျွန်ုပ်တို့တွင် သိုးပေါင်း တစ်ရာ ရှိပြီး ထို့ထက် တိုးပွားစေလိုခြင်း မရှိပေ။ သို့ဖြစ်ရာ အသစ်မွေးဖွားလာသော သားပေါက်တစ်ကောင်စီအတွက် ၎င်း၏နေရာ၌ (အရှင်ရှိတယ့်သိုးတစ်‌ကောင်ကို) ဇဗဟ်လုပ်လေ့ရှိသည်။ လကီးသ်ွ(ရဿွိယလ္လာဟုအန်ဟု) က ဆက်လက်ပြောပြခဲ့သည် - ကျွန်ုပ်က အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုး၏ ဇနီးသည် နှုတ်လျှာရှည်သူဖြစ်ပြီး ဆိုးရွားသော စကားများကို ပြောဆိုတတ်ပါသည်။ ကျွန်တော်မျိုးသည် သူမနှင့်မည်သို့ပြုမူသင့်ပါသနည်း လျှောက်ထားခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) က သို့ဆိုလျှင် သင်သူမကို သွလားက်ပေးလိုက်ပါဟု မိန့်တော်မူသည်။ လကီးသ်ွ(ရဿွိယလ္လာဟုအန်ဟု) က ပြောပြခဲ့သည်မှာ - ကျွန်ုပ်က အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးသည် သူမနှင့်အတူ ကာလကြာမြင့်စွာနေထိုင်ခဲ့ပါသည်၊ သူမနှင့်ရရှိထားသည့် ကျွန်တော်မျိုး၏သားသမီးများလည်း ရှိပါသည်" ဟု လျှောက်ထားခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည် - သို့ဖြစ်လျှင် အသင် သူမအား ဆုံးမလော့။ အကယ်၍ သူမ၌ ကောင်းမှုရှိလျှင် သင်၏ ဆုံးမမှုကို လက်ခံလိမ့်မည်။ အကယ်၍ လက်မခံပါက သင်သည် သူမအား ထိခိုက်နာကျင်စေလောက်အောင် မဟုတ်သည့် (သင့်တင့်သော) ရိုက်နှက်မှုကို ပြုလုပ်‌လော့။ သို့ရာတွင် သင်၏ အစေခံကျေးကျွန်များကို ရိုက်နှက်သကဲ့သို့ သူမအား မရိုက်နှက်လေနှင့်။ ထို့နောက် လကီးသ်ွ (ရဿွိယလ္လာဟုအန်ဟု) က လျှောက်ထားခဲ့သည် - အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ဝူဿွူနှင့်ပတ်သတ်၍ ကျွန်တော်မျိုးအား အသိပေးတင်ပြတော်မူပါ။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည် - ဝူဿွူပြုလုပ်စဉ် ရေကို (ခန္ဓာကိုယ်၌ ရေရောက်ရှိရန်လိုအပ်သည့်) နေရာများသို့ ကောင်းစွာ ရောက်ရှိအောင်လုပ်ပါ၊ (ခန္ဓာကိုယ်၏) အင်္ဂါအစိတ်အပိုင်းတိုင်းအတွက် ၎င်း၏ အခွင့်အရေးကို အပြည့်အဝပေးပါ၊ ( တစ်နည်း အစိတ်အပိုင်းတိုင်းကို ကောင်းမွန်ကျနစွာ ဆေးကြောပါ) ဝူဿွူ၏ ဖရဿ်ွအချက်များနှင့် စွန်နသ်တော်များအနက် တစ်စုံတစ်ရာကိုမျှ မစွန့်လွှတ်ပါနှင့်၊ သင်၏ လက်များနှင့် ခြေများကို ဆေးကြောစဉ် သင်၏ လက်ချောင်းများနှင့် ခြေချောင်းများကြားကို ခြားထားပါ ( ရေရောက်အောင်ပြုလုပ်၍ ပွတ်တိုက်ဆေးကြောပါ) ဝူဿွူပြုလုပ်နေစဉ် သင်၏ နှာခေါင်းအတွင်းသို့ ရေကို ကောင်းစွာဆွဲယူသွင်းပြီး ထုတ်ပစ်ပါ၊ သို့ရာတွင် အကယ်၍ သင်သည် စောင်မ်ဥပုသ်သီလ‌စောင့်ထိန်းထားသူ ဖြစ်ပါက ရေသည် သင်၏ ဝမ်းဗိုက်အတွင်းသို့ မဝင်ရောက်စေရန် (ဤသို့ ပြုလုပ်ရာတွင်) သတိထားပါ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ ဧည့်ဝတ်ကျေပွန်ခြင်း၏ တရားဝင်မှု။
  2. ၂။ ဝူဿွူပြုရာတွင် အိစ်ဗားဂ် (ကောင်းမွန်ကျနပြည့်စုံစွာပြုလုပ်ခြင်း) အမျိုးအစား နှစ်မျိုးရှိသည်။
