عَنْ أَبِي هُرَيْرَةَ رضي الله عنه عَنِ النَّبِيِّ صلى الله عليه وسلم قَالَ:
«لَا يَقْبَلُ اللهُ صَلَاةَ أَحَدِكُمْ إِذَا أَحْدَثَ حَتَّى يَتَوَضَّأَ».
[صحيح] - [متفق عليه] - [صحيح البخاري: 6954]
المزيــد ...
အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ဟဒတ်စ် (ဝူဿွူပျက်ခြင်း) ဖြစ်သွားလျှင် ဝူဿွူပြန်မလုပ်မချင်း အသင်တို့အနက် မည်သူ၏ဆွလာသ်ကိုမျှ အလ္လာဟ်အရှင်မြတ်က လက်ခံတော်မူမည် မဟုတ်ပေ။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 6954]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ရှင်းပြတော်မူသည်မှာ ‘သွဟာရသ်’ သန့်ရှင်းစင်ကြယ်မှုသည် ဆွလာသ်အထမြာက်ရန်အတွက် လိုအပ်သည့် စည်းကမ်းချက်များတွင် ပါဝင်သည်။ ထို့ကြောင့် ဆွလာသ်ဝတ်ပြုလိုသူသည် ကျင်ကြီး၊ ကျင်ငယ်သွားခြင်း၊ အိပ်စက်ခြင်း အစရှိသော ဝူဿွူပျက်စေသည့် ကိစ္စများပြုလုပ်ခဲ့ပါက ဝူဿွူပြုရန် တာဝန်ရှိသည်။