عَنْ جَابِرٍ رضي الله عنه قال: أَخْبَرَنِي عُمَرُ بْنُ الْخَطَّابِ:
أَنَّ رَجُلًا تَوَضَّأَ فَتَرَكَ مَوْضِعَ ظُفُرٍ عَلَى قَدَمِهِ فَأَبْصَرَهُ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فَقَالَ: «ارْجِعْ فَأَحْسِنْ وُضُوءَكَ» فَرَجَعَ، ثُمَّ صَلَّى.
[صحيح بشواهده] - [رواه مسلم] - [صحيح مسلم: 243]
المزيــد ...
ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန် ပြောပြသည်မှာ ကျွန်တော့်အား အုမရ်ဗင်န်ခသသွာဗ် (ရဿွိယလ္လာဟုအန်ဟု)ပြောပြသည်မှာ
လူတစ်ဦးသည် ဝုဿူပြုလုပ်ရာတွင် သူ၏ခြေထောက်ပေါ်ရှိ လက်သည်းခွံအရွယ်အစားရှိသော နေရာတစ်ခုသည် ရေမစိုဘဲကျန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ထိုအရာကို တွေ့မြင်သွားပြီးနောက် ကိုယ်တော်မြတ်က အမိန့်ရှိသည်မှာ “အသင်ပြန်သွားပြီး ဝုဿူကို ကောင်းမွန်စွာပြုလုပ်ပါ”။ ထို့နောက် ထိုလူသည် ပြန်လှည့်သွားပြီး ဝုဿူကို ကောင်းစွာပြုလုပ်ကာ ဆွလာသ်ဝတ်ပြုခဲ့သည်။
[ဤဟဒီးဆ်ကို ထောက်ခံထားသော အခြားဟဒီးဆ်တော်များကြောင့် ဤဟဒီးဆ်တော်သည် ဆွဟီးဟ် ဖြစ်သွားသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 243]
အုမရ် (ရဿွိယလ္လာဟုအန်ဟု)က ပြောပြသည်မှာ လူတစ်ဦး ဝုဿူလုပ်ပြီးနောက်သူ၏ခြေထောက်ပေါ်ရှိ လက်သည်းခွံအရွယ်အစားရှိသော နေရာတစ်ခုသည် ရေမဆိုဘဲကျန်ခဲ့သည်ကို တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)တွေ့မြင်သွားခဲ့သည်။ ထိုအခါ ကိုယ်တော်က ဝုဿူရေစိုရန်ကျန်ခဲ့သောနေရာကို ညွှန်ပြ၍အမိန့်ရှိသည်မှာ အသင်ပြန်သွားပြီး ဝုဿူကို ကောင်းမွန်စွာပြုလုပ်ပါ၊ ပြည့်စုံအောင်လုပ်ပါ ဝုဿူပြုရာတွင် စွတ်စိုရမည့် အစိတ်ပိုင်းတိုင်းကို စွတ်စိုအောင်ပြုလုပ်ပါ။ ထို့နောက် ထိုလူသည် ပြန်လှည့်သွားပြီး ဝုဿူကို ကောင်းမွန်ပြည့်စုံအောင်ပြုလုပ်ကာ ဆွလာသ်ဝတ်ပြုခဲ့သည်။