عَنْ عَبْدِ اللهِ بْنِ عَمْرٍو رَضيَ اللهُ عنهما قَالَ:
رَجَعْنَا مَعَ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ مِنْ مَكَّةَ إِلَى الْمَدِينَةِ حَتَّى إِذَا كُنَّا بِمَاءٍ بِالطَّرِيقِ تَعَجَّلَ قَوْمٌ عِنْدَ الْعَصْرِ، فَتَوَضَّؤُوا وَهُمْ عِجَالٌ، فَانْتَهَيْنَا إِلَيْهِمْ وَأَعْقَابُهُمْ تَلُوحُ لَمْ يَمَسَّهَا الْمَاءُ فَقَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «وَيْلٌ لِلْأَعْقَابِ مِنَ النَّارِ أَسْبِغُوا الْوُضُوءَ».
[صحيح] - [متفق عليه] - [صحيح مسلم: 241]
المزيــد ...
အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ပြောပြခဲ့သည်။
ကျွန်ုပ်တို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူ မက္ကာမြို့မှ မဒီနာမြို့သို့ ပြန်လာခဲ့ကြသည်။ ခရီးလမ်းတွင် ရေရှိသည့် နေရာတစ်ခုသို့ ရောက်ရှိခဲ့ကြရာ အချို့လူများသည် အဆွရ်အချိန်၌ (ဝတ်ပြုရန်)အလျင်အမြန်ပြုလုပ်ခဲ့ကြသည်။ သို့ဖြစ်ရာ ၎င်းတို့သည် အလျင်စလို ဝူဿွူပြုလုပ်ခဲ့ကြသည်။ ကျွန်ုပ်တို့ ရောက်ရှိချိန်တွင် ၎င်းတို့၏ ခြေဖနောင့်များသည် ခြောက်သွေ့နေသည်ကို တွေ့ရသည်။ ရေသည် ၎င်းတို့၏ ဖနောင့်များကို မထိခဲ့ပေ။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်- " ( ရေမစိုသည့်) ခြေဖနောင့်များ အတွက် ငရဲမီး၏ပြစ်ဒဏ်ရှိမည်။ သင်တို့သည် ဝူဿွူကို ကောင်းစွာ ပြုလုပ်ကြလော့။"
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 241]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မက္ကာမြို့မှ မဒီနာမြို့သို့ ခရီးထွက်တော်မူခဲ့သည်။ ကိုယ်တော်နှင့်အတူ ဆွဟာဗဟ်များလည်း လိုက်ပါခဲ့ကြသည်။ ခရီးလမ်းတွင် ရေကိုတွေ့ ရှိခဲ့ကြရာ အချို့ဆွဟာဗဟ်များသည် အဆွရ်ဆွလာသ်ဝတ်ပြုရန်အတွင် အလျင်စလို ဝူဿွူပြုလုပ်ခဲ့ကြရာ ၎င်းတို့၏ ခြေဖနောင့်များသည် ရေလုံးဝမထိဘဲ ခြောက်သွေ့နေသည်ကို တွေ့မြင်ခဲ့ရသည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်- ဝူဿွူပြုလုပ်သည့်အခါ ခြေဖနောင့်များကို ဆေးကြောရာတွင် လျော့တိလျော့ရဲပြုလုပ်သူများအတွက် ဂျဟန္နမ်ငရဲမီး၌ ပြစ်ဒဏ်နှင့် ပျက်စီးခြင်း ရှိသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ၎င်းတို့အား ဝူဿွူကို အပြည့်အစုံပြုလုပ်ရန် ညွှန်ကြားတော်မူခဲ့သည်။