عَنْ أَبِي هُرَيْرَةَ رَضيَ اللهُ عنهُ أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«إِذَا تَوَضَّأَ الْعَبْدُ الْمُسْلِمُ -أَوِ الْمُؤْمِنُ- فَغَسَلَ وَجْهَهُ خَرَجَ مِنْ وَجْهِهِ كُلُّ خَطِيئَةٍ نَظَرَ إِلَيْهَا بِعَيْنَيْهِ مَعَ الْمَاءِ -أَوْ مَعَ آخِرِ قَطْرِ الْمَاءِ-، فَإِذَا غَسَلَ يَدَيْهِ خَرَجَ مِنْ يَدَيْهِ كُلُّ خَطِيئَةٍ كَانَ بَطَشَتْهَا يَدَاهُ مَعَ الْمَاءِ -أَوْ مَعَ آخِرِ قَطْرِ الْمَاءِ-، فَإِذَا غَسَلَ رِجْلَيْهِ خَرَجَتْ كُلُّ خَطِيئَةٍ مَشَتْهَا رِجْلَاهُ مَعَ الْمَاءِ -أَوْ مَعَ آخِرِ قَطْرِ الْمَاءِ- حَتَّى يَخْرُجَ نَقِيًّا مِنَ الذُّنُوبِ».

[صحيح] - [رواه مسلم] - [صحيح مسلم: 244]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
မွတ်စ်လင်မ် (သို့မဟုတ်) မုအ်မင်န် ကျေးကျွန်တစ်ဦးသည် ဝုဿွူပြုသည့်အခါ ၎င်း၏မျက်နှာကိုဆေးကြောလိုက်ပါက သူ၏မျက်လုံးနှင့်ကြည့်၍ ကျူးလွန်ခဲ့သည့် အပြစ်တိုင်းသည် ရေနှင့်အတူ (သို့မဟုတ်) နောက်ဆုံးရေစက်နှင့်အတူ မျက်နှာမှကျဆင်းသွားမည်။ ၎င်းသည်မိမိလက်နှစ်ဖက်ကို ဆေးကြောသည့်အခါ လက်ဖြင့်ကျူးလွန်ခဲ့သည့် အပြစ်တိုင်းသည် ရေနှင့်အတူ (သို့မဟုတ်) နောက်ဆုံးရေစက်နှင့်အတူ လက်မှကျဆင်းသွားမည်။ ၎င်းသည်မိမိခြေနှစ်ဖက်ကို ဆေးကြောသည့်အခါ ခြေဖြင့်လျှောက်လှမ်း၍ ကျူးလွန်ခဲ့သည့် အပြစ်တိုင်းသည် ရေနှင့်အတူ (သို့မဟုတ်) နောက်ဆုံးရေစက်နှင့်အတူ ခြေထောက်မှကျဆင်းသွားမည်။ နောက်ဆုံး အပြစ်များမှကင်းစင်၍ ထွက်လာမည်ဖြစ်သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 244]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ရှင်းလင်းမိန့်ကြားတော်မူသည်မှာ- မွတ်စ်လင်မ် သို့မဟုတ် မုအ်မင်န်သည် ဝုဇူပြုသောအခါ မိမိမျက်နှာကို ဆေးကြောရာ၌ မျက်စိဖြင့်ကြည့်မိသော အသေးစားအပြစ်များအားလုံးသည် ရေနှင့်အတူ သို့မဟုတ် နောက်ဆုံးရေစက်နှင့်အတူ မျက်နှာမှထွက်သွား၏။ ထို့နောက် မိမိလက်နှစ်ဖက်ကို ဆေးကြောသောအခါ လက်နှစ်ဖက်ဖြင့် ကျူးလွန်ခဲ့သော အသေးစားအပြစ်များအားလုံးသည် ရေနှင့်အတူ သို့မဟုတ် နောက်ဆုံးရေစက်နှင့်အတူ လက်မှထွက်သွား၏။ ထို့နောက် မိမိခြေနှစ်ဖက်ကို ဆေးကြောသောအခါ ခြေနှစ်ဖက်ဖြင့် လျှောက်လှမ်းခဲ့သော အသေးစားအပြစ်များအားလုံးသည် ရေနှင့်အတူ သို့မဟုတ် နောက်ဆုံးရေစက်နှင့်အတူ ခြေမှထွက်သွား၏။ သို့ဖြင့် ဝုဇူပြီးဆုံးချိန်တွင် အပြစ်ငယ်များမှ စင်ကြယ်သွားလေသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဝုဇူကို စွဲစွဲမြဲမြဲပြုလုပ်ခြင်း၏ အကျိုးကျေးဇူး။ ၎င်းသည် အသေးစားအပြစ်များကို ပယ်ဖျက်‌ပေးသည်။
  2. တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ စွန္နသ်နည်းလမ်းမှာ လူတို့အား ကောင်းမှုများ၊ အိဗာဒသ်ဝတ်ပြုကိုးကွယ်မှုများဆီသို့ ဆုလာဘ်နှင့် အကျိုးစဝါးဗ်များကို ဖော်ပြကာ စေ့ဆော်တိုက်တွန်းတော်မူခြင်းပင် ဖြစ်သည်။
  3. လူသား၏ ကိုယ်အင်္ဂါအစိတ်အပိုင်းတိုင်းသည် အပြစ်အချို့ကို ကျူးလွန်တတ်ကြသည်။ ထို့ကြောင့် အပြစ်များသည် ထိုအပြစ်ကို ကျူးလွန်ခဲ့သော ကိုယ်အင်္ဂါအစိတ်အပိုင်းတိုင်းတွင် တွယ်ကပ်နေတတ်သည်။ လူတစ်ဦးသည် ထိုအပြစ်မှ သောင်ဗဟ်အမှားဝန်ချတောင်းပန်သောအခါ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုစီမှ ၎င်းနှင့်ဆက်စပ်သော အပြစ်များမှာ ထွက်ခွာသွားလေသည်။
  4. ဝုဇူတွင် ရုပ်ပိုင်းဆိုင်ရာ သန့်စင်ခြင်း ပါဝင်သည်။ ဤသည် အသင် ဝုဇူတွင် ဆေးကြေားရမည့်ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ဆေးကြောသောအခါတွင် ရရှိခြင်းဖြစ်သည်။ ထို့ပြင် စိတ်ပိုင်းဆိုင်ရာ သန့်စင်ခြင်းလည်း ပါဝင်လေသည်။ ဤသည် ထိုကိုယ်အင်္ဂါအစိတ်အပိုင်းများမှ ကျူးလွန်ခဲ့သောအပြစ်များမှ ကင်းစင်ခြင်းပင်ဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (42)
ထပ်၍