  3. (၁) ဝါဂျစ်ဗ် (ပြုလုပ်ရန်အရေးကြီးသော) အိစ်ဗားဂ် ဖြစ်ပြီး၊ ယင်းအချက်မပါလျင် ဝူဿွူပြည့်စုံမည်မဟုတ်ပေ။ ဆိုလိုသည်မှာ ဆေးကြောရမည့်နေရာအစိတ်အပိုင်းကို အစအဆုံးပြည့်စုံကျနစွာဆေးကြောခြင်းဖြစ်သည်။
  4. (၂) မွတ်စ်သဟဗ် အိစ်ဗားဂ်ဖြစ်ပြီး၊ ယင်းအချက်မပါလျင်လည်း ဝူဿွူပြည့်စုံသွားသည်။ ဆိုလိုသည်မှာ ဝူဿွူ၏အစိတ်အပိုင်းတိုင်းကို မဖြစ်မ‌နေဆေးကြောရမည့် အကြိမ်အရေအတွက်ဖြစ်သည့် တစ်ကြိမ်ထက်ပို၍ ဒုတိယနှင့် တတိယအကြိမ်ဆေးကြောခြင်းဖြစ်ပြီး၊ ဤသို့‌ ဆေးကြောခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။
  5. ၃။ လက်ချောင်းများနှင့် ခြေချောင်းများကြား သခ်လီလ် ပြုလုပ်ခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။
  6. သခ်လီလ်ဆိုသည်မှာ- လက်နှင့်ခြေချောင်းများကို ဆေးကြောရာတွင် လက်ချောင်း‌များနှင့် ခြေချောင်းများကြားသို့ ရေ‌ရောက်အောင် ပွတ်တိုက်ပေးခြင်းဖြစ်သည်။
  7. ၄။ အိမာမ်သွီဗီက မိန့်ဆိုခဲ့သည်မှာ- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဝူဿွူ၏ အချို့သော စွန္နသ်တော်များနှင့်ပတ်သက်၍သာ ဖြေကြားတော်မူခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် မေးသူသည် ဝူဿွူ၏ အခြေခံအကြောင်းအရာများကို သိရှိပြီးဖြစ်သောကြောင့်တည်း။
  8. ၅။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ကောင်းမွန်မြင့်မြတ်သောကိုယ်ကျင့်တရားဂုဏ်အရည်အချင်းများထဲမှ တစ်ခုမှာ- အခြားသူများ၏ စိတ်ခံစားချက်များကို အလေးထားခြင်းနှင့် ၎င်းတို့၏ စိတ်နေစိတ်ထားများကို ဂရုစိုက်ခြင်းဖြစ်သည်။
  9. ဟဒီးဆ်တော်၌ ဝူဿွူပြုလုပ်ရာတွင် (မဿ်ွမဿွဟ်) ပါးလုတ်ကျင်းခြင်းသည် ဖရဿ်ွတာဝန် ဖြစ်ကြောင်း အထောက်အထားပါရှိသည်။
  10. အိစ်သင်န်ရှာက် (နှာခေါင်းထဲသို့‌ ရေရှုသွင်းရာ) တွင် အတိုင်းအထက်အလွန်ပြုလုပ်ခြင်းသည် မွတ်စ်သဟဗ် ဖြစ်သော်လည်း၊ စောင်မ်ဥပုသ်စောင့်ထိန်းထားသူအတွက် ထိုသို့ပြုလုပ်ခြင်း မွတ်စ်သဟဗ်မဟုတ်ပေ။ အကြောင်းမှာ နှာခေါင်းထဲသို့‌ ရေရှုသွင်းရာတွင် အတိုင်းအထက်အလွန်ပြုလုပ်ခြင်းသည် ရေများ လည်ချောင်းထဲဝင်ကာ စောင်မ်ဥပုသ်ကို ပျက်စီးစေနိုင်သောကြောင့် ဖြစ်သည်။
  11. ဤဟဒီးဆ်သည် အစ္စလာမ်သာသနာကို လက်ခံလာသူတိုင်းအတွက် ဟိဂျရသ်ပြုလုပ်ရန် မလိုအပ်ကြောင်းအထောက်
  12. အထားဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဗနူမွန်သဖိက်နှင့် အခြားသောမျိုးနွယ်များသည် ဟိဂျ်ရသ် မပြုခဲ့ဘဲ သူတို့၏ ကိုယ်စား
  13. လှယ်အဖွဲ့များကိုသာ စေလွှတ်ခဲ့သောကြောင့်ဖြစ်သည်။ အလားတူပင်၊ လူတစ်ဦးသည် မိမိ၏ဒီန်သာသနာအား ပေါ်ပေါ်ထင်ထင်ထင်ကျင့်သုံးနိုင်သော နေရာတွင် ရှိနေပါက၊ ဟိဂျ်ရသ် ပြုရန် မလိုအပ်ပါ။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (34)
ထပ်၍