ဟဒီးဆ်တော်များစာရင်း

အကြင်သူသည် ငါကိုယ်တော်၏ ဤဝုဿူပြုနည်းအတိုင်း ဝုဿူပြုလုပ်ပြီး ဆွလာသ်နှစ်ရကအသ် ဆောက်တည်မည်။ ယင်းနှစ်ရကအသ်ထဲတွင် စိတ်ထဲမှစကားပြောခြင်း (ဟိုဒီတွေးခြင်း)မပြုလျှင် ထိုသူယခင်က ကျူးလွန်ခဲ့သောအပြစ်များ ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သည်။
عربي အင်္ဂလိပ် ပြင်သစ်
ဟဒတ်စ် (ဝူဿွူပျက်ခြင်း)ဖြစ်သွားလျှင် ဝူဿွူပြန်မလုပ်မချင်း အသင်တို့အနက် တစ်ဦးတစ်ယောက်၏ဆွလာသ်ကို အလ္လာဟ်အရှင်မြတ် လက်ခံတော်မူမည် မဟုတ်ပေ။
عربي အင်္ဂလိပ် ပြင်သစ်
အကြင်သူသည် ဝုဿွူရေသန့်စင်ခြင်းအား ကောင်းမွန် ပြည့်စုံအောင်ပြုလုပ်မည်ဆိုလျှင် သူ၏ခန္ဓာကိုယ်မှ အကုသိုလ်များ ကင်းစင်သွားမည်ဖြစ်သည်။
عربي အင်္ဂလိပ် ပြင်သစ်
သန့်ရှင်းစင်ကြယ်မှုသည် အီမာန်ယုံကြည်မှု၏ တစ်ဝက်ဖြစ်သည်။
عربي အင်္ဂလိပ် ပြင်သစ်
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်တိုင်းအတွက်(ဝုဿွူရှိလျက်နှင့်)ဝုဿွူ(ထပ်မံ)ပြုလုပ်တော်မူ၏။
عربي အင်္ဂလိပ် ပြင်သစ်
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဝုဿွူပြုလုပ်ရာ၌(အစိတ်အပိုင်းများကို) တစ်ကြိမ်စီ(ဆေးကြောတော်မူသည်)။
عربي အင်္ဂလိပ် ပြင်သစ်
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဝုဿွူပြုလုပ်ရာ၌ (အစိတ်အပိုင်းများကို)နှစ်ကြိမ်စီ (ဆေးကြောတော်မူခဲ့၏။)
عربي အင်္ဂလိပ် ပြင်သစ်
အကယ်၍ အသင်တို့အနက်မှတစ်ဦးတစ်ယောက်သည် မိမိ၏ဝမ်းဗိုက်ထဲ၌ တစ်စုံတစ်ရာခံစားရပြီး လေလည်လိုက်ခြင်းရှိ၊ မရှိသံသယဖြစ်ပါက အသံမကြားသ၍ သို့မဟုတ် အနံ့မရသ၍ ဗလီဝတ်ကျောင်းတော်မှ လုံးဝမထွက်သွားရပေ။
عربي အင်္ဂလိပ် ပြင်သစ်