عَنْ عَبْدِ اللهِ بْنِ عَمْرٍو رَضيَ اللهُ عنهما قَالَ:
رَجَعْنَا مَعَ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ مِنْ مَكَّةَ إِلَى الْمَدِينَةِ حَتَّى إِذَا كُنَّا بِمَاءٍ بِالطَّرِيقِ تَعَجَّلَ قَوْمٌ عِنْدَ الْعَصْرِ، فَتَوَضَّؤُوا وَهُمْ عِجَالٌ، فَانْتَهَيْنَا إِلَيْهِمْ وَأَعْقَابُهُمْ تَلُوحُ لَمْ يَمَسَّهَا الْمَاءُ فَقَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «وَيْلٌ لِلْأَعْقَابِ مِنَ النَّارِ أَسْبِغُوا الْوُضُوءَ».

ဤဘာသာပြန်ဆိုချက်ကို နောက်ထပ်သုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ပြောပြခဲ့သည်။
ကျွန်ုပ်တို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူ မက္ကာမြို့မှ မဒီနာမြို့သို့ ပြန်လာခဲ့ကြသည်။ ခရီးလမ်းတွင် ရေရှိသည့် နေရာတစ်ခုသို့ ရောက်ရှိခဲ့ကြရာ အချို့လူများသည် အဆွရ်အချိန်၌ (ဝတ်ပြုရန်)အလျင်အမြန်ပြုလုပ်ခဲ့ကြသည်။ သို့ဖြစ်ရာ ၎င်းတို့သည် အလျင်စလို ဝူဿွူပြုလုပ်ခဲ့ကြသည်။ ကျွန်ုပ်တို့ ရောက်ရှိချိန်တွင် ၎င်းတို့၏ ခြေဖနောင့်များသည် ခြောက်သွေ့နေသည်ကို တွေ့ရသည်။ ရေသည် ၎င်းတို့၏ ဖနောင့်များကို မထိခဲ့ပေ။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်- " ( ရေမစိုသည့်) ခြေဖနောင့်များ အတွက် ငရဲမီး၏ပြစ်ဒဏ်ရှိမည်။ သင်တို့သည် ဝူဿွူကို ကောင်းစွာ ပြုလုပ်ကြလော့။"

صحيح متفق عليه صحيح مسلم - 241

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မက္ကာမြို့မှ မဒီနာမြို့သို့ ခရီးထွက်တော်မူခဲ့သည်။ ကိုယ်တော်နှင့်အတူ ဆွဟာဗဟ်များလည်း လိုက်ပါခဲ့ကြသည်။ ခရီးလမ်းတွင် ရေကိုတွေ့ ရှိခဲ့ကြရာ အချို့ဆွဟာဗဟ်များသည် အဆွရ်ဆွလာသ်ဝတ်ပြုရန်အတွင် အလျင်စလို ဝူဿွူပြုလုပ်ခဲ့ကြရာ ၎င်းတို့၏ ခြေဖနောင့်များသည် ရေလုံးဝမထိဘဲ ခြောက်သွေ့နေသည်ကို တွေ့မြင်ခဲ့ရသည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်- ဝူဿွူပြုလုပ်သည့်အခါ ခြေဖနောင့်များကို ဆေးကြောရာတွင် လျော့တိလျော့ရဲပြုလုပ်သူများအတွက် ဂျဟန္နမ်ငရဲမီး၌ ပြစ်ဒဏ်နှင့် ပျက်စီးခြင်း ရှိသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ၎င်းတို့အား ဝူဿွူကို အပြည့်အစုံပြုလုပ်ရန် ညွှန်ကြားတော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဝူဿွူပြုလုပ်စဉ် ခြေထောက်နှစ်ဖက်ကို ဆေးကြောရန် ဝါဂျိဗ်ဖြစ်သည်။ အကယ်၍ ခြေထောက်ကို မစဟ်ပြုပွတ်သပ်ရုံဖြင့် ပိုင်သွားပါက (လုံလောက်ပါက) ဖနောင့်ကို မဆေးကြောသူအား ငရဲမီး၏ပြစ်ဒဏ်ဖြင့် ခြိမ်းခြောက်သတိပေးရန်လိုမည် မဟုတ်ပေ။
  2. ဆေးကြောရမည့် အစိတ်အပိုင်းအားလုံးကို အပြည့်အစုံ ဆေးကြောရန် လိုအပ်ခြင်း။ မည်သူမဆို တမင်ရည်ရွယ်လျက်ဖြစ်စေ၊ ပျင်းရိခြင်းကြောင့်ဖြစ်စေ ဝူဿွူတွင် ဆေးကြောရမည့် အစိတ်အပိုင်းမှ အနည်းငယ်မျှကို ချန်လှပ်ထားပါက ၎င်း၏ဆွလာသ်ဝတ်ပြုမှုသည် ပိုင်မည်မဟုတ်ပေ။
  3. အသိပညာမရှိသူကို သင်ကြားပြသရန်၊ လမ်းညွှန်မှုပေးအရေးကြီးခြင်း။
  4. ပညာရှင်သည် (လူတို့တွင်) ဝါဂျိဗ်အချက်များနှင့် စွန္နသ်တော်များ ပျက်ကွက်သည်ကို တွေ့မြင်ပါက သင့်တော်သော နည်းလမ်းဖြင့် ကန့်ကွက်ဆုံးမရန် တာဝန်ရှိခြင်း။
  5. မုဟမ္မဒ် အစ္စဟာက် အဒ်ဒဟ်လဝီက ဤသို့ ဆိုသည် - အိစ်ဗာဂ် သုံးမျိုးရှိသည် - ၁။ဖရဿ်ွ - ဆေးကြောရမည့်နေရာကို တစ်ကြိမ် အပြည့်အစုံဆေးကြောခြင်း။ ၂။စွန္နဟ်- သုံးကြိမ် ဆေးကြောခြင်း။ ၃.မုစ်သဟဗ် - သုံးကြိမ်ဆေးကြောခြင်းနှင့် ဆေးကြောရမည့်အစိတ်အပိုင်းထက် ပို၍ဆေး ကြောခြင်း။ ( ဥပမာ လက်ကိုတံတောင် ဆစ်ကို ကျော်လွန်၍ ဆေးကြောခြင်း။)

ဘာသာပြန်များကို ကြည့်ရှုရန်

52 ဘာသာစကား
EN English الإنجليزية
UR اردو الأوردية
ID Indonesia الإندونيسية
BN বাংলা البنغالية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
TA தமிழ் التاميلية
TH ไทย التايلندية
DE Deutsch الألمانية
PS پښتو بشتو
AS অসমীয়া الأسامية
SQ Shqip الألبانية
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча القيرقيزية
NE नेपाली النيبالية
YO Yorùbá اليوروبا
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda الكينياروندا
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy المالاجاشية
OM Oromoo الأورومو
KN ಕನ್ನಡ الكانادا
WO Wolof الولوف
AZ Azərbaycan الأذربيجانية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية